ယခုဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို (၃ ဒသမ ၈) ရာခိုင်နှုန်းရရှိရန် ဆောင်ရွက်နေဟုဆို

 119

ယွန်း (NP News) - ဒီဇင်ဘာ ၁၅

ယခုဘဏ္ဍာနှစ်(၂၀၂၄ - ၂၀၂၅) တွင် စီးပွားရေးတိုးတက်မှုနှုန်းကို (၃ ဒသမ ၈) ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ယမန်နေ့(ဒီဇင်ဘာ ၁၄ ရက်) တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ကျင်းပ ခဲ့သည့် UMFCCI ၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး၌ အထက်ပါကဲ့သို့ပြောခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက “ယခု ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို (၃ ဒသမ ၈) ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ရာဂီမုန်တိုင်း နှင့် နယ်မြေဒေသ အခြေအနေများကြောင့် အချို့ကဏ္ဍများ၌ ထိခိုက်မှုရှိခဲ့သော်လည်း ဧပြီလမှ စက်တင်ဘာလအထိ ပထမခြောက်လ ကုန်ဆုံးချိန်တွင် GDP တိုးတက်မှုနှုန်း (၂ ဒသမ ၄) ရာခိုင်နှုန်းရရှိခဲ့ပါကြောင်း” ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် စီးပွားရေးတိုးတက်မှုရရှိရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်နေပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေများဘက်မှ ပို့ကုန်မှရရှိသည့်နိုင်ငံခြားငွေကို အချိန်နှင့်တစ်ပြေးညီ ပြည်တွင်းသို့ စီးဝင် နိုင်ရန်အတွက် အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်များနှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် လုပ်ငန်းများဖြစ်လာစေရန် နည်းပညာ၊ ငွေကြေး အရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ပစ္စည်း နှင့် မြေနေရာ လိုအပ်ချက်များကို နိုင်ငံတော်ဘက်မှ ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။
အလားတူ သဘာဝဘေးကြောင့် မိုးသီးနှံထွက်ရှိမှုကျဆင်းခြင်းကို ကုစားနိုင်ရန်အတွက် ဆောင်းနှင့်နွေစိုက်သီးနှံ များ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်နေကြောင်း သိရသည်။

Zawgyi Version;
ယခုဘ႑ာႏွစ္တြင္ စီးပြားေရးတိုးတက္မႈႏႈန္းကို (၃ ဒသမ ၈) ရာခိုင္ႏႈန္းရရွိရန္ ေဆာင္႐ြက္ေနဟုဆို
ယြန္း (NP News) - ဒီဇင္ဘာ ၁၅

ယခုဘ႑ာႏွစ္(၂၀၂၄ - ၂၀၂၅) တြင္ စီးပြားေရးတိုးတက္မႈႏႈန္းကို (၃ ဒသမ ၈) ရာခိုင္ႏႈန္းရရွိရန္ ရည္မွန္းခ်က္ထား ေဆာင္႐ြက္ေနေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္က ေျပာၾကားခဲ့သည္။
ျပည္ေထာင္စုဝန္ႀကီးဦးဝင္းရွိန္က ယမန္ေန႔(ဒီဇင္ဘာ ၁၄ ရက္) တြင္ ရန္ကုန္ၿမိဳ႕၊ အမ်ိဳးသားကဇာတ္႐ုံတြင္ က်င္းပ ခဲ့သည့္ UMFCCI ၏ (၃၃)ႀကိမ္ေျမာက္ ႏွစ္ပတ္လည္အသင္းသားစုံညီအစည္းအေဝး၌ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္း ျဖစ္သည္။

အစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီးက “ယခု ၂ဝ၂၄-၂ဝ၂၅ ဘ႑ာေရးႏွစ္တြင္ စီးပြားေရးတိုးတက္မႈႏႈန္းကို (၃ ဒသမ ၈) ရာခိုင္ႏႈန္းရရွိရန္ ရည္မွန္းခ်က္ထား ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ရာဂီမုန္တိုင္း ႏွင့္ နယ္ေျမေဒသ အေျခအေနမ်ားေၾကာင့္ အခ်ိဳ႕က႑မ်ား၌ ထိခိုက္မႈရွိခဲ့ေသာ္လည္း ဧၿပီလမွ စက္တင္ဘာလအထိ ပထမေျခာက္လ ကုန္ဆုံးခ်ိန္တြင္ GDP တိုးတက္မႈႏႈန္း (၂ ဒသမ ၄) ရာခိုင္ႏႈန္းရရွိခဲ့ပါေၾကာင္း” ေျပာၾကားခဲ့သည္။
ထို႔ျပင္ ႏိုင္ငံေတာ္အေနျဖင့္ စီးပြားေရးတိုးတက္မႈရရွိေရးအတြက္ ဘက္ေပါင္းစုံမွ ႀကိဳးပမ္းေဆာင္႐ြက္ေနၿပီး ပုဂၢလိကလုပ္ငန္းရွင္ေတြမ်ားဘက္မွ ပို႔ကုန္မွရရွိသည့္ႏိုင္ငံျခားေငြကို အခ်ိန္ႏွင့္တစ္ေျပးညီ ျပည္တြင္းသို႔ စီးဝင္ ႏိုင္ရန္အတြက္ အေလးထားေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားခဲ့သည္။

ႏိုင္ငံေတာ္မွ ခ်မွတ္ထားသည့္ စီးပြားေရး ဦးတည္ခ်က္မ်ားႏွင့္အညီ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးႏွင့္ MSME လုပ္ငန္းမ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစရန္ႏွင့္ ေရရွည္တည္တံ့ခိုင္ၿမဲသည့္ လုပ္ငန္းမ်ားျဖစ္လာေစရန္ နည္းပညာ၊ ေငြေၾကး အရင္းအႏွီး၊ ေဈးကြက္၊ ကုန္ၾကမ္း၊ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ စက္ပစၥည္း ႏွင့္ ေျမေနရာ လိုအပ္ခ်က္မ်ားကို ႏိုင္ငံေတာ္ဘက္မွ ျဖည့္ဆည္းေပးလ်က္ရွိေၾကာင္း သိရသည္။
အလားတူ သဘာဝေဘးေၾကာင့္ မိုးသီးႏွံထြက္ရွိမႈက်ဆင္းျခင္းကို ကုစားႏိုင္ရန္အတြက္ ေဆာင္းႏွင့္ေႏြစိုက္သီးႏွံ မ်ား တိုးခ်ဲ႕စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ေရးကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.