မြန်မာ- အိန္ဒိယနယ်စပ်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် မြန်မာနိုင်ငံသားရာနှင့်ချီကာ အိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးခိုလှုံ

 1546

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၃
မြန်မာ- အိန္ဒိယနယ်စပ်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် မြန်မာနိုင်ငံသားများနေရပ်စွန့်ခွာပြီး အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်အတွင်း ရွှေ့ပြောင်းမှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း The Economic times ၏ သတင်းဖော်ပြချက်အရသိရသည်။

NUG က အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် PDF အဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များကြား တိုက်ခိုက်မှုဖြစ်ပွားလာခဲ့သည်။ အိန္ဒိယအစိုးရတာဝန်ရှိသူများက မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသည့် မီဇိုရမ်ပြည်နယ်ရှိ Hnahthial မြို့၊Lawngtlia မြို့ နှင့် Champhai မြို့များတွင်
မြန်မာနိုင်ငံသား (၁၅ဝ)ခန့်ထွက်ပြေးခိုလှုံနေကြောင်း ပြောသည်။

မိဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးက စစ်ကောင်စီတပ်ဖွဲ့များနှင့် PDF အဖွဲ့တို့အကြားတိုက်ခိုက်မှုများဆက်လက်ဖြစ်နေမည်ဆိုပါက မီဇိုရမ်ပြည်နယ်အတွင်းခိုလှုံနိုင်ရန် မြန်မာနိုင်ငံသားများထွက် ပြေးလာမှုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ပြောသည်။ မီဇိုရမ်ပြည်နယ်ရှိ NGOအဖွဲ့များသည် အိန္ဒိ ယနိုင်ငံထဲထွက်ပြေးလာသည့် မြန်မာနိုင်ငံသားဒုက္ခသည်များအတွက် နေထိုင်စရာများစီစဉ်ဆောင် ရွက်ပေးနေကြောင်း၊ အိန္ဒိယနယ်စပ်ကိုဖြတ်ကျော်ထွက်ပြေးလာသည့် မြန်မာနိုင်ငံသားအများစုသည် ချင်းလူမျိုးများဖြစ်ကြောင်းအိန္ဒိယသတင်းများက ပြောသည်။

ချင်းပြည်နယ်ရှိ ဇီုမီးလူမျိုးများသည် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေပြီး မီဇိုရမ်ပြည်နယ်ရှိ မီဇိုလူမျိုးများနှင့် ယဉ်ကျေးမှု၊ လူမျိုးအများစုတူညီမှုရှိကြသူများလည်း ဖြစ် ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း (၅၁ဝ) ကီလိုမီတာထိစပ်နေသည့် ပြည်နယ်ဖြစ်ကြောင်းသိရသည်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံကထွက်ပြေးလာသည့် ဒုက္ခသည်များကိုခိုလှုံခွင့်ပေးရန်အကူညီပေးရေးစင်တာများကိုတိုက်တွန်းထားပြီး ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားဒုက္ခသည်များကိုတားဆီးရန် နှင့် ပြန်လွှတ်ရန် ငြင်းဆန်ထားသူတစ်ဦးဖြစ်ကြောင်းသိရသည်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးက မြန်မာနိုင်ငံတွင် လက်ရှိဖြစ်နေသည့် ပြည်တွင်းနိုင်ငံရေးအခြေနေများကြောင့် အိန္ဒိယနိုင်ငံရှိမီဇိုရမ်ပြည်နယ်၊ နာဂါလမ်၊ အာသံနှင့် Arunachal pradesh ပြည်နယ်တို့ကို မြန်မာနိုင်ငံက ထွက်ပြေးလာသူ ဒုက္ခသည်အရေအတွက် များလာနိုင်ကြောင်း မတ်လအတွင်းက ပြောဆိုခဲ့ဖူးသည်။
#NPNews

Related news

© 2021. All rights reserved.