ကုလအဆင့်မြင့်ညီလာခံတွင် ဂျူလီဘစ်ရှော့က မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအချို့ကို လှစ်ဟဖော်ပြခဲ့

988

ALynn (NP news)
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်က ကုလသမဂ္ဂတွင် ကျင်းပခဲ့သော မြန်မာနိုင်ငံရှိ မွတ်ဆလင်များနှင့် အခြား လူနည်းစုများဆိုင်ရာ အဆင့်မြင့်ညီလာခံတွင် ၎င်းတွေ့ရှိသိမြင်ခဲ့ရသော မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအချို့ကို မိန့်ခွန်း အတွင်း ထည့်သွင်း ပြောကြားခဲ့သည်။
ဂျူလီဘစ်ရှော့သည် မြန်မာနိုင်ငံ၏ အကျပ်အတည်းများကို အဖြေရှာနိုင်ရန် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံးနှင့် ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းသည့် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံကို တတိယအကြိမ် ထပ်မံ သွားရောက်ခဲ့ကြောင်းဖော်ပြခဲ့သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့်အပြင် နေပြည်တော်၌ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံခဲ့ကြောင်း ၎င်းက ထည့်ပြောသည်။
“ဇူလိုင်လ ၃၁ ရက်နေ့မှာ အရေးပေါ်အခြေအနေ သက်တမ်းကုန်ဆုံးပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) နေရာကို အစားထိုးတဲ့ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်က ရွေးကောက်ပွဲတွေကို သုံးဆင့်ခွဲပြီး ကျင်းပဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ရွေးကောက်ပွဲပထမပိုင်းကို ဒီဇင်ဘာ (၂၈) ရက်နေ့မှာ စတင်ကျင်းပမည်ဖြစ်ကြောင်း၊ မြို့နယ် စုစုပေါင်း မြို့နယ် (၃၃၀) ထဲက မြို့နယ် (၁၀၂) မြို့နယ်မှာ ပထမပိုင်းကျင်းပဖို့စီစဉ်ထားကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အကြမ်းဖက်ဖျက်ဆီးမည့် အခြေအနေများကို မျှော်မှန်းပြီး လုံခြုံရေး အစီအမံများကို တင်းကျပ်ထားကြောင်းလည်း အသေးစိတ်ဖော်ပြခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်စာရင်းများ၊ ပါတီမှတ်ပုံတင်ခြင်းများနှင့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းများကို ပြင်ဆင်နေကြောင်းလည်း ၎င်းက ညီလာခံတွင် အစီရင်ခံခဲ့သည်။
ထို့ပြင် ကနဦးကာလများနှင့်မတူ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုများ လျော့ပါးသွားခဲ့ကြောင်းကိုလည်း ဂျူလီဘစ်ရှော့က အလေးပေး ဖော်ပြလာသည်။
“ဗိုလ်ချုပ်မှူးကြီးကို အဆင့်မြင့် ဒေသဆိုင်ရာ အစည်းအဝေးတွေမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေက ကြိုဆိုလာကြတယ်။ သူ သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေထဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် နိုင်ငံတွေရဲ့ မြို့တော်တွေလည်း ပါဝင်နေတယ်။ ဒီအခြေအနေတွေကြောင့်လည်း အရေးယူ ပိတ်ဆို့မှုတွေ ရုပ်သိမ်းခဲ့တာမျိုးဖြစ်တယ်” ဟု သူမက အဆင့်မြင့်ညီလာခံတွင် ဖော်ပြခဲ့သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ (၁၀) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို စီစဉ်နေကြောင်းကိုပါ ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“အဲဒါကို ငြိမ်းချမ်းရေး ဖိုရမ် တစ်ခုအဖြစ် လုပ်ဆောင်ဖို့ အဆိုပြုထားပြီး NCA ကို ထောက်ခံသူတွေနဲ့အတူ သံတမန်တွေ၊ တခြား အခန်းကဏ္ဍက ပါဝင်သူတွေ အပါအဝင် ပါဝင်ပတ်သက်သူတွေကို ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အဆင့်မြင့်ညီလာခံတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်က ၎င်း၏ ကွင်းဆင်းလေ့လာတွေ့ရှိချက်များကို ထိုသို့ တင်ပြခဲ့ရာ မြန်မာအစိုးရ၏ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် တိုးတက်မှုများ ရှိနေကြောင်း ၎င်း၏ ဖော်ပြချက်များက ထင်ဟပ်နေသည်။

