သြစတြေးလျနိုင်ငံမှာ မှားယွင်းစွာ ထောင်ဒဏ်အနှစ် ၂ဝ ကျခံခဲ့ရတဲ့ အမျိုးသမီးကို ဒေါ်လာ ၂ သန်း လျော်ကြေးပေး

 2582

ရောင်နီ (NP News) - သြဂုတ် ၁ဝ
ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်မှာ ကလေး ၄ ဦး သေဆုံးမှုအတွက် ဆယ်စုနှစ် နှစ်ခုကြာ မတရား အကျဉ်းချခံထားရတဲ့အမျိုးသမီးတစ်ဦးကို ဩစတြေးလျဒေါ်လာ ၂ သန်း လျော်ကြေးပေးဖို့ တရားရုံးက ကမ်းလှမ်းခဲ့ပါတယ်။
ကတ်သ်လင်ဖို့လ်ဘစ် အမည်ရှိ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးဟာ ကလေး ၄ ယောက်ကို သေဆုံးစေ မှု နဲ့ ၂ဝဝ၃ ခုနှစ်က ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ကလေးတွေဟာ သဘာဝအကြောင်းတရားတွေ (ဒါမှမဟုတ်) မျိုးရိုးဗီဇကြောင့် သေဆုံးနိုင်တယ်ဆိုတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု တွေ့ရှိပြီးနောက်မှာမှ သူမဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၂၀၂၃ ခုနှစ်က လွတ်မြောက်ခဲ့ပါတယ်။ ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လမှာတော့ ပြည်နယ်ရဲ့ ရှေ့နေချုပ် မိုက်ကယ်ဒါလေ က သူမရဲ့ လျော်ကြေးတောင်းဆိုမှုအတွက် "အကျယ်တဝင့် ထည့်သွင်းစဉ်းစား" ပြီးနောက် ယခုနှစ်၊ ဩဂုတ်လ ၇ ရက်မှာ လျော်ကြေးငွေ ဒေါ်လာ ၂ သန်းပေးအပ်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မစ္စဖို့လ်ရဲ့ရှေ့နေကတော့ ဒါဟာ တရားဥပဒေ အရပေးအပ်ခြင်းမျိုး မဟုတ်ပဲ စေတနာအလျောက် ပေးအပ်တဲ့လက်ဆောင်တစ်ခုလို ဖြစ်နေပြီး ဖို့လ်အတွက် နာကျင်ခဲ့ရတဲ့ အတိုင်းအတာကို ထင်ဟပ်ခြင်း မရှိတာ ကြောင့် မတရားဘူးလို့ ဆိုခဲ့ပါတယ်။
မစ္စဖိုလ်ဟာ ၁၉၈၉ ခုနှစ်မှ ၁၉၉၉ ခုနှစ်၊ ၁၀ နှစ် တာ ကာလအတွင်း သူမရဲ့အသက် ၁၉ ရက်နဲ့ အသက် ၁၈ လ ကြားရှိ ကလေးတွေ သေဆုံးခဲ့ရခြင်းအတွက် ရုပ်ပိုင်းဆိုင်ရာ သက်သေ အထောက်အထား မရှိပေမယ့် ကလေး တစ်ဦးစီကို ရိုက်နှက်ခဲ့တဲ့ လုပ်ရပ်ကို အခြေခံကာ ၂၀၀၃ ခုနှစ်က ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Zawgyi Version:
ၾသစေၾတးလ်ႏိုင္ငံမွာ မွားယြင္းစြာ ေထာင္ဒဏ္အႏွစ္ ၂ဝ က်ခံခဲ့ရတဲ့ အမ်ိဳးသမီးကို ေဒၚလာ ၂ သန္း ေလ်ာ္ေၾကးေပး
ေရာင္နီ (NP News) - ၾသဂုတ္ ၁ဝ
ဩစေၾတးလ်ႏိုင္ငံ နယူးေဆာက္ေဝးျပည္နယ္မွာ ကေလး ၄ ဦး ေသဆုံးမႈအတြက္ ဆယ္စုႏွစ္ ႏွစ္ခုၾကာ မတရား အက်ဥ္းခ်ခံထားရတဲ့အမ်ိဳးသမီးတစ္ဦးကို ဩစေၾတးလ်ေဒၚလာ ၂ သန္း ေလ်ာ္ေၾကးေပးဖို႔ တရား႐ုံးက ကမ္းလွမ္းခဲ့ပါတယ္။
ကတ္သ္လင္ဖို႔လ္ဘစ္ အမည္ရွိ အသက္ ၅၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးဟာ ကေလး ၄ ေယာက္ကို ေသဆုံးေစ မႈ နဲ႔ ၂ဝဝ၃ ခုႏွစ္က ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။ ဒါေပမယ့္ ကေလးေတြဟာ သဘာဝအေၾကာင္းတရားေတြ (ဒါမွမဟုတ္) မ်ိဳး႐ိုးဗီဇေၾကာင့္ ေသဆုံးႏိုင္တယ္ဆိုတဲ့ လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးမႈတစ္ခု ေတြ႕ရွိၿပီးေနာက္မွာမွ သူမဟာ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ၂၀၂၃ ခုႏွစ္က လြတ္ေျမာက္ခဲ့ပါတယ္။ ၂ဝ၂၄ ခုႏွစ္၊ ဇူလိုင္လမွာေတာ့ ျပည္နယ္ရဲ႕ ေရွ႕ေနခ်ဳပ္ မိုက္ကယ္ဒါေလ က သူမရဲ႕ ေလ်ာ္ေၾကးေတာင္းဆိုမႈအတြက္ "အက်ယ္တဝင့္ ထည့္သြင္းစဥ္းစား" ၿပီးေနာက္ ယခုႏွစ္၊ ဩဂုတ္လ ၇ ရက္မွာ ေလ်ာ္ေၾကးေငြ ေဒၚလာ ၂ သန္းေပးအပ္ဖို႔ ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ မစၥဖို႔လ္ရဲ႕ေရွ႕ေနကေတာ့ ဒါဟာ တရားဥပေဒ အရေပးအပ္ျခင္းမ်ိဳး မဟုတ္ပဲ ေစတနာအေလ်ာက္ ေပးအပ္တဲ့လက္ေဆာင္တစ္ခုလို ျဖစ္ေနၿပီး ဖို႔လ္အတြက္ နာက်င္ခဲ့ရတဲ့ အတိုင္းအတာကို ထင္ဟပ္ျခင္း မရွိတာ ေၾကာင့္ မတရားဘူးလို႔ ဆိုခဲ့ပါတယ္။
မစၥဖိုလ္ဟာ ၁၉၈၉ ခုႏွစ္မွ ၁၉၉၉ ခုႏွစ္၊ ၁၀ ႏွစ္ တာ ကာလအတြင္း သူမရဲ႕အသက္ ၁၉ ရက္နဲ႔ အသက္ ၁၈ လ ၾကားရွိ ကေလးေတြ ေသဆုံးခဲ့ရျခင္းအတြက္ ႐ုပ္ပိုင္းဆိုင္ရာ သက္ေသ အေထာက္အထား မရွိေပမယ့္ ကေလး တစ္ဦးစီကို ႐ိုက္ႏွက္ခဲ့တဲ့ လုပ္ရပ္ကို အေျခခံကာ ၂၀၀၃ ခုႏွစ္က ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.