အကြမ်းဖက်အမေရိကန် စစ်သားဟောင်းတစ်ဦးက (၃)လသားအရွယ်ကလေးငယ်ပါမချန် သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်လို့ လေးဦးသေဆုံး

 589

မိုးတိမ် (NP News) - စက်တင်ဘာ ၆
အကြမ်းဖက် အမေရိကန်စစ်တပ်စစ်သားဟောင်းတစ်ဦးက ဆေးကြောင်နေတဲ့အနေအထားကနေ အသက်(၃)လသားသာ ရှိသေးတဲ့ကလေးငယ်အပါအဝင် မိသားစုဝင်လေးဦးကို ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖလော်ရီဒါမှာ ဖြစ်ပွားခဲ့ပါတယ်။

အီရတ်နဲ့ အာဖဂန်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ အသက်(၃၃)နှစ်အရွယ် Bryan Riley ဟာ မူးယစ်ဆေးဝါးသုံးစွဲထားပုံရတယ်လို့ ရဲအရာရှိတွေက ပြောကြားခဲ့ပေမယ့် မရိန်းတပ်သားဟောင်းတစ်ဦးအနေနဲ့ ဒီလိုမျိုး ကျုးလွန်တာ အံ့အားသင့်စရာဖြစ်ရပ်တစ်ခုလို့ ကောက်ချက်ချထားပါတယ်။ အကြမ်းဖက်အမေရိကန်စစ်သားဟောင်း ဘရိုင်ရန် ရိုင်လေဟာ သေဆုံးသူ မိသားစုနဲ့လည်း တစ်ကြိမ်တစ်ခါမှ သိကျွမ်းဖူးတာ မဟုတ်ဘဲ စိတ်ရူးပေါက်ပြီးလျှောက်သွားရင်းကနေ လက်ထဲမှာပါလာတဲ့လက်နက်နဲ့ နီးစပ်ရာအိမ်တစ်ခုထဲကို ဝင်သွားပြီးပစ်ခတ်လိုက်တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ “ သူက မိသားစုတွေကိုပါ ပစ်သတ်ရုံနဲ့ မဝသေးဘဲ အဲဒီမိသားစုအိမ်က ခွေးကိုပါ ပစ်သတ်ခဲ့တယ် ” လို့ ဖလော်ရီဒါ ရဲအရာရှိ Grady Judd က မီဒီယာတွေကို ပြောပါတယ်။ အကြမ်းဖက်အမေရိကန်စစ်သားဟောင်းဟာ စစ်မြေပြင်ကနေ ပြန်လာပြီးကတည်းက လုံခြုံရေးအလုပ်ကိုသာ လုပ်ကိုင်နေတာမျိုးဖြစ်ပြီး ချစ်သူမိန်းကလေးနဲ့လည်း အဆင်မပြေမှုတွေ ဆက်တိုက်ဖြစ်နေသလို စိတ်ဓါတ်ကျဆင်းမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ အထူးသဖြင့် စစ်မြေပြင်ထဲမှာ ဘာတွေကိုသွပ်သွင်းသင်ကြားခံထားရမှန်းမသိဘဲ အမိန့်တစ်ခုခုကို စောင့်နေသလိုမျိုး ရူးကြောင်ကြောင်အလုပ်တွေ လုပ်လေ့ရှိတယ်လို့ ရည်းစားဖြစ်သူက ရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။ အကြမ်းဖက် အမေရိကန်စစ်သားဟောင်းရဲ့လုပ်ရပ်ကြောင့် အေးချမ်းစွာနေထိုင်တဲ့ အသက်(၄၀)အရွယ် အမျိုးသားတစ်ဦး၊ အသက်(၃၃)နှစ်အရွယ် ဇနီးဖြစ်သူနဲ့ (၃)လအရွယ် နို့တိုက်လသားကလေးတစ်ဦး အပါအဝင် အမျိုးသမီးရဲ့အသက်(၆၂)နှစ်အရွယ် မိခင်တို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အသက်(၁၁)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးလည်း သေနတ်ဒဏ်ရာ(၇)ချက်နဲ့ ပြင်းထန်စွာ ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ “ သူသာ လက်နက်ချပြီးထွက်မလာဘူးဆိုရင် ကျွန်တော်တို့က ဝင်သွားပြီး ပစ်သတ်ဖို့ပါပဲ။ သူ ကံကောင်းသွားပါတယ်။ သူက ငကြောက်တစ်ယောက်ပါပဲ။ သူ့ကို ကျွန်တော်တို့ အေးအေးချမ်းချမ်းပဲ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ် ” လို့ ရဲအရာရှိ ဂရက်ဒီဂျတ်က ပြောပါတယ်။

အကြမ်းဖက်အမေရိကန်စစ်တပ်စစ်သားဟာ လွန်ခဲ့တဲ့ရက်ပိုင်းတွေကတည်းက စိတ်ပိုင်းဆိုင်ရာပြသနာရှိနေပုံရသလို တစ်ယောက်တည်း ဘုရားနဲ့စကားပြောသလိုမျိုးတွေ လုပ်နေခဲ့တယ်လို့ ရည်းစားဖြစ်သူက ထွက်ဆိုထားပါတယ်။ ဒီဖြစ်ရပ်ကတော့ အမေရိကန်စစ်တပ်ဟာ သူတို့စစ်သားတွေကို သေနတ်နဲ့ လူအစုလိုက်အပြုံလိုက်ကိုအလွယ်တကူပစ်သတ်ရဲစေဖို့ တစ်ခုခုများ သွပ်သွင်းထားလေသလားလို့ မီဒီယာတွေက မေးခွန်းထုတ်လာပါတယ်။

Related news

© 2021. All rights reserved.