နိုင်ငံတကာလေကြောင်းများ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ရှေ့လကုန်အထိယာယီကန့်သတ်

 1031

NP News - သြဂုတ် ၃၁
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာမှလေ ကြောင်းခရီးစဉ်များဖြင့် ခရီးသည်များဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးသည် များစွာအရေးပါသည့် အ တွက် နိုင်ငံတကာလေကြောင်းလိုင်းများ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို စက်တင်ဘာလကုန်အထိ ယာ ယီကန့်သတ်လိုက်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှသိရသည်။

ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ကပ်ရောဂါကူးစက်ပျံ့ပွားမှုနှုန်းမြင့်တက်နေလျက်ရှိသည့်အတွက် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်းခရီးသည်များမှတစ်ဆင့် COVID-19 ရောဂါပိုး ကူးစက်မှုအန္တရာယ်မှ ဆက် လက်၍ တားဆီးကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာ နိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ပြီးခဲ့သည့်နှစ် မတ်လ (၂၉) ရက်နေ့မှစတင်၍ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ခွဲခန့်ကြာမြင့်ပြီဖြစ်ကြောင်းသိရသည်။ ပြည်တွင်းခရီးစဉ်များကို သက်ဆိုင်ရာမှ တရားဝင်ထုတ်ပြန်ထားသော Standard Operation Procedure – SOP ကျန်းမာရေး စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ပျံသန်းပြေးဆွဲခွင့်ပေးထားကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.