ဖောက်ခွဲရေးလုပ်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အမျိုးသား ၁ ဦးသေဆုံးမှု ဖြစ်ပွား

 1673

NP News - သြဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ အကြမ်းဖက်သမားများမှ ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဩဂုတ်လ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ကလေးမြို့နယ် စုပေါင်းရုံးအနီးတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် စုပေါင်းရုံး၏အနီး အရှေ့မြောက် ထောင့်လမ်းကြား ဘက်မှ ပေါက်ကွဲသံကြားခဲ့ရသဖြင့် သွားရောက်စစ်ဆေးကြရာ ညောင်ပင်သာရပ်၊ အိမ်အမှတ်(၂၇/၄)တွင် အိမ်ငှားနေထိုင်သူ ဇော်ရဲအောင်(စိစစ်ဆဲ) သည် အဆိုပါ ခြံဝင်းအတွင်း၌ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များပြုလုပ်ရန်အတွက် လက်လုပ်မိုင်းအား တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ၎င်း၏ ယာလက်မောင်း၊ ဝမ်းဗိုက်နှင့် အောက်ပိုင်း ပြတ်ထွက်ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရာ ၎င်း၏ရုပ်အလောင်းအနီးမှ ပေါက်ကွဲထားသည့် Keypad ဖုန်းနှင့် PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက် လုပ်မိုင်း အပိုင်းအစများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဆိုပါအမျိုးသားဌားရမ်းနေထိုင်သော နေအိမ်အတွင်းသို့ ဆက်လက်၍ ဝင်ေ ရာက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားပြီး Keypad ဖုန်းဖြင့် ချိတ်ဆက် ပြုလုပ်ထား သည့် လက်လုပ်မိုင်း တစ်လုံး၊ ဆားကစ်ပြား၊ ဝါယာကြိုးတို့ဖြင့် ချိတ်ဆက်ထားသည့် Keypad ဖုန်း ၇ လုံး နှင့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်လုပ်မိုင်းတပ်ဆင်ရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့သည့် ဇော်ရဲအောင်၏အလောင်းကို ရဲလုပ်ငန်းများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ပြီး ၎င်းနှင့်ဆက်စပ်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#NPNews

Related news

© 2021. All rights reserved.