လစဉ် Covid – 19 ကာကွယ်ဆေး (၆)သန်းအထိ ဖြည့်ဆည်းပေးနိုင်သည်ဆိုသည့် ထိုင်းက ဘူတန်မှကာကွယ်ဆေးများ ချေးရန်ကြိုးပမ်း

624

ရောင်နီ (NP News) - သြဂုတ် ၁၇
Astra Zeneca COVID-19 ကာကွယ်ဆေးများကို နိုင်ငံတွင်းထုတ်လုပ်မှုများ ပြုလုပ်နေသည့် ထိုင်းသည် ကာကွယ် ဆေးမလုံလောက်မှုကြောင့် ဟိမဝန္တာနိုင်ငံငယ် ဘူတန်မှ ကာကွယ်ဆေး ၁၅ဝဝဝဝ ကို ချေးငှားရန် ကြိုးစားနေကြောင်း တာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု CNA သတင်းဖော်ပြချက်အရသိရသည်။
ထိုင်းနိုင်ငံသည် အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးနှံမှု မစတင်မီ နှစ်လအလိုက အဆိုးရွားဆုံးကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ထိခိုက်ခဲ့ရသည့် စတော့ရှယ်ယာများကို မြှင့်တင်ရန်ကြိုးပမ်းခဲ့သည်။ လူဦးရေ (၁) သန်းအောက်ရှိသည့် ဘူတန်နိုင်ငံမှ ကာကွယ်ဆေးများ ချေးငှားရသည့် တောင်းဆိုချက်သည်လစဉ် AstraZeneca ကာကွယ် ဆေး (၅) သန်းမှ (၆) သန်းအထိ ဖြည့်ပေးနိုင်သည်ဆိုသည့် အစိုးရ၏ မျှော်မှန်းချက်နှင့် ကွာဟနေသည်။
နိုင်ငံတွင် AstraZeneca ကာကွယ်ဆေးကို ဒေသတွင်း ဖြန့်ဖြူးရန် ထုတ်လုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ ၎င်း၏ လူဦးရေ (၇.၁) ရာခိုင်နှုန်းကိုသာ အပြည့်အဝကာကွယ်ဆေး ထိုးပေးနိုင်ခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ဘူတန် သည် မတ်လက ကာကွယ်ဆေးများ စတင်ထိုးခဲ့ပြီး နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံခန့်ထိ ကာကွယ်ဆေး ထိုးနှံပေးရန် လုံလောက်မှုရှိသည်။ ဘူတန်နှင့် ထိုင်းတို့အကြား ကာကွယ်ဆေးလဲလှယ်ရေးသည် နောက်ပိုင်းတွင် ထိုင်းနိုင်ငံက ဘူတန်ကို ကာကွယ်ဆေးများ ပြန်ပို့ပေးမည့် အစီအစဉ်ကို အခြေခံကြောင်း၊ လတ်တလော သဘောတူညီချက်ကို အစိုးရက ပြန်လည်သုံးသပ် စဉ်းစားနေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Natapanu Nopakun က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် သြဂုတ်လ (၁၆) ရက်က ဗိုင်းရပ်စ် ကူးစက်မှုအသစ် ၂၁၁၅၇ ခုတွေ့ရှိခဲ့ပြီး သေဆုံးသူသစ် ၁၈၂ ဦးထိ ထပ်တိုးခဲ့ကြောင်း သိရသည်။
#NPNews