အမေရိကန်ကိုသတိပေးမှုအဖြစ် တရုတ်က ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်

 1114

ဂျန်ဇက် (NP News) - ဇူလိုင် ၁၉
အမေရိကန်တိုက်လေယာဉ်တွေ ထိုင်ဝမ်ကျွန်းပေါ်ကို ဝင်ရောက်ခဲ့ပြီးနောက် တရုတ်ပြည်သူလွှတ်မြောက်ရေးတပ်မတော် PLA နဲ့ရေတပ်ဖွဲ့တို့ဟာ သောကြာနေ့က တရုတ်နိုင်ငံ Fujian ဒေသအရှေ့ဘက်ပိုင်းကမ်းလွန်ပင်လယ်ပြင်မှာ ပူးပေါင်းစစ်ရေးလေ့ကျင့်နေတယ်လို့ သိရပါတယ်။

အမေရိကန်တိုက်လေယာဉ်တွေဟာ ကြာသပတေးနေ့က ထိုင်ဝမ်ကျွန်းကို နှစ်လနီးပါးအတွင်း ဒုတိယအကြိမ်ကျူးကျော်ဝင်ရောက်လာပြီး နောက်တစ်ရက်အကြာမှာပဲ တရုတ်အစိုးရတပ်ဖွဲ့တွေက ကြီးမားတဲ့ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တာပါ။ အဲဒီ စစ်ရေးလေ့ကျင့်မှုဟာတရုတ် PLA တပ်ဖွဲ့တွေအတွက် နိုင်ငံအချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသလိုက်တာဖြစ်သလို အမေရိကန်နဲ့ထိုင်ဝမ်ကို သတိပေးလိုက်တာဖြစ်ကြောင်း စစ်ရေးလေ့လာမှုကျွမ်းကျင်သူတွေက ဆိုပါတယ်။

တရုတ် PLA တပ်ရင်း(၇၃)အဖွဲ့နဲ့အတူ ကြီးမားတဲ့အမြောက်တွေပါဝင်ခဲ့ပြီး ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တာဖြစ်ပြီး Fujian ကမ်းရိုးတန်းအရှေ့တောင်ပိုင်းဒေသရှိ ရေပြင်ထဲကို အမြောက်တွေပစ်ဖောက်တာမျိုး ရှိခဲ့ကြောင်း သိရပါတယ်။ စစ်ရေးလေ့ကျင့်မှုအတွင်း Type 05 series အမျိုးအစားတင့်ကားပေါင်း ဒါဇင်ချီပူးပေါင်းလေ့ကျင့်ခဲ့ပြီး အဲဒီကမ်းတက်တင့်ကားတွေဟာ ကမ်းရိုးတန်းကနေ ပင်လယ်ပြင်ဘက်ကို မောင်းသွားခဲ့ကာ တရုတ်ရေတပ်ရဲ့အကွာအဝေးများစွာကို ဖြတ်သန်းမောင်းနှင်နိုင်စွမ်းရှိတဲ့ Type 072 A အမျိုးစားစစ်ရေယာဉ်တွေပေါ်မှာ စစ်သားများ လိုက်ပါလေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။ တရုတ်စစ်တပ်ပိုင်ဆိုင်တဲ့ Type 05 series အမျိုးအစား တင့်ကားတွေရဲ့ စွမ်းဆောင်မှုပိုင်း ပိုမိုကောင်းမွန်လာခဲ့ပြီး ပင်လယ်ထဲမှာ သွားလာလှုပ်ရှားမှုပိုင်း ကောင်းမွန်လာခဲ့အပြင် ပစ်ခတ်နိုင်စွမ်းနဲ့ သတင်းအချက်လက်ရယူနိုင်စွမ်း ပိုမိုကောင်းမွန်အောင် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ကြောင်း သိရပါတယ်။

ပင်လယ်ပြင်အတွင်းရှိပစ်မှတ်နေရာတွေကို ချဉ်းကပ်ပြီးနောက် စစ်သင်္ဘောပေါ်က ဆင်းလာတဲ့ ကမ်းတက်ရေယာဉ်တွေ၊ တင့်ကားတွေ ဟာကမ်းခြေရှိ ပစ်မှတ်နေရာတွေကို တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးလေ့ကျင့်မှုတွေကို စောင့်ကြည့်နေသူများကဆိုပါတယ်။

Related news

© 2021. All rights reserved.