ဂါဇာမှာ အသုံးပြုနိုင်တဲ့စစ်လက်နက်ပစ္စည်းတွေ အစ္စရေးကို တင်ပို့မှုကို ဂျာမနီအစိုးရ ရပ်ဆိုင်း

168

Pika (NP News) - သြဂုတ် ၁ဝ
ဂျာမနီအစိုးရဟာ ဂါဇာကမ်းမြောင်ဒေသမှာ အသုံးပြုနိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေ အစ္စရေးကို တင်ပို့မှုကို ရပ်ဆိုင်းတော့မယ်လို့ ဂျာမန်အဓိပတိဖရက်ဒရစ်မာ့ဇ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရ သိမ်းယူမှုတွေလုပ်ဆောင်ဖို့ အစ္စရေးအစိုးရက ခွင့်ပြုခဲ့ပြီးနောက် ဖရက်ဒရစ်မာ့ဇ်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်မိတယ်လို့လည်း ဖရက်ဒရစ်မာ့ဇ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ၎င်းက ”ဟားမက်လက်နက်ကိုင်အဖွဲ့လက်နက်ဖျက်သိမ်းဖို့နဲ့ ဓါးစာခံတွေပြန်လွှတ်ပေးရေးရည်ရွယ်ချက်တွေ အောင်မြင် အောင် အစ္စရေးရဲ့စစ်ရေးအစီအစဉ်က ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ နောက်ထပ်အသိပေးချက်တွေ မရမချင်း ဂါဇာကမ်းမြောင်ဒေသမှာ အသုံးပြုနိုင်တဲ့စစ်လက်နက်ပစ္စည်းတွေ အစ္စရေးကို တင်ပို့ဖို့ ဂျာမနီအစိုးရက ခွင့်ပြုမှာမဟုတ်ပါဘူး ”လို့ ပြောပါတယ်။
ဒါ့ပြင် ဂျာမနီအစိုးရရဲ့ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ၎င်းရဲ့စိတ်ပျက်မှုတွေကို ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ နေတန်ရာဟုက ”ဂျာမနီအစိုးရဟာ အစ္စရေးရဲ့ တရားမျှတတဲ့စစ်ပွဲကို ထောက်ခံရမယ့်အစား ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ အကြမ်းဖက်ဝါဒကို အားပေးသလိုဖြစ်နေပါတယ်” လို့ ပြောပါတယ်။

Zawgyi Version:
ဂါဇာမွာ အသုံးျပဳႏိုင္တဲ့စစ္လက္နက္ပစၥည္းေတြ အစၥေရးကို တင္ပို႔မႈကို ဂ်ာမနီအစိုးရ ရပ္ဆိုင္း
Pika (NP News) - ၾသဂုတ္ ၁ဝ
ဂ်ာမနီအစိုးရဟာ ဂါဇာကမ္းေျမာင္ေဒသမွာ အသုံးျပဳႏိုင္တဲ့ စစ္လက္နက္ပစၥည္းေတြ အစၥေရးကို တင္ပို႔မႈကို ရပ္ဆိုင္းေတာ့မယ္လို႔ ဂ်ာမန္အဓိပတိဖရက္ဒရစ္မာ့ဇ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသကို စစ္ေရးအရ သိမ္းယူမႈေတြလုပ္ေဆာင္ဖို႔ အစၥေရးအစိုးရက ခြင့္ျပဳခဲ့ၿပီးေနာက္ ဖရက္ဒရစ္မာ့ဇ္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအက်ပ္အတည္းနဲ႔ ပတ္သက္ၿပီး အလြန္စိုးရိမ္မိတယ္လို႔လည္း ဖရက္ဒရစ္မာ့ဇ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ၎က ”ဟားမက္လက္နက္ကိုင္အဖြဲ႕လက္နက္ဖ်က္သိမ္းဖို႔နဲ႔ ဓါးစာခံေတြျပန္လႊတ္ေပးေရးရည္႐ြယ္ခ်က္ေတြ ေအာင္ျမင္ ေအာင္ အစၥေရးရဲ႕စစ္ေရးအစီအစဥ္က ဘယ္လိုကူညီေပးႏိုင္မလဲဆိုတာ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးပါဘူး။ ဒီလိုအေျခအေနမ်ိဳးမွာ ေနာက္ထပ္အသိေပးခ်က္ေတြ မရမခ်င္း ဂါဇာကမ္းေျမာင္ေဒသမွာ အသုံးျပဳႏိုင္တဲ့စစ္လက္နက္ပစၥည္းေတြ အစၥေရးကို တင္ပို႔ဖို႔ ဂ်ာမနီအစိုးရက ခြင့္ျပဳမွာမဟုတ္ပါဘူး ”လို႔ ေျပာပါတယ္။
ဒါ့ျပင္ ဂ်ာမနီအစိုးရရဲ႕ထုတ္ျပန္ခ်က္ေတြနဲ႔ပတ္သက္ၿပီး အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ ၎ရဲ႕စိတ္ပ်က္မႈေတြကို ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ေနတန္ရာဟုက ”ဂ်ာမနီအစိုးရဟာ အစၥေရးရဲ႕ တရားမွ်တတဲ့စစ္ပြဲကို ေထာက္ခံရမယ့္အစား ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ အၾကမ္းဖက္ဝါဒကို အားေပးသလိုျဖစ္ေနပါတယ္” လို႔ ေျပာပါတယ္။