ထိုင်းနိုင်ငံ ဆေးရုံမှာ ကိုဗစ်လူနာတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

 479

ရောင်နီ ( NP News )

ထိုင်းနိုင်ငံမှာ ကြာသပတေးနေ့ မနက်အစောပိုင်းက Pathum Thani ခရိုင်ရှိ Covid-19 ကုသမှု ဆေးရုံမှာ လူနာတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ သေနတ်သမားကို ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။

သံသယရှိထားသူ Thanyaburi ခရိုင်မှ အသက် ၂၃ နှစ်အရွယ် Kawin Saengnilkul ဟာ Isuzu အဖြူရောင်ပစ်ကပ် ကားတစ်စီးနဲ့ တောင်ဘက်ကို ထွက်ပြေးသွားတယ်လို့ ယူဆထားပါတယ်။ ၎င်းဟာ Lop Buri ပြည်နယ်ရှိအထူးစစ်ဆင်ရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပေမယ့် ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလမှာ ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ၎င်းဟာ လက်နက်ကိုင်ဖို့ စိတ်အားထက်သန်မှုကြောင့် ပုဂ္ဂလိက( Private ) အဖြစ် အထူးစစ်ဆင်ရေးမှာ လုပ်ကိုင်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Pathum Thani ရဲများက ဆေးရုံမှာ လူသတ်မှု မဖြစ်ခင်၂ နာရီခန့် အလိုက ဘန်ကောက် Phahon Yothin ဧရိယာရှိ စတိုးဆိုင်တစ်ခုမှာ ဝန်ထမ်းတစ် ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ တရားခံဟာလည်း Kawin ဖြစ်မယ်လို့ ယူဆထားကြပါတယ်။ ၎င်းဟာ စိတ်ရောဂါရှိသူ ဖြစ်မယ်လို့ သံသယရှိထားပြီး ယခု တောင်ပိုင်းဒေသရှိ ဆွေမျိုးတစ် ဦးကို တွေ့ဖို့အတွက် Isuzu ပစ်ကပ်ထရပ်ကားတစ်စီးနဲ့သွားနေတယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

သေနတ်နဲ့ ပစ်ခတ်လူသတ်မှုဟာ Thanyaburi ခရိုင်၊ Phahon Yothin လမ်းရှိ ကိုဗစ်လူနာ ကုသရေးဆေးရုံ Princess Mother National Institute မှာ ဖြစ်ပွားခဲ့တာပါ။ မီဒီယာများရဲ့ သတင်းပေးပို့ချက်အရ သေနတ်သမားဟာ ဆေးရုံမှ ဝန်ထမ်းတစ်ဦးကဲ့သို့ ဆေးရုံထဲဝင်ရောက်ခဲ့ပြီးနောက် မနက် ၃ နာရီခွဲ အချိန်မှာ အသက် ၅၀ ခန့်ရှိတဲ့ ကိုဗစ်လူနာတစ်ဦး အိမ်သာက အထွက်မှာ သေနတ်ပစ်ခံရကာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် သေနတ်သမားဟာ ပစ်ကပ်ကားပေါ်ပြေးတက်ကာ မထွက်ခွာမီ နောက်ထပ် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ထိခိုက်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။ ထိုင်းရဲတပ်ဖွဲ့များကတော့ ယင်းအမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.