ကမ္ဘာ့အကောင်းဆုံး ဂန္တဝင်ဘောလုံးသမားကြီး ဂတ်မူလာ ကွယ်လွန်ပြီ

 835

မိုးတိမ် (NP News) - သြဂုတ် ၁၅
ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားကြီးတစ်ဦးအဖြစ် ဂန္တဝင်မှတ်တမ်းရှင် ဂျာမနီကစားသမားကြီး ဂတ် မူလာဟာ အသက်(၇၅)အရွယ်မှာပဲ ကွယ်လွန်ဆုံးပါးသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဂျာမနီအသင်းအတွက်ရော၊ ဘိုင်ယန်မြူးနစ်အသင်းအတွက်ပါ ထာဝရဂန္တဝင်ကစားသမားကြီးအဖြစ် မှတ်တမ်းရေးထိုးထားနိုင်သူ ဂတ်မူလာဟာ သြဂုတ်လ(၁၅)ရက်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး လူကြီးရောဂါတစ်ခုခုကြောင့်လို့ပဲ ယူဆရမှာဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်တွေမှာတော့ ဘယ်ရောဂါကြောင့် ဆုံးပါးသွားတယ်ဆိုတာ မဖော်ပြထားပေမယ့် ကလပ်အသင်းဘက်ကရော၊ ဂျာမနီဘက်ကပါ ဒီသတင်းဟာ ဆိုးဝါးလှတဲ့သတင်းတစ်ခုအဖြစ် မှတ်တမ်းဖော်ပြကြပါတယ်။ " ဒီနေ့ဟာ ဘိုင်ယန်မြူးနစ်အတွက်ရော ဂျာမနီအသင်းအတွက်ရော ဘောလုံးပရိသတ်တွေအားလုံးအတွက်ပါ အမှောင်ကျတဲ့နေ့တစ်နေ့ပါပဲ " လို့ ဘိုင်ယန်မြူးနစ်အသင်းရဲဥက္ကဋ္ဌ Herbert Hainer က ပြောပါတယ်။ ရှဝိန်းစတိုင်ဂါ၊ ဖိလစ်လမ်း အစရှိတဲ့ ဂျာမနီအသင်းရဲနာမည်ကျော်ကစားသမားကြီးတွေအားလုံးလိုလိုကတည်း တွစ်တာပေါ်ကနေ ဝမ်းနည်းကြောင်း မှတ်ချက်ပြုစကားတွေ ရေးသားကြတာကိုတွေ့ရပါတယ်။
ဂတ်မူလာဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ ရှားပါးလှတဲ့ဂန္တဝင်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ကမ္ဘာ့ဖလား(၆၂)ပွဲကစားရာမှာ သွင်းဂိုးပေါင်း(၆၈)ဂိုးအထိ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းအတွက်လည်း ၁၅ နှစ်အတွင်းမှာ ပွဲပေါင်း ၅၉၄ ပွဲကစားပြီး သွင်းဂိုးပေါင်း ၅၄၇ ဂိုးအထိ သွင်းယူခဲ့တဲ့ ဘိုင်ယန်အသင်းရဲ့ထာဝရသွင်းဂိုးအများဆုံးကစားသမားလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးသမိုင်းမှာတော့ ၁၉၇၀ ကမ္ဘာ့ဖလားဆုရှင်လည်းဖြစ်သလို ဘလွန်းဒီအောဆုကို ကမ္ဘာ့ဖလားသွင်းဂိုး(၁၀)ဂိုးနဲ့ ရှားရှားပါးပါး ဘယ်သူမှလိုက်မမီအောင် ရရှိခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့ဖလားဘောလုံးသမိုင်းမှာ ဆယ်ဦးထက်ပိုမရှိတဲ့ ဂန္တဝင်ကစားသမားကြီးတစ်ဦးအဖြစ် မှတ်တမ်းဝင်ဂုဏ်ပြုခံထားရသူလည်း ဖြစ်ပါတယ်။

Related news

© 2021. All rights reserved.