ဗြိတိန်တော်ဝင်မင်းသား Andrew လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုဖြင့် တရားစွဲခံရ

1030

ရောင်နီ ( NP News ) - သြဂုတ် ၁၁
ဗြိတိန်တော်ဝင်မင်းသား Andrew သည် အသက်မပြည့်သေးသည့် အမျိုးသမီး တစ်ဦးအား လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုဖြင့် နယူးယောက်တရားရုံးတွင် သြဂုတ်လ ၉ ရက်က တရားစွဲခံခဲ့ရကြောင်း ဘန်ကောက်ပို့စ် သတင်းဖော်ပြချက်အရသိရသည်။
အမေရိကန်ခရိုင်၊ Manhattan တရားရုံးတွင် အမှုဖွင့်စဉ်က တရားလို Virginia Giuffre က Andrew သည် တရားခံ ဖြစ်ကြောင်း၊ သူမကို ဗြိတိန် ဘဏ္ဍာရေးမှူး Epstein က ပုံမှန်အနိုင်ကျင့်စော်ကားခဲ့ပြီးနောက် အခြားအာဏာရှိ အမျိုးသားတစ်ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းအာဏာရှိ အမျိုးသားသည် မင်းသား Andrew ဖြစ်ကြောင်း၊ Epstein၊ Maxwell၊ မင်းသား Andrew သည် လွန်ခဲ့သည့် အနှစ် ၂ဝ ကျော်၊ သူမအသက် ၁၈ နှစ်မပြည့်သေးသည့် အရွယ်က လန်ဒန်ရှိ Ghislaine Maxwell ၏ နေအိမ်တွင် သူမကို အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အသက် ၆၁ နှစ်ရှိပြီဖြစ်သည့် မင်းသား Andrew သည် Giuffre နှင့် လိင်ဆက်ဆံခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို အပြင်းအထန် ငြင်းဆန်ခဲ့ပြီး သူမနှင့်တွေ့ဆုံခဲ့ခြင်းကို မမှတ်မိတော့ကြောင်း၊ အဆိုပါ စွပ်စွဲချက်သည် ဗြိတိသျှတော်ဝင် မိသားစုကို ပျက်စီးစေရန် ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ပြောသည်။
ဘုရင်မကြီး၏ ဒုတိယသားဖြစ်သူ Andrew သည် Epstein နှင့် မိတ်ဆွေများဖြစ်ကြပြီး Giuffre ကို US Virgin Islands ရှိ Epstein ၏ New York စံအိမ်တွင်လည်း အနိုင်ကျင့်ခဲ့ကြောင်း သိရသည်။ ယခုအသက် ၃၈ နှစ်ရှိပြီဖြစ်သည့် Giuffre က အသက် ၁၇ နှစ်အရွယ် ကလေးသူငယ်ဥပဒေအရ Andrew ကို တရားစွဲဆိုနေခြင်း ဖြစ်ကြောင်း သိရသည်။
Epstein သည် ဒေါ်လာဘီလျံနှင့်ချီသည့် ရံပုံငွေမန်နေဂျာဖြစ်ခဲ့ပြီး ယခင်သမ္မတဟောင်း Bill Clinton နှင့် Bill Gates တို့အပါအဝင် နာမည်ကြီးများနှင့်ရင်းနှီးသူလည်း ဖြစ်ကာ လူကုန်ကူးမှုနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော် ကားမှု စွဲချက်များဖြင့် ၂ဝ၁၉ ခုနှစ်က တရားရင်ဆိုင်ခဲ့ရပြီး ထောင်ထဲတွင် သူ့ကိုယ်သူ သတ်သေခဲ့သည်။ Maxwell သည် Epstein အတွက် အသက်မပြည့်သေးသည့် မိန်းကလေးများ စုဆောင်းခြင်းပေးခြင်း စွဲချက်အတွက် အပြစ်မရှိကြောင်း တရားရုံးတွင် ဧပြီလက ထွက်ဆိုခဲ့သည်။
#NPNews