ဂျပန်နိုင်ငံတွင် ရေကြီး၊ မြေပြိုမှုများဖြစ်လာနိုင်သည့်အတွက် လူပေါင်း (၅)သန်းကျော် ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးရ

740

ဂျန်ဇက် (NP News) - သြဂုတ် ၁၄
ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီး၊ မြေပြိုမှုများဖြစ်လာနိုင်သည့်အတွက် ဂျပန်အစိုးရသည် လူပေါင်း(၅)သန်းကျော်အား ဘေးလွတ်ရာကိုရွှေ့ပြောင်းနေထိုင်ရန်အမိန့်ပေးထားကြောင်း NHK သတင်းဖော်ပြချက်အရသိရသည်။
ဂျပန်သတင်းဌာန NHK ကဂျပန်အစိုးရတာဝန်ရှိသူများသည် ဟာဆာဂါ၊ နာဂါဆာကီ၊ ဖူကူအိုကာ၊ ဟီယိုရှီးမား ဒေ သမှ သန်းနှင့်ချီသည့် လူများကိုဘေးလွှတ်ရာကိုရွှေ့ပြောင်းနေထိုင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ဘေးလွှတ်ရာကိုရွှေ့ ပြောင်းနေထိုင်ရန် သတိပေးချက်အဆင့် (၅)ထုတ်ပြန်ထားကြောင်းသိရသည်။ ဂျပန်နိုင်ငံမိုးလေဝသဌာနတာဝန်ရှိသူများကမိုးရွာသွန်းမှုများသည် သီတင်းပတ်တစ်ပတ်ကြာ ရွာသွန်းမှုများဆက်လက်ရှိနိုင်ကြောင်းသတိပေးထား သည်။
မိုးလေဝသဌာနအကြီးအကဲတစ်ဦးက မိုးရွာသွန်းမှုများသည် မကြံဖူးသည့်အခြေနေမျိုးရှိလာနိုင်ပြီးပြည်သူများအ နေဖြင့် ဘေးလွတ်ရာကိုရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားမှုများကိုလိုက်နာရမည်ဟု သတိပေးထားသည်။ မီး သတ်သမားများနှင့် ကယ်ဆယ်ရေးအလုပ်သမားများသည် ရေကြီးမှုများအတွင်းပိတ်မိနေသူများကိုကယ်ဆယ်နေရပြီး မြစ်များသည်လည်းမြစ်ရေမြင့်တက်မှုများဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကာ မြစ်ကလျှံလာသည်ရေများလမ်း များကိုဝင်ရောက်ဖွယ်ရှိနေကြောင်း သိရသည်။
ကျူရူဒေသတောင်ပိုင်းရှိမြို့များတွင် သြဂုတ်လ (၁၄) ရက်ကရေများသည် တစ်နာရီကို (၁ ဒသမ ၆ လက်မ) အထိတက်နေပြီးနောက် ၂၄ နာရီအတွင်း (၉ ဒသမ ၈လက်မ) အထိတက်လာနိုင်ကြောင်း မိုးလေဝသဌာနမှတာဝန်ရှိသူများကပြောသည်။ ဂျပန်ဝန်ကြီးချုပ်ယိုရှီဟီဒီဆူဂါက အစိုးရအနေဖြင့် ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်းပြီးသဘာဝဘေးအန္တရာယ်ထိန်းချုပ်ရေးစင်တာများ တည်ထောင်ကူညီပေးသွားမည်ဟုလည်းပြောထားသည်။
#NPNews