ဖမ်းဆီးထိန်းသိမ်းခံရသည့် အမေရိကန်နိုင်ငံသားသတင်းထောက်နှင့် အမေရိကန်အစိုးရ တွေ့ဆုံခွင့်မရသေး
436
ဂျန်ဇက် (NP News) - ဇွန် ၁၈
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အမေရိကန်နိုင်ငံသားသတင်းထောက်ဒန်ဖန်စတာကိုအမေရိကန်အစိုးရတာဝန်ရှိသူများတွေ့ဆုံခွင့်မရသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ နက်ပရိုက်စ်ကပြောသည်။
၎င်းက " မြန်မာနိုင်ငံရှိအမေရိကန်ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတွေဟာ ဒန်နီဖန်စတာကိုတွေ့ဖို့သွားရောက်ခဲ့တယ်။ ဒါပေမယ့်လုံခြုံရေးတပ်ဖွဲ့တွေဟာ တွေ့ဆုံမေးမြန်းခွင့်ပေးတာမျိုးမရှိသေးဘူး။ ဒန်နီဖန်စတာကိုတွေ့ဆုံနိုင်ဖို့ကြိုးပမ်းလို့မရဘဲဖြစ်ခဲ့ရတယ် "ဟု ပြောသည်။
အသက် ၃၇နှစ်အရွယ်ရှိ ဒန်နီဖန်စတာသည် မြန်မာနိုင်ငံရှိ Frontier Myanmar သတင်းဌာန၏ မန်နေဂျင်းအယ်ဒီ တာတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံကိုပြန်ခါနီး မေလ ၂၄ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်း ဆီးထိန်းသိမ်းခံခဲ့ရသည်။ ဖန်စတာသည် ရာဇဝတ်မှုဆိုင်ရာဥပဒေဖြင့် စွဲချက်တင်ခံရပြီးအင်းစိန်ထောင်အထူးတ ရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
စစ်ကောင်စီက ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲကို ပြန်လည်ကျင်းပရန်စီစဉ်နေသည်။ အာဏသိမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် သတင်းထောက်များ၊တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများထဲမှ ဂျပန်သတင်းထောက်တစ်ဦးကိုပြန်လွှတ်ပေးထားသည်။
#NPNews