မြန်မာ့အရေးကိုဖြေရှင်းရန် ပြည်တွင်းတွေ့ဆုံဆွေးနွေးမှုကိုမြှင့်တင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအကောင်ထည်ဖော်ရမည်ဟု တရုတ်အစိုးရဆို

 700

ဂျန်ဇက် (NP News)- ဇူလိုင် ၅
မြန်မာနိုင်ငံတွင် ဖြစ်နေသည့် ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက်အဓိကအချက်သည် ပြည်တွင်းတွေ့ဆုံဆွေးနွေးမှုကိုမြှင့်တင်ပြီး နိုင်ငံရေးဆိုင်ရာအမျိုးသားပြန် လည်သင့်မြတ်ရေးကို လက်တွေ့အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဝမ်ယိက ပြီးခဲ့သည့်ရက်ပိုင်းကတရုတ်နိုင်ငံ Tsinghua တက္ကသိုလ်တွင် ကျင်းပသည့် (၉)ကြိမ်မြောက် ကမ္ဘာငြိမ်းချမ်းရေးညီလာ ခံ၌ "Safeguarding World Peace and Promoting Human Progress"ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောဆိုခဲ့ချိန်အတွင်းမြန်မာနိုင်ငံပြဿနာနှင့် ပတ်သက်၍ပြောခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်နေသည့် ပြဿနာများကိုဖြေရှင်းနိုင်ရန် အာဆီယံနည်းလမ်းအတိုင်းဆောင်ရွက်အ ကောင်ထည်ဖော်ရေးကိုအားပေးထောက်ခံကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတားဆီးကာကွယ်ရေးအတွက်မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန်အဆင့်သင့်ရှိနေပြီး မြန်မာနိုင်ငံအပေါ်စီးပွားရေးအကူညီများပေးသွားမည်ဖြစ်ကြောင်း ပြော သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိအဖွဲ့အစည်းအားလုံးနှင့် ခင်မင်ရင်းနှီးသည့်ဆက် ဆံရေးကို တိုးမြှင့်ဆောင်ရွက်ပြီး မြန်မာနိုင်ငံ၏ အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်အောင်အဖွဲ့အစည်းများကြား ကြားဝင်စေ့စပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောသည်။

အာဏာသိမ်းမှုသိမ်းမှုဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး အာဆီယံအ ဖွဲ့ကြီးက ကြားဝင်ညှိနှိုင်းရန်ကြိုးပမ်းနေပြီး ပြီးခဲ့သည့် ဧပြီလ စစ်ကောင်စီဥက္ကဋ္ဌနှင့် သဘောတူညီချက်ငါးချက်ရယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်နေသည့် ပြဿနာများသည် ပြည်တွင်းရေးသာဖြစ်ကြောင်း တရုတ်အစိုးရကရှုမြင်သော်လည်း အမေရိကန်အပါအဝင်အနောက်အုပ်စုကစစ်အစိုးရအပေါ်စီးပွားရေးပိတ်ဆို့မှုချမှတ်ခဲ့ပြီး ဖမ်းဆီးထားသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။
#NPNews

Related news

© 2021. All rights reserved.