ငပုတောမြို့မှ ကိုဗစ်ပိုးတွေ့လူနာ ၁၁ ဦးတွင် ကာကွယ်ဆေး ၂ကြိမ်ထိုးနှံပြီးသူ ၆ဦးပါဝင်

 1097

TK (NP News) - ဇွန် ၁၆
ငပုတောမြို့နယ်တွင် ဇွန်လ ၁၆ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၁၁ဦးအထိတိုးမြင့်လာပြီး ၆ဦးသည် ကိုဗစ်ကာ ကွယ်ဆေး ၂ကြိမ်ထိုးနှံထားပြီးသူများဖြစ်ကြောင်း ငပုတောမြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ငပုတောမြို့မရဲစခန်းအတွင်း အချုပ်သားများကို ဇွန်လ ၁၅ရက်နေ့က ပုံမှန်ရောဂါစစ်ဆေးမှု လုပ်ဆောင်ရာ အချုပ် သားတစ်ဦး၌ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းနှင့်ထိစပ်သူရဲဝန်ထမ်း၂ဦးတွင်လည်း ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ ယနေ့ (ဇွန်လ ၁၆ ရက်)တွင် အဆိုပါရဲဝန်ထမ်း၂ဦးနှင့်ထိတွေ့မိသူ ၇၂ဦးကို ထပ်မံစစ်ဆေးခဲ့ရာ ရဲဝန်ထမ်း ၄ဦးတွင် ရောဂါကူးစက်ခံထားရကြောင်းသိရသည်။

“ရောဂါပိုးကူးစက်ခံရသူ ရဲဝန်ထမ်း ၆ဦးက ကိုဗစ်ကာကွယ်ဆေး ၂ကြိမ်ထိုးနှံပြီးဖြစ်ပါတယ်။ သူတို့ကို လက်ရှိမှာငပုတောပြည်သူ့ဆေးရုံ ကိုဗစ်ကုသဆောင်မှာ ဆေးကုသမှုပေးနေတယ်”ဟု ငပုတောမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် ရောဂါပိုးတွေ့ရှိသူများနှင့် ထိစပ်မိသူများကို ယနေ့တွင် ရောဂါပိုးရှိမရှိ ဆက်လက်စစ်ဆေးခဲ့ရာ ၄ဦးတွင် ရောဂါပိုးကူးစက်ခံထားရကြောင်း ထပ်မံသိရှိရပြီး ၎င်းတို့သည် ကာကွယ်ဆေးထိုးနှံထားခြင်းရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ငပုတောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ငပုတောမြို့နယ်အတွင်း ကိုဗစ်ကူးစက်လူနာများလာသည့်အတွက် ကိုဗစ်ဆေးကုသဆောင်နှင့် Quaratine စင်တာများ ထပ်မံတိုးမြှင့်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.