ငွေထုတ်ရခက်ခြင်း၊ ဈေးနှုန်းကျဆင်းလာခြင်းနှင့်အတူ ရွှေအရောင်းအဝယ်ပြန်အေး

 1273

ဖူးပြည့် (NP News) - ဇွန် ၁၉
ဘဏ်များမှ ငွေထုတ်ယူရမှခက်ခဲခြင်း၊ ဈေးနှုန်းကျဆင်းလာခြင်းတို့ကြောင့် ရွှေအရောင်းအဝယ်ပြန်အေးလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇွန်လ ၁၉ ရက်တွင်ပြောသည်။

ရွှေဈေးနှုန်းမြင့်တက်နေချိန်အတွင်း စက်မှုကုန်ကြမ်းပြတ်လပ်မည်ကို စိုးရိမ်သည့်အတွက် ရွှေဆိုင်များကိုသာရွှေရောင်းချပေးခဲ့ပြီး တစ်ပိုင်တစ်နိုင်များကို ရောင်းချပေးမှုရပ်ဆိုင်းခဲ့သည်။ လက်ရှိအချိန်တွင် ဈေးနှုန်းပြန်လည်ကျဆင်းပြီးအရောင်းအဝယ်အေးလာသည့်အတွက် တစ်ပိုင်တစ်နိုင်ဝယ်ယူသူများကိုပါ ပြန်လည်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

“အရင်လောက်တော့ အော်ဒါအများကြီးမရှိဘူး။ ဈေးကလည်းကျသွားတော့အဝယ်ကနည်းသွားတယ်။ ငွေလည်းထုတ်ရတာ ခက်ခဲတာတွေကြောင့်လည်းပါတယ်” ဟု ဥက္ကဋ္ဌက ပြောသည်။

လက်ရှိတွင် တစ်ရက်လျှင် သုံးပိဿ မှ ငါးပိဿအထိ ရောင်းချနေရကြောင်း သိရသည်။ ဇွန်လ ၁၉ ရက် ညနေပိုင်း အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁၅၄၃ဝဝဝ ကျပ်ရှိပြီး ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၁၇၆၃ ဒေါ်လာရှိကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.