ဗြိတိန်ရဲ့ နောက်ဆုံးပိတ် ကယ်ဆယ်ရေးလေယာဉ် ကဘူးလ်လေဆိပ်မှ ထွက်ခွာ

 742

ရောင်နီ (NP News) - သြဂုတ် ၂၉
အာဖဂန်နစ္စတန်က အရပ်သားတွေကိုကယ်ထုတ်နေတဲ့ ဗြိတိန်လေယာဉ်ဟာ တာလီဘန်တို့ထိန်းချုပ်ပြီး နှစ်ပတ် အတွင်း အာဖဂန်နစ္စတန်နဲ့ ဗြိတိန်နိုင်ငံသား ၁၅ဝဝဝ နီးပါးကို ကယ်ဆယ်ခဲ့ပြီးနောက် သူတို့ရဲ့စစ်ဆင်ရေးကို အဆုံးသတ်လိုက်တော့မယ်လို့ သိရပါတယ်။

ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အခုအချိန်မှာ ကဘူးလ်လေဆိပ်ကနေ ထွက်ခွာဖို့ပြင်ဆင်နေပြီး အာဖဂန်နိုင်ငံသား အနည်းစုကို အခုသီတင်းပတ်အကုန် သြဂုတ်လ ၂၉ ရက်မှာ ကျန်လေယာဉ်ငယ်တွေနဲ့ ခေါ်ဆောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၂၈ မှာ ပြောကြားခဲ့ပါတယ်။
"စစ်ဆင်ရေးကို ဒီအဆင့်မှာပဲ အဆုံးသတ်ပစ်ဖို့ အချိန်ကျပြီ။ ဒါပေမယ့် ထွက်ခွာဖို့ ပြင်ဆင်နေကြသူတွေကို မမေ့သေးဘူး။ သူတိ့ုကိုကူညီဖို့ တတ်နိုင်သမျှလုပ်သွားမယ်" လို့ အာဖဂန်နစ္စတန်ဆိုင်ရာ ဗြိတိန်သံအမတ် Laurie Bristow က ကြေညာချက်တစ်ခုမှာ ပြောခဲ့ပါတယ်။

ဗြိတိသျှ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ဗြိတိသျှစစ်တပ် သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ သြဂုတ်လ ၂၈ ရက်က ဗြိတိန်တောင်ပိုင်း လေတပ်စခန်းတစ်ခုမှာ ဆင်းသက်ခဲ့ပါတယ်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Ben Wallace က ဗြိတိန်ဟာ ၎င်းရဲ့ဘေးလွတ်ရာရွှေ့ပြောင်းမှုစစ်ဆင်ရေး နောက်ဆုံးအချိန်သို့ ရောက်ရှိလာပြီဖြစ်ပြီး ကဘူးလ်လေဆိပ်အတွင်း ရှိနေသူတွေကိုသာ စီမံခန့်ခွဲကာ ခေါ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ၂ဝဝ၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်ခံရမှုတွေရဲ့နောက်ကွယ်မှာ အယ်လ်ကိုင်ဒါ စစ်သွေးကြွတွေကို ဝင်ရောက်တိုက်ခိုက်ဖို့အတွက် အမေရိကန်ဦးဆောင်တဲ့ကျူးကျော်မှု စတင်ကတည်းက ဗြိတိန်ဟာ ဝါရှင်တန်ဘက်မှာ ရှိခဲ့ပါတယ်။

အာဖဂန်နစ္စတန် အခြေအနေနဲ့ပတ်သတ်ပြီး ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ဂျာမန်အဓိပတိ အိန်ဂျလာမာကယ် တို့ဟာ သြဂုတ်လ ၂၈ ရက်က ဆွေးနွေးခဲ့ပြီးနောက် G7 အုပ်စု အနေနဲ့ မည်သည့်အနာဂတ် တာလီဘန် အစိုးရနဲ့မဆို ဆက်ဆံမှုပြုလုပ်သင့်ကြောင်း သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.