ဘာလင်မာရသွန်အပြေးပြိုင်ပွဲကို အချိန်(၃)နာရီအတွင်း ပြီးဆုံးအောင်ပြေးခဲ့သည့် One Direction အဖွဲ့ဝင်ဟောင်း ဟယ်ရီစတိုင်လ်
                        
                            
                             
 193
 
                             
                            
                            
                         
                        
Pika (NP News) - စက်တင်ဘာ ၂၈
	အင်္ဂလိပ်အဆိုတော်နှင့် One Direction အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဟယ်ရီစတိုင်လ်သည် ဘာလင်မာရသွန် အပြေးပြိုင်ပွဲကို အချိန် (၃) နာရီအတွင်း အောင်မြင်စွာပြီးဆုံးအောင်ပြေးနိုင်ခဲ့ကြောင်း သိရသည်။ ဘာလင်မာရသွန် အပြေးပြိုင်ပွဲတွင် ဟယ်ရီစတိုင်လ်ပါဝင်ခဲ့ကြောင်းကို ပွဲစီစဉ်သူများက တရားဝင်အတည်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
	အဆိုပါအပြေးပြိုင်ပွဲတွင် ဟယ်ရီစတိုင်လ်ပါဝင်မှုကို ဒေသတွင်းသတင်းစာ Der Tagesspiegel က ပထမဆုံးရေး သားဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသက်(၃၁) နှစ်အရွယ် One Direction အဖွဲ့ဝင်ဟောင်း ဟယ်ရီစတိုင်လ် သည် ကမ္ဘာပေါ်တွင် အမြန်ဆုံးမာရသွန်လမ်းကြောင်းအဖြစ် ကျယ်ပြန့်စွာ သတ်မှတ်ခံထားရသည့်အပြေးပြိုင်ပွဲ တွင် ပါဝင်ယှဉ် ပြိုင်ခဲ့သည့် အပြေးပြိုင်သူ (၅၅၀ဝဝ) ဦးအနက်မှ တစ်ဦးဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ရေး သားဖော်ပြခဲ့သည်။
	ဟယ်ရီစတိုင်လ်သည် အဆိုပါအပြေးပြိုင်ပွဲကို အချိန်(၂)နာရီ (၅၉)မိနစ်နှင့်(၁၃)စက္ကန့်အတွင်း အောင်မြင်စွာပြီး မြောက်အောင် ပြေးနိုင်ခဲ့ကြောင်း သိရသည်။ ဘာလင်မာရသွန် အပြေးပြိုင်ပွဲကို အချိန်(၃)နာရီအတွင်း အောင်မြင်စွာ ပြေးနိုင်မှုသည် အပြေးသမားအများအပြားလိုချင်နေသည့် အမှတ်အသား တစ်ခုဖြစ်ကြောင်းလည်းသိရသည်။
	ထို့ပြင် ဟယ်ရီစတိုင်လ်သည် မသန်စွမ်း အားကစားပြိုင်ပွဲတွင် မီတာ(၂၀ဝ)ကျော်အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု နှစ်ကြိမ်ရရှိခဲ့သည့် Richard Whitehead နှင့်အတူ ဓာတ်ပုံရိုက်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ဟယ်ရီ စတိုင်လ်၏ ပွဲဦးထွက်အယ်လ်ဘမ် Harry Styles သည် အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံအများအပြားရှိ အယ်လ် ဘမ်ဇယားများတွင် ထိပ်ဆုံးနေရာ၌ရပ်တည်ခဲ့ကြောင်းလည်း သိရသည်။
                     
                        
                                                                    
Zawgyi Version: 
ဘာလင္မာရသြန္အေျပးၿပိဳင္ပြဲကို အခ်ိန္(၃)နာရီအတြင္း ၿပီးဆုံးေအာင္ေျပးခဲ့သည့္ One Direction အဖြဲ႕ဝင္ေဟာင္း ဟယ္ရီစတိုင္လ္
Pika (NP News) - စက္တင္ဘာ ၂၈
	အဂၤလိပ္အဆိုေတာ္ႏွင့္ One Direction အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္သူ ဟယ္ရီစတိုင္လ္သည္ ဘာလင္မာရသြန္ အေျပးၿပိဳင္ပြဲကို အခ်ိန္ (၃) နာရီအတြင္း ေအာင္ျမင္စြာၿပီးဆုံးေအာင္ေျပးႏိုင္ခဲ့ေၾကာင္း သိရသည္။ ဘာလင္မာရသြန္ အေျပးၿပိဳင္ပြဲတြင္ ဟယ္ရီစတိုင္လ္ပါဝင္ခဲ့ေၾကာင္းကို ပြဲစီစဥ္သူမ်ားက တရားဝင္အတည္ျပဳခဲ့ၿပီးေနာက္ ယခုကဲ့သို႔ သတင္းမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
	အဆိုပါအေျပးၿပိဳင္ပြဲတြင္ ဟယ္ရီစတိုင္လ္ပါဝင္မႈကို ေဒသတြင္းသတင္းစာ Der Tagesspiegel က ပထမဆုံးေရး သားေဖာ္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အသက္(၃၁) ႏွစ္အ႐ြယ္ One Direction အဖြဲ႕ဝင္ေဟာင္း ဟယ္ရီစတိုင္လ္ သည္ ကမာၻေပၚတြင္ အျမန္ဆုံးမာရသြန္လမ္းေၾကာင္းအျဖစ္ က်ယ္ျပန႔္စြာ သတ္မွတ္ခံထားရသည့္အေျပးၿပိဳင္ပြဲ တြင္ ပါဝင္ယွဥ္ ၿပိဳင္ခဲ့သည့္ အေျပးၿပိဳင္သူ (၅၅၀ဝဝ) ဦးအနက္မွ တစ္ဦးျဖစ္ေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ေရး သားေဖာ္ျပခဲ့သည္။
	ဟယ္ရီစတိုင္လ္သည္ အဆိုပါအေျပးၿပိဳင္ပြဲကို အခ်ိန္(၂)နာရီ (၅၉)မိနစ္ႏွင့္(၁၃)စကၠန႔္အတြင္း ေအာင္ျမင္စြာၿပီး ေျမာက္ေအာင္ ေျပးႏိုင္ခဲ့ေၾကာင္း သိရသည္။ ဘာလင္မာရသြန္ အေျပးၿပိဳင္ပြဲကို အခ်ိန္(၃)နာရီအတြင္း ေအာင္ျမင္စြာ ေျပးႏိုင္မႈသည္ အေျပးသမားအမ်ားအျပားလိုခ်င္ေနသည့္ အမွတ္အသား တစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။
	ထို႔ျပင္ ဟယ္ရီစတိုင္လ္သည္ မသန္စြမ္း အားကစားၿပိဳင္ပြဲတြင္ မီတာ(၂၀ဝ)ေက်ာ္အေျပးၿပိဳင္ပြဲမွာ ေ႐ႊတံဆိပ္ဆု ႏွစ္ႀကိမ္ရရွိခဲ့သည့္ Richard Whitehead ႏွင့္အတူ ဓာတ္ပုံ႐ိုက္ျခင္းမ်ားလည္း လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ ဟယ္ရီ စတိုင္လ္၏ ပြဲဦးထြက္အယ္လ္ဘမ္ Harry Styles သည္ အေမရိကန္၊ ၿဗိတိန္ႏွင့္ အျခားႏိုင္ငံအမ်ားအျပားရွိ အယ္လ္ ဘမ္ဇယားမ်ားတြင္ ထိပ္ဆုံးေနရာ၌ရပ္တည္ခဲ့ေၾကာင္းလည္း သိရသည္။