တရုတ်နဲ့ တောင်ကိုရီးယားမှာ လူကြီးချိုလိမ်များ အသုံးပြုမှု ခေတ်စားနေ

589
ရောင်နီ (NP News) - သြဂုတ် ၁ဝ
တရုတ်နဲ့တောင်ကိုရီးယားမှာ မွေးကင်းစ ကလေးငယ်တွေ မဟုတ်ဘဲ အရွယ်ရောက်ပြီးသူတွေ အသုံးပြုနိုင် တဲ့ ချိုလိမ်ဟာ လူငယ်တွေကြား ခေတ်စားနေပါတယ်။
လူကြီးသုံး ချိုလိမ်ဟာ စိတ်ပင်ပန်းမှုပြေပျောက်စေပြီး နှစ်ခြိုက်စွာ အိပ်မောကျစေဖို့လည်း ကူညီပေးသလို ဆေးလိပ်ဖြတ်ရာမှာလည်း အသုံးဝင်တယ်လို့ လက်လီရောင်းချသူတွေနဲ့ ထောက်ခံအားပေးသူတွေက ဆိုပါတယ်။ E commerce ဆိုင်တွေမှာ တစ်ခုကို ယွမ် ၁ဝ နဲ့ရောင်းချနေတဲ့ လူကြီးသုံးချိုလိမ်ဟာ တရုတ်နိုင်ငံရဲ့အချို့ လက်လီ အရောင်းဆိုင်တွေမှာ တစ်လကို အခု ၂,၀၀၀ ကျော် ရောင်းချနေရတယ်လို့ South China Morning Post (SCMP) ရဲ့ သြဂုတ် ၃ ရက် အစီရင်ခံစာက ဆိုပါတယ်။
ဒါပေမယ့်လည်း တရုတ်၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့လို နေရာတွေ အများအပြားမှာ ရေပန်းစားလာ တဲ့ လူကြီးသုံးချိုလိမ်ကို ကြာရှည်အသုံးပြုမယ်ဆိုရင် မေးရိုးတောင့်တင်းခြင်း၊ သွားတွေ ပြောင်းလဲခြင်းတို့ ဖြစ်စေ နိုင်ပြီး အိပ်နေချိန် အသုံးပြုတဲ့ အခါတွင် ဝမ်းသွားနိုင်တယ်လို့ ဆေးပညာရှင်တွေက သတိပေးထားပါတယ်။
Zawgyi Version:
တ႐ုတ္နဲ႔ ေတာင္ကိုရီးယားမွာ လူႀကီးခ်ိဳလိမ္မ်ား အသုံးျပဳမႈ ေခတ္စားေန
ေရာင္နီ (NP News) - ၾသဂုတ္ ၁ဝ
တ႐ုတ္နဲ႔ေတာင္ကိုရီးယားမွာ ေမြးကင္းစ ကေလးငယ္ေတြ မဟုတ္ဘဲ အ႐ြယ္ေရာက္ၿပီးသူေတြ အသုံးျပဳႏိုင္ တဲ့ ခ်ိဳလိမ္ဟာ လူငယ္ေတြၾကား ေခတ္စားေနပါတယ္။
လူႀကီးသုံး ခ်ိဳလိမ္ဟာ စိတ္ပင္ပန္းမႈေျပေပ်ာက္ေစၿပီး ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေစဖို႔လည္း ကူညီေပးသလို ေဆးလိပ္ျဖတ္ရာမွာလည္း အသုံးဝင္တယ္လို႔ လက္လီေရာင္းခ်သူေတြနဲ႔ ေထာက္ခံအားေပးသူေတြက ဆိုပါတယ္။ E commerce ဆိုင္ေတြမွာ တစ္ခုကို ယြမ္ ၁ဝ နဲ႔ေရာင္းခ်ေနတဲ့ လူႀကီးသုံးခ်ိဳလိမ္ဟာ တ႐ုတ္ႏိုင္ငံရဲ႕အခ်ိဳ႕ လက္လီ အေရာင္းဆိုင္ေတြမွာ တစ္လကို အခု ၂,၀၀၀ ေက်ာ္ ေရာင္းခ်ေနရတယ္လို႔ South China Morning Post (SCMP) ရဲ႕ ၾသဂုတ္ ၃ ရက္ အစီရင္ခံစာက ဆိုပါတယ္။
ဒါေပမယ့္လည္း တ႐ုတ္၊ ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔လို ေနရာေတြ အမ်ားအျပားမွာ ေရပန္းစားလာ တဲ့ လူႀကီးသုံးခ်ိဳလိမ္ကို ၾကာရွည္အသုံးျပဳမယ္ဆိုရင္ ေမး႐ိုးေတာင့္တင္းျခင္း၊ သြားေတြ ေျပာင္းလဲျခင္းတို႔ ျဖစ္ေစ ႏိုင္ၿပီး အိပ္ေနခ်ိန္ အသုံးျပဳတဲ့ အခါတြင္ ဝမ္းသြားႏိုင္တယ္လို႔ ေဆးပညာရွင္ေတြက သတိေပးထားပါတယ္။