၂ဝ၂၅ ခုနှစ်အရောက် ကာဗွန်တန်ချိန်(၁)ဘီလီယံကိုဖယ်ရှားရမည်ဖြစ်သော်လည်း သတ်မှတ်နှစ်အရောက် တန်ချိန် သန်း ၁၅ဝသာ ရှင်းလင်းနိုင်မည်ဟုဆို
724
Htay Oung (NP News) - ဇွန် ၃ဝ
ကမ္ဘာကြီးပူနွေးလာသည့် ကပ်ဆိုးဆိုက်ရောက်နေခြင်းအားရှောင်လွှဲရန်အတွက် ၂ဝ၂၅ ခုနှစ်အရောက်၌ ကမ္ဘာ့လေ ထုအတွင်းမှ ကာဗွန်တန်ချိန် (၁)ဘီလီယံကို ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများက ထုတ်နှုတ်ပစ်ရန်လိုအပ်သည်ကို အ ပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်အရ ရည်မှန်းထားခဲ့ရာ ၎င်းပမာဏ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ ဖယ်ရှားနိုင်လိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာတစ်စောင်ကဖော်ပြသည်ဟု Reuters က ယနေ့ (ဇွန်လ ၃ဝရက်) တွင်ရေးသားခဲ့သည်။
ကမ္ဘာကြီး၏ ပူနွေးမှုအပြောင်းအလဲသည် အပူချိန် ၁.၅ ဒီဂရီ ဆဲလ်စီယပ်စ်ထက်မပိုရေး နိုင်ငံပေါင်း ၁၉ဝကျော်တို့က ပါရီသဘောတူညီဖြင့် ရည်မှန်းခဲ့ကြသော်လည်း ဖန်လုံအိမ်အာနိသင်ဖြစ်စေသောဓါတ်ငွေ့ထု၏ကြီးမားသည့် ပမာဏကို လျှော့ချရန် ဖယ်ရှားရေးနည်းပညာများလိုအပ်ကြောင်း သိပ္ပံပညာရှင်များက ယုံကြည်သည်။ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် (၁)ဘီလီယံကို ဆက်လက်ဖယ်ထုတ်ရန်လိုအပ်ပြီး လက်ရှိဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆက် နွယ်ဆောင်ရွက်မှု စီမံကိန်းများသည် ၂ဝ၂၅ ခုနှစ်တွင် CO2 တန်ချိန် သန်း ၁၅ဝခန့်သာ ဖယ်ရှားနိုင်မည်ဖြစ်၍ လို အပ်သည့် ပမာဏနှင့် ကိုက်ညီခြင်း မရှိသေးကြောင်းသိရသည်။
လက်ရှိ ဖယ်ရှားရေးနည်းပညာများသည် ဈေးနှုန်းကြီးမြင့်လျှက်ရှိပြီး ကမ္ဘာတဝှမ်းရှိနိုင်ငံများစွာတွင် CO2 ထုတ်လွှတ်မှုအတွက် ဈေးနှုန်းသတ်မှတ်ရန် အစပျိုးမှုများရှိသော်လည်း စီမံကိန်းအသစ်များအား မက်လုံးပေးရန် ဈေး နှုန်းများသည် အလွန်အမင်းနိမ့်ကျလျှက်ရှိကြောင်း၊ နည်းပညာကို အဆင့်မြှင့်ချဲ့ထွင်ခဲ့လျှင် ၂ဝ၅ဝပြည့်နှစ်အရောက်၌ ကာဗွန်ဒိုင်အောက်ဆိုက် (၁)တန် ဖယ်ရှားရန်အတွက် ပျမ်းမျှ ၄၁ဒေါ်လာ မှ ၁၃၈ ဒေါ်လာအထိ ကုန် ကျစရိတ် လျော့နည်းသွားနိုင်ကြောင်း မက်ကင်းဆေး အကြံပေးလုပ်ငန်းနှင့် အနှုတ်သဘောဆောင်သည့် ဓါတ်ငွေ့များထုတ်လွှတ်ခြင်းဆိုင်ရာပူးပေါင်းအဖွဲ့ CNE ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
CNE ၏ အမှုဆောင်အရာရှိ ဝီလ်ဂါဒီနာက ပြောဆိုရာတွင် နိုင်ငံများအနေဖြင့် ကာဗွန် (၁)တန် ဖယ်ရှားတိုင်းပေးဆောင်ရမည့် အခွန်ကို လွတ်ငြိမ်းခွင့်ပြုခြင်းဖြင့် နည်းပညာပိုင်းကို ကူညီနိုင်ကြောင်း ထောက်ပြသည်။ CNE တွင် Bank of America နှင့် British Industry of Confederation (CBI) တို့အပြင် ရင်းနှီးမြှုပ်နှံသူနှင့် ကုန်သွယ်ရေးအသင်းအဖွဲ့ပေါင်း ၂ဝ ကျော်ပါဝင်သည်။
ကမ္ဘာကြီးပူနွေးလာမှုကို အဆုံးသတ်ရန် ချမ်းသာသည့်အင်အားကြီးနိုင်ငံများအပါဝင် နိုင်ငံတကာတွင် တစ်ပြေးညီ ပူပေါင်းနိုင်ခြင်းမရှိသေးဘဲ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂကွန်ဖရင့် (UNFCCC) တိုကျိုပရိုတိုကော သည် နိုင်ငံ၏ စီးပွားရေးရည်မှန်းချက်များကို ထိခိုက်သည်ဟုဆိုကာ အမေရိကန်က လက်မှတ်ထိုးထားခြင်းမရှိပေ။ ထူးဆန်းစွာ တိုက်ဆိုင်သည်မှာ ဖန်လုံအိမ်ဓါတ်ငွေ့အများဆုံးထုတ်လွှတ်သော အမေရိကန်၊ တရုတ်၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများသည် ယခု ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးနိုင်ငံများ ဖြစ်နေသည်။
လက်ရှိ ကမ္ဘာကြီးတွင် လူသားတို့ နေထိုင်နိုင်သည့် ကုန်းမြေသည် ကမ္ဘာကြီး၏ ၂၉ ရာခိုင်နှုန်းသာလျှင် ရှိပြီး လူဦး ရေတိုးပွားလာ၍ နေထိုင်ရန် နယ်မြေနှင့် စိုက်ပျိုးမြေသစ်များ လိုအပ်လာသဖြင့် သစ်တောများခုတ်ထွင်ရခြင်း၊ သ ဘာဝသားရိုင်းတိရစ္ဆာန်တို့ မျိုးတုန်းပျောက်ကွယ်ခြင်းကြောင့် ဂဟေစနစ်ပျက်စီးလာပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းကို အဖြေရှာရန်နိုင်ငံတကာ လူဦးရေညီလာခံ World Population Conference အဖြစ် ၁၉၂၇ ခုနှစ်တွင် စ တင်ဆွေးနွေးခဲ့သည်။
#NPNews