ဂျပန်ကာကွယ်ရေးဝန်ကြီးက တရုတ်နှင့်အငြင်းပွားဖွယ်ကျွန်းများတစ်ဝိုက်တွင် အန္တရာယ်စည်းတား (Red Line)

 1114

ရောင်နီ (NP News) - စက်တင်ဘာ ၁၇
ဂျပန်နိုင်ငံသည် ၄င်း၏ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များကိုချဲ့ထွင်ပြီး ခေတ်မီ F-35 တိုက်လေယာဉ်များကို ထည့်ကာစစ်သင်္ဘောများကို လေယာဉ်တင်သင်္ဘောများအဖြစ်ပြောင်းလဲခဲ့သည်။ ၎င်းသည် ရေငုပ်သင်္ဘောများနှင့် ဒုံး ကျည်များကိုတည်ဆောက်နေသော်လည်း ၎င်း၏ စစ်ရေးအသုံးစရိတ်သည် တရုတ်၏ စစ်အသုံးစရိတ်နှင့်နှိုင်းယှဉ်ပါက နိမ့်ကျနေဆဲဖြစ်ကြောင်းသိရသည်။

Senkaku ကျွန်းစုများနှင့် အရှေ့တရုတ်ပင်လယ်၏ အခြားအစိတ်အပိုင်းများအပေါ် တရုတ်၏လုပ်ဆောင်မှုကို ဂျ ပန်အစိုးရကဆန့်ကျင်ပြီး “ကျွန်ုပ်တို့ပိုင်နက်ကို တရုတ်ထက်ဂျပန်ကမ်းခြေစောင့်သင်္ဘောများဖြင့် ပိုမိုကာကွယ်နေကြောင်းပြသရမယ်။ ဂျပန်နဲ့အခြားနိုင်ငံများအကြား Senkaku ကျွန်းများနဲ့ပတ်သက်ပြီး ပိုင်နက်အငြင်းပွားဖွယ်မရှိ” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး Nobuo Kishi က CNN နှင့်တွေ့ဆုံစဉ်ဖြေကြားခဲ့သည်။

တိုကျိုမြို့ အနောက်တောင်ဘက် မိုင် ၁၂ဝဝ (ကီလိုမီတာ ၁၉ဝဝ) တွင် တည်ရှိသည့် ကျောက်ကွင်းဆက်များနှင့်တင်းမာမှုများသည် နှစ်ပေါင်းများစွာဆူပူလာခဲ့ပြီး ၎င်းတို့နှင့်ပတ်သက်သည့်ပြောဆိုချက်များသည် ရာစုနှစ်များစွာကတည်းကတည်ရှိခဲ့သည်။ ၂ဝ၁၂ ခုနှစ် ကျွန်းများတစ်လျှောက်တင်းမာမှုများမြင့်တက်လာသည့်အခါ တရုတ်တွင် အမျိုးသားရေး စိတ်ဓာတ်များကို ဖြစ်ပေါ်စေခဲ့ပြီး တရုတ်မြို့ကြီးများစွာတွင် လူထုဆန္ဒပြမှုများဖြစ်စေခဲ့ကာ ဂျပန်အမှတ်တံဆိပ်မော်တော်ကားများရိုက်ခွဲခံရခြင်း၊ ဂျပန်ဆိုင်များနှင့် စားသောက်ဆိုင်များဖျက်ဆီးခံရခြင်း၊ ပေကျင်းရှိ ဂျပန်သံရုံးကိုအမှိုက်များဖြင့် ပစ်ပေါက်ခြင်းတို့ရှိခဲ့ကြောင်းသိရသည်။

အစိုးရအဆင့်တွင်တရုတ်သည် Kishi ကဲ့သို့ ကျွန်းပိုင်ဆိုင်မှုကို တင်းကျပ်စွာလုပ်ဆောင်ခဲ့သည်။ “ Diaoyu ကျွန်းနဲ့ ၎င်းနဲ့ဆက်စပ်နေတဲ့ကျွန်းတွေက တရုတ်ပိုင်နက်ရဲ့မွေးရာပါအစိတ်အပိုင်း တစ်ခုဖြစ်ပြီး ယင်းရေပြင်မှာ ကင်းလှည့်ခြင်းနဲ့ တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုများ လုပ်ဆောင်ရန်မှာ ကျွန်ုပ်တို့ရဲ့ မွေးရာပါတာဝန်ဖြစ်တယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နှစ်ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဂျပန်အာဏာပိုင်များ၏အဆိုအရ ဇန်နဝါရီလ(၁) ရက်နှင့် သြဂုတ်လကုန်အကြား တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များ စုစုပေါင်း (၈၈)ကြိမ် ဂျပန်ရေပိုင်နက်ထဲကိုဝင်ရောက်ခဲ့ကြပြီး ကမ်းရိုးတန်းမိုင် (၂ဝ)အတွင်းသာမက ကျွန်းစုများအ ကြားရေပြင်တွင် တရုတ်တိုက်ခိုက်ခံရမှု (၈၅၁)ကြိမ်ရှိခဲ့ကြောင်းသိရသည်။ တရုတ်၏မဟာဗျူဟာသည် အငြင်း ပွားနေရာများနှင့် အနီးတစ်ဝိုက်တွင် ၎င်း၏တပ်ဖွဲ့များ ဖြန့်ကျက်ရန်နှင့် ပေကျင်း၏ဥပဒေနှင့်အခွင့်အာဏာကိုကျင့် သုံးရန်ဖြစ်ကြောင်း ကျွမ်းကျင်သူများကပြောသည်။
#NPNews

Related news

© 2021. All rights reserved.