အပိုကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ(၇ ဒသမ ၆)ဘီလျံကို အိန္ဒိယအစိုးရ အတည်ပြု

126

Pika (NP News) - သြဂုတ် ၁ဝ
အိန္ဒိယစစ်တပ်၏ စစ်ဆင်ရေးစွမ်းရည်များကို အဆင့်မြှင့်တင်ရန်ကြိုးပမ်းမှုတွင် အမေရိကန်ဒေါ်လာ (၇ ဒသမ ၆) ဘီလျံတန်ဖိုးရှိ ကာကွယ်ရေးဝယ်ယူမှုများကို အိန္ဒိယအစိုးရကအတည်ပြုခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ပြောကြားခဲ့ သည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh ဦးဆောင်သော Defence Acquisition Council (DAC) သည် စစ်တပ်၏ခေတ်မီတိုးတက်ရေးအဆိုပြုချက်များကို ရှင်းလင်းခြင်းအပြင် ဒုံးကျည်များနှင့်တိုက်ခိုက်ရေး ဒရုန်းများ ပိုမိုဝယ်ယူရေးကို မီးစိမ်းပြခဲ့ကြောင်းသိရသည်။
ထို့ပြင် အိန္ဒိယလေတပ်၏ Boeing လေယာဉ် အပါအဝင် လက်ရှိအရေးကြီးသော စနစ်များအတွက် ရေရှည်ပြုပြင်ထိန်းသိမ်းမှု၊ ပံ့ပိုးကူညီမှုအစီအစဉ်များနှင့် S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် အတွက် ပြီးပြည့်စုံသော နှစ်ပတ်လည်ပြုပြင်ထိန်းသိမ်းမှုစာချုပ်ကို (DAC) က အတည်ပြုခဲ့ ကြောင်းလည်း သိရသည်။
BrahMos ဒုံးကျည်များနှင့်အတူ အိန္ဒိယရေတပ်သည် လက်ရှိ Barak-1 ဒုံးကျည်စနစ်အတွက် အဆင့်မြှင့်တင်မှုများကို ရရှိလိမ့်မည်ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ သည်။ ထို့ပြင် (DAC) သည် အိန္ဒိယလေတပ်၏ Saksham/Spyder လက်နက်စနစ်များ အဆင့်မြှင့်တင်မှုကိုလည်း ခွင့်ပြုထားပြီး လေကြောင်းရန်ကာကွယ်ရေးကွန်ရက်ကိုမြှင့်တင်ရန်ရည်ရွယ်သည့် Integrated Air Command and Control System နှင့်လည်း ပေါင်းစည်းမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြော ကြားခဲ့သည်။
အခြားအတည်ပြုချက်များတွင် ကြည်းတပ်၏ BMP ခြေလျင်တိုက်ခိုက်ရေးယာဉ်များအတွက် အပူပိုင်း ပုံရိပ် နှင့် ညဘက် အမြင်အာရုံခံကိရိ ယာများ၊ ရေတပ်အတွက် Compact Autonomous Surface Craft များနှင့် လေတပ်အတွက် အဆင့်မြင့် တောင်တန်းရေဒါများ ပါဝင်ကြောင်းလည်း သိရသည်။

Zawgyi Version:
အပိုကာကြယ္ေရးအသုံးစရိတ္ အေမရိကန္ေဒၚလာ(၇ ဒသမ ၆)ဘီလ်ံကို အိႏၵိယအစိုးရ အတည္ျပဳ
Pika (NP News) - ၾသဂုတ္ ၁ဝ
အိႏၵိယစစ္တပ္၏ စစ္ဆင္ေရးစြမ္းရည္မ်ားကို အဆင့္ျမႇင့္တင္ရန္ႀကိဳးပမ္းမႈတြင္ အေမရိကန္ေဒၚလာ (၇ ဒသမ ၆) ဘီလ်ံတန္ဖိုးရွိ ကာကြယ္ေရးဝယ္ယူမႈမ်ားကို အိႏၵိယအစိုးရကအတည္ျပဳခဲ့ေၾကာင္း အိႏၵိယကာကြယ္ေရးဝန္ႀကီး ဌာနက ထုတ္ျပန္ေျပာၾကားခဲ့ သည္။
အိႏၵိယကာကြယ္ေရးဝန္ႀကီး Rajnath Singh ဦးေဆာင္ေသာ Defence Acquisition Council (DAC) သည္ စစ္တပ္၏ေခတ္မီတိုးတက္ေရးအဆိုျပဳခ်က္မ်ားကို ရွင္းလင္းျခင္းအျပင္ ဒုံးက်ည္မ်ားႏွင့္တိုက္ခိုက္ေရး ဒ႐ုန္းမ်ား ပိုမိုဝယ္ယူေရးကို မီးစိမ္းျပခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ အိႏၵိယေလတပ္၏ Boeing ေလယာဥ္ အပါအဝင္ လက္ရွိအေရးႀကီးေသာ စနစ္မ်ားအတြက္ ေရရွည္ျပဳျပင္ထိန္းသိမ္းမႈ၊ ပံ့ပိုးကူညီမႈအစီအစဥ္မ်ားႏွင့္ S-400 ေလေၾကာင္းရန္ကာကြယ္ေရး ဒုံးက်ည္စနစ္ အတြက္ ၿပီးျပည့္စုံေသာ ႏွစ္ပတ္လည္ျပဳျပင္ထိန္းသိမ္းမႈစာခ်ဳပ္ကို (DAC) က အတည္ျပဳခဲ့ ေၾကာင္းလည္း သိရသည္။
BrahMos ဒုံးက်ည္မ်ားႏွင့္အတူ အိႏၵိယေရတပ္သည္ လက္ရွိ Barak-1 ဒုံးက်ည္စနစ္အတြက္ အဆင့္ျမႇင့္တင္မႈမ်ားကို ရရွိလိမ့္မည္ျဖစ္ေၾကာင္း အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ သည္။ ထို႔ျပင္ (DAC) သည္ အိႏၵိယေလတပ္၏ Saksham/Spyder လက္နက္စနစ္မ်ား အဆင့္ျမႇင့္တင္မႈကိုလည္း ခြင့္ျပဳထားၿပီး ေလေၾကာင္းရန္ကာကြယ္ေရးကြန္ရက္ကိုျမႇင့္တင္ရန္ရည္႐ြယ္သည့္ Integrated Air Command and Control System ႏွင့္လည္း ေပါင္းစည္းမႈမ်ားလုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာ ၾကားခဲ့သည္။
အျခားအတည္ျပဳခ်က္မ်ားတြင္ ၾကည္းတပ္၏ BMP ေျခလ်င္တိုက္ခိုက္ေရးယာဥ္မ်ားအတြက္ အပူပိုင္း ပုံရိပ္ ႏွင့္ ညဘက္ အျမင္အာ႐ုံခံကိရိ ယာမ်ား၊ ေရတပ္အတြက္ Compact Autonomous Surface Craft မ်ားႏွင့္ ေလတပ္အတြက္ အဆင့္ျမင့္ ေတာင္တန္းေရဒါမ်ား ပါဝင္ေၾကာင္းလည္း သိရသည္။