မြန်မာအခက်အခဲများကိုဖြေရှင်းနိုင်ရန် အာဆီယံသဘောတူညီချက်ငါးချက်ကို အလျင်အမြန် အကောင်ထည်ဖော်မည်ဟု စင်ကာပူအစိုးရပြော

 679

ဂျန်ဇက် (NP News) - ဇူလိုင် ၇
အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်နေသည့် အခက်အခဲများကိုဖြေရှင်းနိုင်ရန် စစ်ကောင်စီ ဥက္ကဋ္ဌ နှင့် ရရှိထားသည့် သဘောတူညီချက်ငါးချက်ကိုအကောင်ထည်ဖော်နိုင်ရန် အမြန်လုပ်ဆောင်သွားမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကထုတ်ဖော်ပြောဆိုလိုက်ကြောင်း ရိုက်တာသတင်းဖော်ပြချက်အရသိရသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က "အာဆီယံအဖွဲ့နဲ့စစ်အစိုးရခေါင်းဆောင်ကြားရထားတဲ့သဘောတူညီချက်ငါးချက်ကို အကောင်ထည် ဖော်နိုင်ဖို့နှေးကွေးနေတယ်ဆိုတာလက်ခံပါတယ်။ အဲဒီအတွက်လည်း အနည်းငယ်စိတ်ပျက်မိပါတယ်။ လက်ရှိအချိန်မှာမြန်မာနိုင်ငံအတွင်းဖြစ်နေတဲ့ အကြမ်းဖက်မှုတွဖြေလျော့နိုင်ဖို့လူသားချင်းဆိုင်ရာအကူညီလိုအပ်ချက်တွေသက်သာလျော့ပါးစေဖို့အာဆီယံအဖွဲ့ကြီးအတွင်းလုပ်ဆောင်နေပါတယ်" ဟု ပြောသည်။

ထို့ပြင်မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် ပုံမှန်အခြေအတိုင်းပြန်ဖြစ်စေရန် မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီးပါဝင်ပတ်သက်သူအားလုံးနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်မည့် လမ်းကြောင်းပေါ်ကို ပြန်ရောက်ရန်လုပ်ဆောင်နေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

အာဆီယံအဖွဲ့ကြီးသည် ဧပြီလအတွင်းကကျင်းပခဲ့သည့် မြန်မာအရေးထိပ်သီးအစည်းဝေးတွင် ပြသာနာများကိုဖြေရှင်းနိုင်ရန် စစ်အစိုးရခေါင်းဆောင် နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီငါးချက်ရယူနိုင်ခဲ့သော်လည်း အဆိုပါ သဘောတူညီချက်ငါးချက်ကိုပြီးဆုံးအောင်လုပ်ရမည့် အချိန်သတ်မှတ်ချက်မပါဝင်ခဲ့ပေ။

ပြီးခဲ့သည့်လကကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင်လည်း မြန်မာနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းတင်သွင်းရောင်းချမှုများ တားဆီးရပ်တန့်ရန် တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးထိန်းသိမ်းထားသူများကိုပြန်လွှတ်ပေးရန် နိုဝင်ဘာလကကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်ကိုလေးစားရန် တိုက်တွန်းတောင်းဆိုခဲ့ကြသည်။ အဆိုပါကုလသမဂ္ဂညီလာခံတွင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့သည် ကုလသမဂ္ဂဆုံးဖြတ်ချက်ကိုထောက်ခံကြောင်းဆန္ဒမဲပေးခဲ့ပြီး ဘရူးနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့ကမဲမပေးဘဲရှိနေခဲ့သည်။ အဆိုပါအစည်းအဝေးတွင် NUG ကခန့်အပ်ထားသည့် သံအမတ်ကြီးကျော်မိုးထွန်းကမိန့်ခွန်းပြောခဲ့သည်။

“အာဆီယံအဖွဲ့ကြီးအနေနဲ့ သဘောတူညီငါးချက်ကိုလက်တွေ့အကောင်ထည်ဖော်နိုင်ဖို့လျင်အမြန် ဒါမှမဟုတ်လွယ်ကူအေးဆေးစွာမလုပ်နိုင်ပေမယ့်အဲဒီသဘောတူညီချက်ငါးချက်နဲ့ပတ်သက်တဲ့လုပ်ငန်းကိုဆောင်ရွက်ရာမှာချီတုံချတုံဖြစ်နေမှာမဟုတ်ဘူး” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက စင်ကာပူနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းတင်သွင်းရောင်းချခြင်းမျိုးမလုပ်ရန် သတ်မှတ်ထားသည့် သဘောတူညီချက်များကိုလိုက်နာသွားမည်ဖြစ်ကြောင်းပြောသည်။
#NPNews

Related news

© 2021. All rights reserved.