Zawgyi Version:
ကုလအဆင့္ျမင့္ညီလာခံတြင္ ဂ်ဴလီဘစ္ေရွာ့က ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚတိုးတက္မႈအခ်ိဳ႕ကို လွစ္ဟ ေဖာ္ျပခဲ့
ALynn (NP news)
ကုလသမဂၢ၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံတမန္ ဂ်ဴလီဘစ္ေရွာ့သည္ ၂၀၂၅ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္က ကုလသမဂၢတြင္ က်င္းပခဲ့ေသာ ျမန္မာႏိုင္ငံရွိ မြတ္ဆလင္မ်ားႏွင့္ အျခား လူနည္းစုမ်ားဆိုင္ရာ အဆင့္ျမင့္ညီလာခံတြင္ ၎ေတြ႕ရွိသိျမင္ခဲ့ရေသာ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚတိုးတက္မႈအခ်ိဳ႕ကို မိန႔္ခြန္း အတြင္း ထည့္သြင္း ေျပာၾကားခဲ့သည္။
ဂ်ဴလီဘစ္ေရွာ့သည္ ျမန္မာႏိုင္ငံ၏ အက်ပ္အတည္းမ်ားကို အေျဖရွာႏိုင္ရန္ ပဋိပကၡတြင္ ပါဝင္ပတ္သက္သူအားလုံးႏွင့္ ထိေတြ႕ဆက္ဆံဖို႔ ႀကိဳးပမ္းသည့္ အစိတ္အပိုင္းတစ္ရပ္အေနျဖင့္ ၿပီးခဲ့သည့္အပတ္က ျမန္မာႏိုင္ငံကို တတိယအႀကိမ္ ထပ္မံ သြားေရာက္ခဲ့ေၾကာင္းေဖာ္ျပခဲ့သည္။
ထို႔ေနာက္ ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္မွ ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံခဲ့သည့္အျပင္ ေနျပည္ေတာ္၌ ယာယီသမၼတ၊ ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဒုတိယအႀကိမ္ ထပ္မံ ေတြ႕ဆုံခဲ့ေၾကာင္း ၎က ထည့္ေျပာသည္။
“ဇူလိုင္လ ၃၁ ရက္ေန႔မွာ အေရးေပၚအေျခအေန သက္တမ္းကုန္ဆုံးၿပီးေနာက္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ (SAC) ေနရာကို အစားထိုးတဲ့ ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္က ေ႐ြးေကာက္ပြဲေတြကို သုံးဆင့္ခြဲၿပီး က်င္းပဖို႔ ျပင္ဆင္ေနပါတယ္” ဟု ၎က ဆိုသည္။
ထို႔ျပင္ ေ႐ြးေကာက္ပြဲပထမပိုင္းကို ဒီဇင္ဘာ (၂၈) ရက္ေန႔မွာ စတင္က်င္းပမည္ျဖစ္ေၾကာင္း၊ ၿမိဳ႕နယ္ စုစုေပါင္း ၿမိဳ႕နယ္ (၃၃၀) ထဲက ၿမိဳ႕နယ္ (၁၀၂) ၿမိဳ႕နယ္မွာ ပထမပိုင္းက်င္းပဖို႔စီစဥ္ထားေၾကာင္း၊ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ကို အၾကမ္းဖက္ဖ်က္ဆီးမည့္ အေျခအေနမ်ားကို ေမွ်ာ္မွန္းၿပီး လုံၿခဳံေရး အစီအမံမ်ားကို တင္းက်ပ္ထားေၾကာင္းလည္း အေသးစိတ္ေဖာ္ျပခဲ့သည္။
ေ႐ြးေကာက္ပြဲေကာ္မရွင္၏ လုပ္ငန္းေဆာင္တာမ်ားႏွင့္ပတ္သက္၍လည္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က မဲဆႏၵရွင္စာရင္းမ်ား၊ ပါတီမွတ္ပုံတင္ျခင္းမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္း အမည္စာရင္း တင္သြင္းျခင္းမ်ားကို ျပင္ဆင္ေနေၾကာင္းလည္း ၎က ညီလာခံတြင္ အစီရင္ခံခဲ့သည္။
ထို႔ျပင္ ကနဦးကာလမ်ားႏွင့္မတူ ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာ၏ ျပစ္တင္ရႈတ္ခ်မႈမ်ား ေလ်ာ့ပါးသြားခဲ့ေၾကာင္းကိုလည္း ဂ်ဴလီဘစ္ေရွာ့က အေလးေပး ေဖာ္ျပလာသည္။
“ဗိုလ္ခ်ဳပ္မႉးႀကီးကို အဆင့္ျမင့္ ေဒသဆိုင္ရာ အစည္းအေဝးေတြမွာ ကမာၻ႔ေခါင္းေဆာင္ေတြနဲ႔ ေဒသဆိုင္ရာ ေခါင္းေဆာင္ေတြက ႀကိဳဆိုလာၾကတယ္။ သူ သြားေရာက္ခဲ့တဲ့ ခရီးစဥ္ေတြထဲမွာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီဝင္ ႏိုင္ငံေတြရဲ႕ ၿမိဳ႕ေတာ္ေတြလည္း ပါဝင္ေနတယ္။ ဒီအေျခအေနေတြေၾကာင့္လည္း အေရးယူ ပိတ္ဆို႔မႈေတြ ႐ုပ္သိမ္းခဲ့တာမ်ိဳးျဖစ္တယ္” ဟု သူမက အဆင့္ျမင့္ညီလာခံတြင္ ေဖာ္ျပခဲ့သည္။
ထို႔ေနာက္ ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္က တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ရဲ႕ (၁၀) ႏွစ္ျပည့္ အထိမ္းအမွတ္ အခမ္းအနားကို စီစဥ္ေနေၾကာင္းကိုပါ ၎က ထည့္သြင္းေျပာၾကားခဲ့သည္။
“အဲဒါကို ၿငိမ္းခ်မ္းေရး ဖိုရမ္ တစ္ခုအျဖစ္ လုပ္ေဆာင္ဖို႔ အဆိုျပဳထားၿပီး NCA ကို ေထာက္ခံသူေတြနဲ႔အတူ သံတမန္ေတြ၊ တျခား အခန္းက႑က ပါဝင္သူေတြ အပါအဝင္ ပါဝင္ပတ္သက္သူေတြကို ဖိတ္ၾကားသြားမွာ ျဖစ္ပါတယ္” ဟု ၎က ဆိုသည္။
အဆင့္ျမင့္ညီလာခံတြင္ ကုလသမဂၢ၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံတမန္က ၎၏ ကြင္းဆင္းေလ့လာေတြ႕ရွိခ်က္မ်ားကို ထိုသို႔ တင္ျပခဲ့ရာ ျမန္မာအစိုးရ၏ ႏိုင္ငံေရး လုပ္ငန္းစဥ္မ်ားတြင္ တိုးတက္မႈမ်ား ရွိေနေၾကာင္း ၎၏ ေဖာ္ျပခ်က္မ်ားက ထင္ဟပ္ေနသည္။