ကိုဗစ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး
780
NP News - ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့တွင် ကိုဗစ်ရောဂါ ထိန်းချုပ် ကာကွယ်ရေး အသိပညာပေးနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ လိုက်လံဝေငှနေသည့် ပြည်သူများကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ရကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဇူလိုင်လ ၁၄ ရက် ) နံနက်ပိုင်းက မြစ်ငယ်မြို့တွင် နေထိုင်သူ ဒေါ်သက်သက်ချို အပါအဝင် ပြည်သူ (၇) ဦးတို့ သည် ကိုဗစ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် မြစ်ငယ်မြို့ ဈေးအဝင်လမ်းထိပ်တွင် ကိုဗစ်အသိပ ညာပေးဟောပြောခြင်း၊ နှာခေါင်းစည်း (mask) နှင့် လက်ဆေးဂျယ်များ ဝေငှပေးနေစဉ် အမည်မသိ လက်နက် ကိုင် အမျိုးသားနှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာခဲ့ပြီး သေနတ်ဖြင့် ၉ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်ခံရမှုကြောင့် ဒေါ်သက်သက်ချိုသည် ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေ ရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ရပြီး ၎င်းသည် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း သိရသည်။ အမျိုးသား (၃) ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့သဖြင့် ဒဏ်ရာရရှိခဲ့သူများကို မန္တလေးမြို့ အထွေထွေရောဂါပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ဆောင်နေကြသည့် ပြည်သူများအား ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အဆိုပါ အမည်မသိလက်နက်ကိုင် တရားခံနှစ်ဦးအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေလျက်ရှိပြီး ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#NPNews