ကဘူးလ်မြို့အတွင်း တာလီဘန်တွေရဲ့ အောင်ပွဲခံ သေနတ်ပစ်ဖောက်ခြင်းကြောင့် လူ ၁၇ ဦး သေဆုံး

 1154

ရောင်နီ (NP News) - စက်တင်ဘာ ၅
အာဖဂန်နစ္စတန်နိုင်ငံရဲ့နောက်ဆုံးပြည်နယ်ဖြစ်တဲ့ Panjshir ကို တာလီဘန်တွေက စက်တင်ဘာလ ၄ ရက်နေ့မှာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း တာလီဘန်သတင်းရင်းမြစ်များက ဆိုပြီးနောက် ကဘူးလ်မြို့မှာ တာလီဘန်တွေရဲ့အောင်ပွဲခံသေနတ်ပစ်ဖောက်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တာလီဘန် ဆန့်ကျင်တဲ့ ခေါင်းဆောင်များကမူ Panjshir ကို တာလီဘန်တွေ သိမ်းယူသွားပြီဆိုတဲ့သတင်းဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး အတိုက်အခံအင်အားစု ခေါင်းဆောင်များအနက် ဒုသမ္မတဟောင်း Amrullah Saleh က မိမိတို့ဖက်မှ အရှုံးမပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အခြားတော်လှန်ရေးခေါင်းဆောင်များဟာလည်း ဒေသတွင်း ပြည်သူ့စစ်များမှ ထောင်ပေါင်းများစွာသော တိုက် ခိုက်ရေးသမားတွေနဲ့ အစိုးရဟောင်းတွေကျဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေကို ပယ်ချခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့ကလည်း ကဘူးလ်မြို့ပေါ် လေကြောင်းကနေ ပစ်ခတ်မှုကြောင့် လူ ၁၇ ဦး သေဆုံးပြီး၊ ၄၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၅ ရက်မှာတော့ ကဘူးလ်မြို့တော် အရှေ့ဘက် Nangarhar ခရိုင်မှာ အောင်ပွဲခံ သေနတ်ပစ် ခတ်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်မြို့တော် Jalalabad ရှိ ဒေသဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ Mr Gulzada Sangar က ပြောကြားခဲ့ပြီး၊ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid ကလည်း အဆိုပါသေနတ်ပစ်ခတ်မှုကို ပြစ်တင်ရှုံ့ချခဲ့တယ်လို့ သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.