ယူရို ဆီမီးဖိုင်နယ်မှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမယ့် ဂျော်ဂျင်ဟိုကို အန္တရာယ်ကောင်လို့ စပိန်အသင်းခေါင်းဆောင် အပီလီကွီတာ သတိပေး

 367

ရဲပြည့် (NP News)- ဇူလိုင် ၆

ယူရိုဆီမီးဖိုင်နယ်မှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမယ့် ချယ်ဆီးအသင်းဖော်ဖြစ်တဲ့ ဂျော်ဂျင်ဟိုကို အန္တရာယ်ကောင်လို့ စပိန်အသင်းခေါင်းဆောင် အပီလီကွီတာ သတိ ပေးစကားဆိုလာပါတယ်။

ဂျောဂျင်ဟိုဟာ နည်ပြသောမတ်စ်တူချယ်လက်အောက်မှာ အဓိကကျတဲ့နေရာကနေပါဝင်ပတ်သက်ခဲ့ပြီး ရာသီကုန်မှာ ချန်ပီယံလိဂ်ဖလားကိုရယူနိုင်ခဲ့ပါတယ်။ ချယ်ဆီးအသင်းမှာတင်မဟုတ်ဘဲ အီတလီအသင်းမှာပါ ခြေစွမ်းပြနေတဲ့ ဂျော်ဂျင်ဟိုကို အန္တရာယ်ကောင်ပါလို့ အပီလီကွီတာက သတိပေးလိုက်တာ ဖြစ်ပါတယ်။

အပီလီကွီတာရဲ့စပိန်အသင်းနဲ့ ဂျော်ဂျင်ဟိုရဲ့ အီတလီအသင်းတို့ဟာ ဇူလိုင်လ (၇) ရက်နေ့မှာ ကစားမယ့် ယူရို ဆီမီးဖိုင်နယ်မှာ ပြိုင်ဘက်တွေအဖြစ်ရင်ဆိုင်ကစားကြမှာဖြစ်ပြီး ကလပ်အသင်းမှာ ရင်းနှီးခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ နိုင်ငံအသင်းအ သင်းတွေနဲ့ ရင်ဆိုင်တွေ့ချိန်မှာတော့ စပိန်အသင်းခေါင်းဆောင် အပီလီကွီတာ က အခုလို မှတ်ချက်ပေးလာခဲ့ပါတယ်။

“ကျွန်တော်တို့ ချယ်ဆီးအသင်းဖော်တွေ သီးသန့်ပြောတဲ့ Group လေးရှိပါတယ်။ အခုတော့ ကွင်းထဲမှာ ပြိုင်ဘက်တွေအဖြစ်ရင်ဆိုင်ရပြီပေါ့။ဒါဟာကောင်းမွန်တဲ့အရာပါ။ ဂျော်ဂျင်ဟိုဆိုတာ အီတလီရဲ့အရေးပါတဲ့ကစားသမားဆိုတာ သက်သေပြထားပြီးသားသူတစ်ယောက်ပါ။ သူက ဘောလုံးကို သူ့ခြေထဲထည့်ထားပြီး ပွဲကို ထိန်းချုပ်လေ့ရှိတယ်။ ကျွန်တော်တို့သာ သူ့ကိုထိန်းထားနိုင်ရင် စပိန်အသင်းက ဖိုင်နယ် တက်ရောက်နိုင်မှာပါ “ ဟု အပီလီကွီတာ က ပြောခဲ့ပါတယ်။

ဂျော်ဂျင်ဟိုဟာ အမှန်တကယ်လည်း ယူရိုပြိုင်ပွဲမှာ အီတလီအသင်းနှင့်အတူ ကွင်းလယ်ကနေ ခြေစွမ်းပြနေပြီးဆီမီးဖိုင်နယ်အထိရောက်အောင် စွမ်းဆောင်ပြထားတာပဲဖြစ်ပါတယ်။

အပီလီကွီတာနဲ့ ဂျော်ဂင်ဟိုတို့ဟာ ချယ်ဆီးကစားတွေဖြစ်ပြီး လာမယ့် ဇူလိုင်လ(၇)ရက်နေ့မှာ စပိန်အသင်းနဲ့အီတလီအသင်းတို့ရဲ့ ယူရိုဆီမီးဖိုင်နယ်ပွဲစဉ်ကို ကစားသွားမှာဖြစ်လို့ သူတို့နှစ်ဦးထဲက ဘယ်သူအသာစီးရယူသွားမလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းလာပါတယ်။
#NPNews #ယူရို ဆီမီးဖိုင်နယ်

Related news

© 2021. All rights reserved.