CDM များကိုနည်းမျိုးစုံဖြင့် ဒုက္ခပေးနေသူများကို ထိုက်သင့်သည့်ပြစ်ဒဏ်ပေးမည်ဟု NUG ထုတ်ပြန်

 700

photo: Save CDM Myanmar

ရဲပြည့် (NP News) - ဇွန် ၁၈
NUG ၏ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် CDM များကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် စစ်ကောင်စီဘက်တော် သားများအား ပြည်သူ့ဆန္ဒအလျောက်တရားဥပဒေနှင့်အညီထိုက်သင့်သော ပြစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဆေးပညာသင်ကြားနေသည့် ကျောင်းသူ၊ကျောင်းသားများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ နှင့် ကျန်းမာရေးစေ တနာ့ဝန်ထမ်းများအား စစ်ကောင်စီမှ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများနှင့်စပ်လျဉ်း၍ ယခုကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် ပြည်သူ့ဝန်ထမ်းကောင်းများနှင့် မိသားစုဝင်များအား ခြိမ်းခြောက်ခြင်း၊ မတရားပုဒ်မများတပ်ကာ ရိုက်နှက်ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်မှုများလုပ်ဆောင်လျက်ရှိသည့်အပေါ် ကျန်းမာရေးဝန်ကြီးဌာနမှ ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#NPNews

Related news

© 2021. All rights reserved.