ကာကွယ်ဆေးထိုးနှံမှုမှားယွင်းခဲ့ခြင်းအပေါ် မလေးရှားတာဝန်ရှိသူတွေက လူထုကိုတောင်းပန်

 1030

ရောင်နီ (NP News) - ဇူလိုင် ၂၄

မလေးရှားနိုင်ငံဟာ တစ်နိုင်ငံလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံမှုလုပ်ဆောင်ချက်မှာ ကာကွယ်ဆေး မပါဝင်တဲ့ ဆေးထိုးအပ်နဲ့ လူတစ်ယောက်ကို ကာကွယ်ဆေးမှားယွင်းထိုးနှံပေးမိကြောင်း အတည်ပြုပြောကြားပြီး ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ယင်းအပြင် ကာကွယ်ဆေး ထိုးပြီးသားလား၊ မထိုးရသေးတာလား မရှင်းလင်းခြင်းကြောင့် လူတစ်ယောက်တည်းကိုပဲ ကာကွယ်ဆေးပိုလျှံစွာထိုးမိခဲ့တဲ့ဖြစ်ရပ်လည်းရှိသေးကြောင်း သိပ္ပံ၊ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှု ဝန်ကြီး Khairy Jamaluddin က သောကြာနေ့ ( ဇူလိုင် ၂၃ ရက်နေ့ ) မှာ ပြောကြားခဲ့ပါတယ်။ “ ဒီလိုအမှားမျိုးဟာ တစ်ကြိမ်တည်းကျုးလွန်မိရင်တောင် များလွန်းတယ်။ ဒါ့ကြောင့် ပေါ့ဆမှုတွေရှိခဲ့ရင် သူတို့အတွက်တောင်းပန်ပါတယ်။ ဒီထက်ပိုကောင်းအောင် ကျွန်တော်တို့ လုပ်နိုင်မှာပါ ”လို့ Mr Khairy က ပြောကြားခဲ့ပါတယ်။ Khaah ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ကာကွယ်ဆေးမပါဘဲထိုးနှံမှု (ဗလာကာကွယ်ဆေး ထိုးနှံမှု) အဖြစ်အပျက်ကို သူနာပြုဆရာမတစ်ဦးက သူမပင်ပမ်းနွမ်းနယ်မှုကြောင့် ပေါ့ဆခဲ့မိကြောင်း ဝန်ခံအတည်ပြုခဲ့ကြောင်း၊ သူမအပေါ် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့အစီရင်ခံစာ ၁၃ ခုအရ ဒီဖြစ်ရပ်ဟာ ပါဝင်ပတ်သက်သူများမှာလည်း အမှားရှိနေနိုင်ကြောင်း Mr Khairy က ဆိုပါတယ်။ သောကြာနေ့က ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ မလေးရှားနိုင်ငံမှာ ကိုှဗစ်ကာကွယ်ဆေး ၁၆၀၂၄၉၁၆ သန်းထိ ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံအတွင်း အရွယ်ရောက်ပြီးသူ လူဦးရေရဲ့ထက်ဝက်နီးပါး အနည်းဆုံးကာကွယ်ဆေးတစ်ကြိမ်ရရှိထားပြီး ၂ ကြိမ်ပြည့် ကာကွယ်ဆေးထိုးပြီးသူ ၂၁ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ကာကွယ်ဆေးထိုးရာမှာ နောက်ထပ်အမှားအယွင်းများဖြစ်ခြင်းမှ ကာကွယ်ဖို့အတွက် ကာကွယ်ဆေးထိုးပြီးသူတိုင်း မှတ်တမ်းတင်ထားဖို့ ခွင့်ပြုထားကြောင်း Mr Khairy က ဆိုပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် လူကြီးများအားလုံး အောက်တိုဘာလမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားဖို့ အစိုးရက တိုက်တွန်းထားပြီး သောကြာနေ့ကတော့ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ၁၅၅၇၃ ဦးထပ်တိုးခဲ့တယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.