COVID-19 ကူးစက်ဖြစ်ပွားမှု များပြားလာခြင်းကြောင့် ဂျာကာတာနှင့်ဘာလီတွင် လော့ဒေါင်းချ
558
ရောင်နီ (NP News) - ဇူလိုင် ၃
အင်ဒိုနီးရှားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုနှင့်အတူ ဂျာဗား၏အဓိက ကျွန်းစုဖြစ်သည့် ဂျာကာတာနှင့် ဘာလီတွင် ဇူလိုင် ၃ ရက်မှစကာ တစ်စိတ်တစ်ပိုင်း လော့ဒေါင်းချမှတ်လိုက်ကြောင်း CNA သတင်းဖော်ပြချက်အရသိရသည်။
မွတ်စလင်အများစုနေထိုင်ရာ ကျွန်းနိုင်ငံလေးသည် ပြီးခဲ့သည့် သောကြာနေ့က ဗလီများ၊ စား သောက်ဆိုင်များနှင့် ဈေးဝယ်စင်တာများမှ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ နိုင်ငံအတွင်း နေ့စဉ်ပိုးကူးစက်မှုနှုန်းများသည် တစ်လမပြည့်သေးခင် အချိန်အတွင်း ၄ ဆအထိ မြင့်တက်လာခဲ့ပြီး တရားဝင်စာရင်းများသည် ပိုးကူးစက်မှု စုစုပေါင်း ၂.၂ သန်းနှင့် သေဆုံးသူ ၅၉၅၃၄ ဦးရှိကြောင်း သိရသည်။ သို့သော် နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးမှုများ နည်း ပါးခြင်းကြောင့် အမှန်တကယ် ကူးစက်လူနာအရေအတွက်သည် စာရင်းရှိထက်များနေနိုင်ကြောင်း ကျွမ်းကျင်သူများကပြောသည်။
အင်ဒိုနီးရှား၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ယိုင်နဲ့နေပြီဖြစ်ကာ ဆေးဘက်ဆိုင်ရာ အ ဆောက်အဦးများတွင် လူနာများ ပြည့်ကြပ်လာပြီ ဖြစ်ခြင်းကြောင့် ဆေးရုံပြင်ပများတွင် ယာယီတဲများ ဆောက်လုပ်ကာ လူနာထားရသည်အထိဖြစ်နေကြောင်း သိရသည်။ ဆေးရုံ၏ စင်္ကြံများတွင် ဖျားနာနေသောလူနာများနှင့်ပြည့်လျှံနေပြီး ဆေးရုံစရိတ် မတက်နိုင်သူ ကူးစက်လူနာများသည် နေ အိမ်တွင်သာ နေထိုင်ခဲ့ရကာ နေအိမ်အတွင်း သေဆုံးသူ လူနာများလည်း တိုးများလာကြောင်းသိရသည်။
နိုင်ငံပေါင်း ၈၅ နိုင်ငံတွင် ကူးစက်မှုဖြစ်ပွားနေပြီး ကူးစက်မှုနှုန်း အလွန်မြင့်မားသည့် Delta ဗိုင်းရပ်စ်သည် နိုင်ငံအတွင်း ကူးစက်မှုလှိုင်းအသစ်အဖြစ် မကြာသေးမီကမှ စတင်ခဲ့ကာ အချို့ဧရိယာများတွင် ကူးစက်ဖြစ်ပွားမှု ၈ဝရာခိုင်နှုန်းကျော်ထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြော သည်။ လူဦးရေသန်း ၃ဝ ခန့်နေထိုင်ရာ မြို့တော်တွင် အာဏာပိုင်များသည် မရှိမဖြစ်မဟုတ်သည့် လုပ်ငန်းများကို ပိတ်ဆို့ကန့်သတ်လိုက်ကြောင်း သိရသည်။
#NPNews