မိုးကုတ်မှ ငါးနှစ်သမီးလေး ပြန်လည်လွတ်မြောက်
884
photo: Soe Htay (fb)
NP News - ဇူလိုင် ၁
မိုးကုတ်တွင် ဖမ်းဆီးခံခဲ့ရသည့် အသက်ငါးနှစ်အရွယ် သမီးငယ် စုထက်ဝိုင်း ဇွန်လ ၃ဝ ရက်တွင် ဖမ်းဆီးခံထားရခြင်းမှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဖခင်ဖြစ်သူ ကိုစိုးဌေးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ဇူလိုင်လ ၁ရက်က ရေးသားထားသည်။ သမီးငယ် စုထက်ဝိုင်းသည် ဇွန်လ ၂၈ ရက်က ငါးနှစ်ပြည့်ခဲ့သည်။
ကလေးငယ်ကိုသာပြန်လွှတ်ပေးခြင်းဖြစ်ပြီး သမီးကြီး နှင့် မိခင်ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း၊ စုထက်ဝိုင်းလွတ်မြောက်ရေးအတွက် ကြိုးစားပေးကြပါသော နိုင်ငံတကာအဖွဲ့အစည်းများ ပြည်တွင်းတော်လှန်ရေးအင် အားစုများအား အထူးကျေးဇူးတင်ရှိကြောင်း ကိုစိုးဌေးကရေးသားထားသည်။
“သမီးလေး လွတ်လာကြောင်းအဆက်အသွယ်ရရခြင်း ဘေးကင်းရာ သို့ ပြန်လည်ခေါ်ထုတ်နိုင်ရန်ကြိုးစားပေးကြသော GZ လူငယ်များ လမ်းခရီးတလျှောက်စောင့်ရှောက်ပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်” ဟုလည်း ကိုစိုးဌေးက ထည့်သွင်းရေးသားထားသည်။
ကလေးငယ်အား နှစ်ပတ်ကျော်ကြာဖမ်းဆီးထားခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ထားစဉ်. "ထမင်းဝအောင်မစားရဘူး"၊ "ရေချိုးရင်အိမ်သာရေနဲ့ချိုးရတာ" ဟု သမီးငယ်လေးက ပြန်လည်ပြောပြကြောင်းကို သူမ၏ဖခင်ကရေးသား ထားသည်။
ထို့ပြင် သမီးငယ်လေး စုထက်ဝိုင်းက "ဖွားဖွားစု (ဒေါ်အောင်ဆန်းစုကြည်)" လွတ်ပြီလားလို့လည်းမေးပါတယ် "မလွတ်သေးဘူးသမီးရေ"ဟု ပြန်ဖြေစဉ် သမီးငယ်လေး ခပ်ငေးငေးလေးဖြစ်သွားခဲ့ကြောင်း ၊ အမေနှင့် အမ အထဲတွင် မည်ကဲ့သို့ နေထိုင်နေရကြောင်း၊ အထဲမှအကြောင်းများကိုမေးသည့်အခါ မျက်နှာလေးအရောင်ပြောင်းသွားပြီး ဘာမှပြန်မပြောပြကြောင်း ကိုစိုးဌေးကရေးသားထားသည်။
မိုးကုတ်မြို့၊ အရှေ့ပိုင်းဗမွန်ရွာက တက်ကြွလူပ်ရှားသူ ကိုစိုးဌေးကို ပုဒ်မ ၅ဝ၅ (က)ဖြင့် စစ်ကောင်စီက ဝရမ်း ထုတ်ဖမ်းဆီးရာ အိမ်တွင်မတွေ့ခြင်းကြောင့် မိခင်နှင့် သမီးနှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
#NPNews