မြန်မာနိုင်ငံ၏ အာခိလိဖနောင့်

743

ဖြိုးဝေလင်း (ပုသိမ်)
(ယခင်တစ်ပတ်မှအဆက်)
(၁၉၆၂)ခုနှစ် ဇူလိုင်လ(၇)ရက်အရေး အခင်း ( 7 July)ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက် နေသော ဘင်္ဂါလီကျောင်းသားအချို့သည် ဆူပူပုန်ကန်မှုများကြောင့်အဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေး ကာ ထိုနိုင်ငံများတွင်နေထိုင်ရင်း လူမျိုးလိမ်နှင့်သက်ဆိုင်သော စာအုပ်၊ စာစောင်များ ရေးသားထုတ်ဝေလာခဲ့ ကြသည်။
(၁၉၈၈)ခုနှစ် (၈၈)အရေးအခင်းတွင်လည်း လူမျိုးလိမ်အမည်များကိုအသုံးပြုကာ ဒီမိုကရေစီနှင့် ရောယောင် ဝါဒဖြန့်မှုများပြုလုပ်ခဲ့သည်။ (၁၉၈၉)ခုနှစ် အောက်တိုဘာလ(၂၇)ရက်တွင်လည်း လူမျိုးလိမ်တို့၏ သမိုင်းအကျဉ်းချုပ် ဟူသော စာစောင် တစ်ခုကိုရေးသားခဲ့သည်။
(၂၀၁၂)ခုနှစ်၊ (၂၀၁၆)ခုနှစ်နှင့် (၂၀၁၇) ခုနှစ်တွင်ဖြစ်ပွားသော ခိုးဝင်ဘင်္ဂါလီတို့၏အကြမ်း ဖက်မှုများကြောင့် နိုင်ငံတကာတွင်သာမက ပြည်တွင်း သတင်းစာမျက်နှာများ၊ လူမှုမီဒီယာများပေါ်တွင် လူမျိုးလိမ်ဇာတ်လမ်းများမှာ ပျံ့နှံ့လျက်ရှိသည်။ သို့သော် နှစ်ပေါင်း (၁၂၀ဝ)ကျော်ကြာခဲ့ပြီဆိုသည့် လူမျိုးတစ် မျိုး၏အမည်သည် အနီးခေတ်မှတ် တမ်းများတွင်မတွေ့ရသည့်အပြင် သမိုင်းဆိုင်ရာအထောက်အထား မှတ်တမ်းမရှိသော၊ (၁၉၅၁)ခုနှစ်အထိ သုံးစွဲခြင်းမရှိ သေးသော လူမျိုးတစ်မျိုး၏အမည်မှာ အလိမ်အညာကလွဲ၍ အခြား မည်သည့်အရာမျှမဖြစ်နိုင်ပါ။
လူမျိုးလိမ်တို့၏ ဝင်ရောက်မှုသမိုင်းကြောင်း
မှတ်တမ်းများအရ စစ်တကောင်းမှဘင်္ဂါလီများသည် ရခိုင်ပြည်နယ်အတွင်းသို့ အလုံးအရင်းဖြင့် (၄)ကြိမ် တိုင်တိုင်ဝင်ရောက်မှုရှိခဲ့သည်ဟုတွေ့ရသည်။ ထို(၄)ကြိမ်မှာ ရခိုင်ဘုရင်များလက်ထက်၊ ကိုလိုနီခေတ်၊ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲကာလ နှင့် (၁၉၉၁) ဘင်္ဂလားဒေ့ရှ်မုန်တိုင်းဖြစ်ပွားပြီးနောက် ပိုင်းကာလတို့တွင်ဖြစ်သည်။
