ရုရှားမှာ အစိုးရအပြောင်းအလဲအတွက် ယူကရိန်းသမ္မတ တောင်းဆို

 487

Pika (NP News) - သြဂုတ် ၂

ရုရှားမှာအစိုးရအပြောင်းအလဲအတွက် တွန်းအားပေးကြဖို့ ၎င်းရဲ့အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံတွေ ကို ယူကရိန်းသမ္မတဇီလန်စကီးက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဇီလန်စကီးဟာ ဟယ်လ်စင်ကီ သဘောတူညီချက် နှစ်ပေါင်း(၅၀)ပြည့် အထိမ်းအမှတ်ညီလာခံမှာ ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
ဒါပေမယ့်လည်း အနောက်အုပ်စုနိုင်ငံတွေရဲ့လုပ်ရပ်တွေအားလုံးဟာ ရုရှား-ယူကရိန်းပဋိပက္ခကို ဆက်လက်ဖြစ်ပွား စေတဲ့ အဓိကအချက်တစ်ခုဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။
ဇီလန်စကီးက “ဒီစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ရုရှားကို တွန်းအားပေးလို့ရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးက ရုရှားမှာအစိုးရကိုပြောင်းလဲဖို့ မရည်ရွယ်ထားဘူးဆိုရင် ဒီစစ်ပွဲပြီးသွားရင်တောင် ရုရှားက အိမ်နီးချင်းနိုင်ငံတွေကို မတည်မငြိမ်ဖြစ်အောင်လုပ်ဖို့ ဆက်လက်ကြိုးစားနေဦးမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရုရှားရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို သိမ်းယူဖို့ ၎င်းရဲ့ကျောထောက်နောက်ခံနိုင်ငံတွေအားလုံးကို ဇီလန်စကီးက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ဇီလန်စကီးက “ရုရှားရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို သိမ်းယူဖို့ အချိန်တန်ပါပြီ။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် သိမ်းယူထားတဲ့ ရုရှားရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို အသုံးချဖို့ အချိန်တန်ပါပြီ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားမွာ အစိုးရအေျပာင္းအလဲအတြက္ ယူကရိန္းသမၼတ ေတာင္းဆို
Pika (NP News) - ၾသဂုတ္ ၂
႐ုရွားမွာအစိုးရအေျပာင္းအလဲအတြက္ တြန္းအားေပးၾကဖို႔ ၎ရဲ႕အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံႏိုင္ငံေတြ ကို ယူကရိန္းသမၼတဇီလန္စကီးက ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ဇီလန္စကီးဟာ ဟယ္လ္စင္ကီ သေဘာတူညီခ်က္ ႏွစ္ေပါင္း(၅၀)ျပည့္ အထိမ္းအမွတ္ညီလာခံမွာ ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္တယ္လို႔ လည္း သိရပါတယ္။
ဒါေပမယ့္လည္း အေနာက္အုပ္စုႏိုင္ငံေတြရဲ႕လုပ္ရပ္ေတြအားလုံးဟာ ႐ုရွား-ယူကရိန္းပဋိပကၡကို ဆက္လက္ျဖစ္ပြား ေစတဲ့ အဓိကအခ်က္တစ္ခုျဖစ္တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။
ဇီလန္စကီးက “ဒီစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ႐ုရွားကို တြန္းအားေပးလို႔ရမယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ဒါေပမယ့္ ကမာၻႀကီးက ႐ုရွားမွာအစိုးရကိုေျပာင္းလဲဖို႔ မရည္႐ြယ္ထားဘူးဆိုရင္ ဒီစစ္ပြဲၿပီးသြားရင္ေတာင္ ႐ုရွားက အိမ္နီးခ်င္းႏိုင္ငံေတြကို မတည္မၿငိမ္ျဖစ္ေအာင္လုပ္ဖို႔ ဆက္လက္ႀကိဳးစားေနဦးမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားရဲ႕ပိုင္ဆိုင္မႈေတြအားလုံးကို သိမ္းယူဖို႔ ၎ရဲ႕ေက်ာေထာက္ေနာက္ခံႏိုင္ငံေတြအားလုံးကို ဇီလန္စကီးက တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ ဇီလန္စကီးက “႐ုရွားရဲ႕ပိုင္ဆိုင္မႈေတြအားလုံးကို သိမ္းယူဖို႔ အခ်ိန္တန္ပါၿပီ။ ႐ုရွားရဲ႕ က်ဴးေက်ာ္တိုက္ခိုက္မႈေတြကို ကာကြယ္ဖို႔အတြက္ သိမ္းယူထားတဲ့ ႐ုရွားရဲ႕ပိုင္ဆိုင္မႈေတြအားလုံးကို အသုံးခ်ဖို႔ အခ်ိန္တန္ပါၿပီ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.