နွေဦးထီ ထိုးသူများ အကြမ်းဖက်ဥပဒေပုဒ်မ တစ်ခုခုနှင့်ငြိစွန်းပြီ အရေးယူခံရနိုင်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ပြော

 687

အိဖြူ (NP News) - သြဂုတ် ၁၈
NUG နှင့် CRPH တို့ရောင်းချနေသော အောင်လံလွှင့်ချီနွေဦးထီကို အိမ်စောင့်အစိုးရကိုယ်တိုင်က တရားမဝင်အဖြစ် သတ်မှတ်ထားသည့်အတွက် အဆိုပါ ထီကို ထိုးမည်ဆိုလျှင် ထီထိုးသူများအနေဖြင့် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေတစ်ခုခုနှင့်အရေးယူခံရနိုင်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ပြောသည်။

နွေဦးထီ ကို ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ထိုးမိလိုက်သည့်ပြည်သူများအနေဖြင့် ဘဏ်အေ ကာင့်များ ပိတ်သိမ်းခံရနိုင်ခြေရှိသလို တရားဥပဒေအရလည်း အရေးယူခံရနိုင်ခြေရှိကြောင်း ဦးဝင်းသော်က နိုင်ငံပိုင်မီဒီယာမှတဆင့် သြဂုတ်လ ၁၇ ရက်က အသိပေးပြောကြားခြင်းဖြစ်သည်။

“ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ NUG ကနေပြီးတော့ အွန်လိုင်းကို အသုံးပြုပြီး တရားမ ဝင်ဖြစ်တဲ့ အောင်လံလွှင့်ချီနွေဦးထီ ရောင်းချဖို့ဆိုပြီး ဆောင်ရွက်လာတာရှိပါတယ်။ အွန်လိုင်းကနေ ကြော်ငြာ လာတာဖြစ်ပါတယ်။ CRPH နဲ့ NUG ဆိုတာ တကယ်တမ်းတော့ တရားမဝင်အဖွဲ့အစည်းဖြစ်ပြီးတော့ ၎င်းတို့ အနေနဲ့က ဒီလိုတရားမဝင်ထီ ရောင်းချမှုဆောင်ရွက်လာတဲ့ကိစ္စနဲ့ပတ်သက်ရင် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဌာနကနေ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို အကြောင်းကြားလာပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့လုပ်တာဖြစ်ပါ တယ်။ ဒီလိုတရားမဝင်ထီအရောင်းအဝယ်လုပ်တဲ့အခါမှာ တရားဝင်ဖွင့်ထားတဲ့ဘဏ်အကောင့်တွေကို အသုံးပြု ပြီး ငွေလက်ခံတာတွေ လုပ်နိုင်တယ်။ ထို့အတူ Mobile Banking တွေ၊ Mobile Payment တွေ၊ Digital Payment တွေ၊ Mobile Service တွေကိုလည်း အသုံးပြုလာနိုင်တယ်။ ဒါ့ကြောင့်မို့လို့ တရားမင်အဖွဲ့အစည်းက ဆောင်ရွက်နေတဲ့ တရားမဝင်လွှဲပြောင်းခြင်းကိစ္စရပ်တွေကို အမြန်ဆုံးတားဆီးဖို့အတွက်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့က ဘဏ်နဲ့ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းအားလုံးကို စာထုတ်ပြီးတော့ ဖမ်းဆီးခြင်း ကိစ္စဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ဦးဝင်းသော်က ပြောသည်။

ဘဏ်လုပ်ငန်းအဖွဲ့အစည်းများ၊ ငွေးရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဗဟိုဘဏ်ဘက်မှ ထုတ်ပြန်ထား သည့်အတိုင်း သတင်းပေးပို့ရမည်ဖြစ်ပြီး ပေးပို့မှုပျက်ကွက်ခဲ့ပါက ငွေရေးကြေးရေးအဖွဲ့အစည်း များဥပဒေ အရ အရေးယူခံရနိုင်ကြောင်း သိရသည်။
ထိုနည်းတူ အဆိုပါကိစ္စရပ်၌ ပါဝင်ပတ်သက်သူ၊ ပါဝင်ပတ်သက်သူ၊ ပံ့ပိုးသူ၊ ကူညီသူများသည်လည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ စသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ချမှတ်ထားသောဥပဒေများနှင့်ငြိစွန်းပြီး အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အထူးသဖြင့် NUG, CRPH နှင့် PDF တို့ကို တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အိမ်စောင့်အစိုးရ ဘက်က သတ်မှတ်ထားခြင်းဖြစ်သည့်အတွက် ယင်းတို့ထုတ်လုပ်ရောင်းချနေသည့် ထီ သည်လည်း တရားမဝင် လုပ်ငန်းအဖြစ် အကျုံးဝင်နေသည်ဟု ၎င်းက ဆိုသည်။

ဦးဝင်းသော်၏ ပြောကြားချက်အရ ပြည်သူတစ်ဦးအနေဖြင့် နွေဦးထီကို ထိုးမည်ဆိုပါက Payment Gateway တစ်ခုခုကနေ ငွေပေးချေမှု လုပ်ကိုလုပ်ရမည့် သဘောရှိပြီး၊ ဥပမာအားဖြင့် Wave Money ကဲ့သို့သော ငွေလွှဲဝန် ဆောင်မှုတစ်ခုခုကိုဖြစ်စေ၊ ဘဏ်တစ်ခုခုနှင့်ချိတ်ဆက်ထားသည့် Online Payment တစ်ခုခုကို ဖြစ်စေ၊ မဖြစ် မနေဖြတ်သန်းရမည်ဖြစ်သည်။
မိမိပေးချေလိုက်သော ငွေသည် နွေဦးထီဘက်က လက်ခံရမည့်နေရာတစ်ခုခုသို့ ရောက်သွားမည်ဖြစ်ပြီး အိမ် စောင့်အစိုးရ၏ ခြေရာခံစနစ်သာ ကောင်းမွန်ခဲ့မည်ဆိုပါက အဆိုပါငွေကြေးစီးဆင်းမှုကို အချိန်တိုတိုအတွင်း တားဆီးအရေးယူနိုင်သည့်သဘောတွင်ရှိသည်။ ဆိုလိုသည်မှာ ခြေရာခံစနစ်သာကောင်းပါက နွေဦးထီ ထိုး သောသူများကို ခပ်မြန်မြန်ဖော်ထုတ်အရေးယူနိုင်မည့်သဘောမျိုးလည်းဖြစ်သည်။
#NPNews

Related news

© 2021. All rights reserved.