ခရစ်နှစ်(၁၅၃၃)တွင် ရခိုင်ပြည် မြောက်ဦးခေတ် ဘုရင်မင်းဗာကြီးလက်ထက်၌ ဘင်္ဂလားနယ်၊ စစ်တကောင်းသို့ နယ်ပယ်ချဲ့ထွင်ပြီး သောင်ဒေးနယ်မှ ဆားချက်သော ဘင်္ဂါလီ(၃)ထောင်ခန့်ကို သုံ့ပန်းအဖြစ်ဖမ်းဆီး၍ သံတွဲမြို့တွင်ရှိ သည့် ဆံတော်၊ အံတော်၊ နံတော် ဘွဲ့အမည်ရှိသည့် စေတီသုံးဆူတွင် ဘုရားကျွန်အဖြစ်လှူထားခဲ့သည်။ ခရစ်နှစ် (၁၆၀ဝ) ကျော်တွင် ရခိုင်ဘုရင်ရာဇာကြီး၏သား အိမ်ရှေ့မင်းသား သံတွဲစား မင်းခမောင်းသည် သံတွဲမြို့မှနေ၍ ခမည်း တော်အားပုန်ကန်ခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် မင်းခမောင်းတပ်တွင်ပါဝင်ခဲ့သော ဘုရားကျွန်များသည် ညောင် ရမ်းမင်းတရားကြီးလက်အောက်သို့ခို ဝင်ရာ ၎င်းတို့ကို မြေဒူးမြို့တွင်နေရာချထားသဖြင့် ထိုသူတို့သည် မြေဒူးမွတ်စလင် များဖြစ်လာသည်။ ထို့နောက် (၁၆၅၇)ခုနှစ်တွင် မဂိုဘုရင်တို့နန်းလုရာမှ စစ်ရှုံးနိမ့်သော မဂိုမင်းသား Shah Shuja နှင့် နောက်လိုက်(၂၀ဝ)တို့ မြောက်ဦးဘုရင်ထံ ခိုဝင်လာခြင်းကိုတွေ့ရသည်။ ထိုသူတို့သည် ရခိုင်ဘုရင်ထံ လေးသည်တော် များ အဖြစ်ခစားကြပြီး နောင်တွင် ကမန်လူမျိုးအဖြစ်အမည်တွင်၍ မြန်မာတိုင်းရင်းသား အဖြစ်ပါဝင်လာခဲ့သည်။ အေဒီ (၁၆)ရာစုနှင့် (၁၇) ရာစုတွင် မြောက်ဦးမင်းနိုင်ငံ၏ဆိပ်ကမ်းများတွင် ပေါ်တူဂီများ၊ ဒတ်ချ်များ၊ မလေးနှင့်ဆူမား တြားကျွန်းသားများ၏ ပင်လယ်ကူးသင်္ဘောများ ကူးသန်းရောင်းဝယ်ကြရာ ရခိုင်များ၊ ပေါ်တူဂီများ၊ ဒတ်ချ်များသည် ဘင်္ဂ လားနယ်မှ ဘင်္ဂါလီများကို ကျွန်အဖြစ်ဖမ်းဆီး၍ အရှေ့အိန္ဒိယကျွန်းစု(အင်ဒိုနီးရှားနိုင်ငံ)၊ Batavia (ဂျာကာတာ) ဈေးကွက်၌ ရောင်းချကြသည်။ ထိုသူများထဲမှအချို့ကို ရခိုင်သူဌေးသူကြွယ်များနှင့် မင်းဆွေမင်း မျိုးများက ခိုင်းစေရန် အတွက်ဝယ်ယူခဲ့ခြင်းမျိုးလည်းရှိခဲ့သည်။ ဤသည်ကား ရခိုင်ဘုရင်များလက်ထက် ရခိုင်ပြည်အတွင်းသို့ ဘင်္ဂါလီများဝင် ရောက်လာမှု သမိုင်းကြောင်းဖြစ်သည်။
ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ခရစ်နှစ် (၁၈၂၆)ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်တွင်ချုပ်ဆိုသည့် ရန္တပိုစာချုပ် အရ ရခိုင်ပြည်၊ အာသံနယ်၊ တနင်္သာရီတိုင်းတို့ကို ဗြိတိသျှအရှေ့ကုမ္ပဏီကသိမ်းယူ ပြီးနောက် အာသံနှင့်ရခိုင်ကို ဘင်္ဂလားပြည်နယ်နှင့် ပူးတွဲအုပ်ချုပ်ခဲ့သည်။ တနင်္သာရီကိုမူ မလေးရှားပီနန်တွင် ရုံးစိုက်သော ရေလက်ကြားဒေသ အုပ်ချုပ်ရေးဌာန (The straits settlement)မှအုပ်ချုပ်သည်။ စီပွိုင်ပုန်ကန်မှု (Sepoy Rebellion)အပြီး (၁၈၅၈) ခုနှစ်တွင် ဗြိတိသျှပါလီမန်သည် အရှေ့အိန္ဒိယကုမ္ပဏီကို အစိုးရ၏လက်အောက်သို့ လွှဲပြောင်းယူခဲ့သည်။ (၁၈၆၉) ခုနှစ် တွင် စူးအက်တူးမြောင်းဖွင့်ပြီး နောက် လမ်းပန်းဆက်သွယ်ရေးပိုမိုချောမွေ့လာသည်နှင့်အမျှ အင်္ဂလိပ်တို့သည် ဥရောပ သို့ အာရှဒေသမှထုတ်ကုန်များတိုးမြှင့်တင်ပို့ရန် ကြိုးစားလာခဲ့သည်။ ဘင်္ဂလားဒေသနှင့် ရခိုင်ဒေသ၏အဓိကထွက် ကုန်မှာ ဆန်စပါးဖြစ်သဖြင့် ဆန်စပါးတင်ပို့မှုတိုးချဲ့ ရန်ကြိုးပမ်းလာသည်။ ဘင်္ဂလားဒေသသည် လူဦး ရေပေါများပြီး ရခိုင်ဒေသတွင် မြေလွတ်မြေရိုင်းများ ပေါများသဖြင့် ဘင်္ဂါလီများကို ရခိုင်ဒေသအတွင်းသို့ တင်ပို့၍ ဆန်စပါးတိုးမြှင့် ထုတ်လုပ်ရန်ဆောင်ရွက်ခဲ့ကြသည်။ (၁၈၇၇)ခုနှစ်တွင် စစ်တကောင်းနယ်၏ လူနေသိပ်သည်းမှုသည် စတုရန်း တစ်မိုင် လျှင် (၄၈၇)ဦးဖြစ်ပြီး ရခိုင်ပြည်နယ်တွင် (၂၄)ဦးသာရှိ သည်။ ဘင်္ဂါလီတစ်ဦးသည် ထိုကဲ့သို့ မြေနေရာကျယ် ပြန့်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါများသည့် ရခိုင်ပြည်နယ်သို့ရွှေ့ပြောင်းရန် တစ်ပြားတစ်ချပ်မှ မကုန်ပေ။ အဘယ်ကြောင့် ဆိုသော် သင်္ဘောကုမ္ပဏီများသည် ကိုးလ်ကတ္တား၊ စစ်တကောင်းဆိပ်ကမ်းများမှ စစ်တွေသို့ သင်္ဘောများဖြင့် အခမဲ့ ပို့ဆောင်ပေးပြီး သင်္ဘောခကို ဆန်စပါးရောင်းဝယ်သည့် အင်္ဂလိပ်ကုမ္ပဏီများမှပေးချေသည်။ ထို့ကြောင့် (၁၈၇၂) ခုနှစ်တွင် ဘင်္ဂါလီလုပ်သားပေါင်း (၅၈၂၂၅)ဦးရှိခဲ့ ရာမှ (၁၉၁၁)ခုနှစ်တွင် (၁၇၈၆၄၇)ဦးအထိ တိုးပွားလာသည်။ မူလက စတုရန်းတစ်မိုင်လျှင် (၂၄)ဦး သာရှိသည့် ရခိုင်ပြည်နယ်၌ စစ်တွေတွင် (၁၇၆) ဦး၊ ရသေ့တောင်တွင် (၁၅၇) ဦး၊ မောင်တောတွင် (၂၃၀)ဦးခန့် တိုးပွားလာသည်။ အင်္ဂလိပ်အစိုးရကလည်း စိုက်ပျိုးမြေအမြောက်အမြား ဖော်ထုတ် ရန်ရည်ရွယ်၍ Zamindar မြေရှင်စနစ်ကိုကျင့်သုံးလာသည်။ ဤစနစ်မှာ မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်း ၍ စိုက်ပျိုးမြေအဖြစ်ပြောင်းလဲသူကို နှစ်အနည်းငယ် အခွန်ကင်းလွတ်ခွင့်ပေး၍ လက်ဝယ်ထားရှိခြင်း၊ လယ်မြေအငှား ချခြင်းများ၊ လယ်ယာခွန်စုဆောင်းခွင့်ရှိခြင်း စသည်တို့ကို ဆောင်ရွက်နိုင်သည့်စနစ်ဖြစ်သည်။ ဤသို့ဖြင့် ဘင်္ဂါလီတို့ သည် ရခိုင်ပြည်နယ်တွင် လယ်မြေများစွာပိုင်ဆိုင်လာခဲ့သည်။ (၁၈၂၆)ခုနှစ်တွင် ရခိုင်ဒေသတွင် စိုက်ပျိုးမြေ ဧကပေါင်း (၄၅၇၇၁)ဧကရှိရာမှ (၁၉၁၅)ခုနှစ်တွင် (၈၁၆၂၄၈)ဧကအထိ ရှိလာသည်။ အင်္ဂလိပ်တို့ ရခိုင်ဒေသကိုသိမ်းပိုက်ပြီးစ ကာလ (၁၈၂၄)ခုနှစ်တွင် ရခိုင်ပြည်၌ ဘင်္ဂါလီလူမျိုး (၃)သောင်းခန့်သာရှိပြီး (၁၈၇၂)ခုနှစ် သန်းခေါင်စာ ရင်းတွင် (၆) သောင်းနီးပါးအထိဖြစ်လာကာ (၁၉၁၁) ခုနှစ်တွင် (၁)သိန်း(၈)သောင်းနီးပါးအထိ (၆)ဆမျှ တိုးတက်များပြားလာခဲ့သည်။ ဤသည်မှာ အခြေချ နေထိုင်သောဘင်္ဂါလီများဖြစ်ပြီး စပါးစိုက်ပျိုးချိန်ကာ လအတွက် တစ်နှစ်လျှင် ပျမ်းမျှ ဘင်္ဂါလီ (၄)သောင်း ခန့်ဝင်ရောက်ခဲ့သည်။ ထို့ပြင် (၁၉၁၆-၁၉၁၈)တွင် Martin & Son Company မှဆောင်ရွက်သော ဘူးသီး တောင်-မောင်တော ရထားလမ်းအတွက်လည်း ဘင်္ဂါလီအလုပ်သမားအများအပြားကို ခေါ်ယူစေခိုင်းခဲ့ပြီး ထိုသူတို့သည် နေရပ်သို့မပြန်တော့ဘဲ ထိုဒေသတစ်ဝိုက်တွင် အခြေချနေထိုင်ခဲ့ကြသည်။ (၁၉၃၁)ခုနှစ်တွင် Akyab (စစ်တွေ)ခရိုင် တစ်ခုတည်းပင်လျှင် ဘင်္ဂါလီဦးရေ (၂)သိန်း(၁)သောင်း ကျော်ဖြစ်လာခဲ့သည်။ (၁၉၃၅)ခုနှစ် အိန္ဒိယ-မြန်မာ ခွဲရေး၊ တွဲရေးတွင် ခွဲရေးကအနိုင်ရကာ မြန်မာပြည်ကို အိန္ဒိယနိုင်ငံ၏လက်အောက်ခံပြည်နယ်အဖြစ်မှ ခွဲထွက်ခွင့်ရခဲ့ပြီးနောက် (၁၉၃၉) ခုနှစ်တွင် မြန်မာ နန်းရင်းဝန်ဦးစောနှင့် အိန္ဒိယခေါင်းဆောင် Girija Shankar Bajpai တို့သည် စစ်တကောင်းမှ ခိုးဝင်လာသည့် ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ ဦးစော-ဆာကာ လူဝင်လူထွက်စာချုပ် ချုပ်ဆိုကြသည်။ ထိုစာချုပ်အရ (၁၉၄၁)ခုနှစ် ဇူလိုင်လ(၂၁)ရက်မှစ၍ အိန္ဒိယမှ ဘင်္ဂါလီအလုပ်သမားများ မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်ကို တားမြစ်ခဲ့ သည်။ သို့သော် စာချုပ်ချုပ်ဆိုချိန်နှင့် စာချုပ်အသက်ဝင်မည့်အချိန်မှာ (၃)နှစ်ခန့်ကွာခြားသဖြင့် ဘင်္ဂါလီများသည် နောင်တွင် အခွင့်အရေးမရမည်စိုးရိမ်သဖြင့် အလုံးအရင်းလိုက် အများအပြားဝင်လာခဲ့သည်။ (၁၉၄၁)ခုနှစ် ဒီဇင်ဘာ (၂၃)ရက်နှင့် (၂၅) ရက်တွင် ရန်ကုန်မြို့ကို ဂျပန်တို့က ဗုံးကြဲတိုက်ခိုက်ပြီးသည့် နောက်တွင် အင်္ဂလိပ်တပ်များ မြန်မာ နိုင်ငံမှ စတင်ဆုတ်ခွာသည်။ အင်္ဂလိပ်တပ်များဆုတ်ခွာရာနောက်သို့ ဘင်္ဂါလီကြေးရတက်အချို့သာ လိုက်ပါသွားပြီး ကျန်ဘင်္ဂါလီအများစုကို အင်္ဂလိပ်များမှ Volunteer force(V force) အမည်ရှိ ပြောက်ကျားတပ်ဖွဲ့ ဖွဲ့ စည်း၍ ဂျပန်များ၏ သတင်းထောက်လှမ်းရန်နှင့် သေးငယ်သည့် ကြားဖြတ်တိုက်ခိုက်မှုပြုလုပ်ရန် လက်နက်များတပ်ဆင်ပေးခဲ့သည်။ V force တပ်ဖွဲ့ တွင် ဌာနချုပ်(၆)ခုဖြင့်ဖွဲ့စည်းထားပြီး ဌာနချုပ်တစ်ခုလျှင် သေနတ်ကိုင်စစ်သည် (၁၀ဝ)နှင့် သေနတ်မဲ့ ပြောက်ကျားစစ်သည် (၁၀ဝဝ)ပါဝင်သည်။ ဘင်္ဂါလီများသည် ထိုအင်အားများကိုအသုံးပြု၍ ရခိုင်လူမျိုးအပေါ် ပထမဆုံး အကြိမ် အကြမ်းဖက်မှုများစတင်လုပ်ဆောင်ခဲ့သည်။ (၁၉၇၁) ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်မြောက်ရေးစစ်ပွဲ ဖြစ်ပွားပြီး ဘင်္ဂါလီနှစ်သိန်းခန့် မြန်မာနိုင်ငံတွင်းသို့ ထပ်မံဝင်ရောက်လာပြန်သည်။ ထို့ကြောင့် (၁၉၇၈) ခုနှစ်တွင် နဂါး မင်းစီမံချက်ပြုလုပ်၍ ခိုးဝင်ဘင်္ဂါလီများကိုစိစစ်ခဲ့ရသည်။ (၁၉၉၁) ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ဖြစ်ပွားခဲ့သော ဆိုင်က လုန်းမုန်တိုင်းကြောင့် ဘင်္ဂါလီနှစ်သိန်းခန့် မြန်မာနိုင်ငံတွင်းသို့ ထပ်မံဝင်ရောက်လာပြန်သည်။ အထက်ဖော် ပြပါဝင်ရောက်မှုများသည် အလုံးအရင်းဖြင့်ဝင်ရောက် မှုများကိုသာ ဖော်ပြခြင်းဖြစ်ပြီး ထိုဒေသတွင် နိုင်ငံ တော်အစိုးရ၏ တရားဥပဒေစိုးမိုးနိုင်မှုနည်းပါးခြင်း၊ တာဝန်ကျနိုင်ငံ့ဝန်ထမ်းများ၏ကိုယ်ကျိုးရှာမှုတို့ကြောင့် ဘင်္ဂါလီများ အတားအဆီး မရှိ ဝင်ရောက်မှုရှိနေသည်မှာ ယနေ့တိုင်ဖြစ်သည်။
နိုင်ငံတကာသတင်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၏ဖော်ပြချက်များတွင် မြန်မာနိုင်ငံအတွင်း၌ လူမျိုးလိမ် (၆)သိန်းခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ် IDP စခန်းတွင် (၉)သိန်းခန့်ရှိကြောင်းတွေ့ရသည်။ (၂၀၂၄)ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ ရှေ့ပြေးသန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် လူဦး ရေ (၂ယ၄၆၆ယ၃၈၅)ဦးရှိကြောင်းတွေ့ရသည်။ ထိုလူ ဦးရေထဲတွင် (၃၄၅ယ၄၃၁) ဦးကိုသာ ကွင်းဆင်းကောက် ယူနိုင်ပြီး ကျန်နှစ်သန်းကျော်ကို Earth Remote Sensing (ERS) နည်းပညာနှင့် Geographic Information System (GIS) နည်းပညာများကို အသုံးပြု၍ ခန့်မှန်း ကောက်ယူခဲ့ကြောင်းတွေ့ရသည်။ (၂၀၂၄) ရှေ့ပြေးသန်းခေါင်စာရင်းနှင့် (၂၀၁၉) ကြားဖြတ်သန်းခေါင်စာရင်းတို့တွင် နယ်မြေဒေသတစ် ခုချင်းစီအလိုက် ကိုးကွယ်သည့်ဘာသာ ရာခိုင်နှုန်း၊ လူဦးရေတို့ကို မဖော်ပြထားပေ။ (၂၀၁၄) သန်း ခေါင်စာရင်းတွင်သာ အတွဲ (၂-ဂ) ကိုးကွယ်သည့် ဘာသာဆိုင်ရာအစီရင်ခံစာကို နောက်ဆက်တွဲအနေဖြင့် ထုတ်ပြန်ပေး ခဲ့သည်။ ထိုစာရင်းအရ ရခိုင်ပြည်နယ်တွင် စာရင်းကောက်ယူနိုင်သည့် အစ္စလာမ်ဘာ သာကိုးကွယ်သူဦးရေ (၂၈,၇၃၁)ဦးရှိပြီး စာရင်းမ ကောက်ယူနိုင်သည်မှာ (၁,ဝ၉၀,ဝဝဝ) ဦးရှိသည်။ ထိုတစ်သန်းကျော်သည် အစ္စလာမ် ဘာသာကို သက် ဝင်ယုံကြည်သူများဖြစ်ကြောင်းကို ထိုအစီရင်ခံစာ၏ စာမျက်နှာ(၂)တွင်ဖော်ပြထားသည်။
မောင်တောခရိုင်အခြေအနေ
မောင်တောခရိုင်တွင် မောင်တောမြို့၊ တောင်ပြိုလက်ဝဲမြို့၊ ခမောင်းဆိပ်မြို့၊ မြင်းလွှတ်မြို့၊ ဘူးသီးတောင်မြို့တို့ ပါဝင်သည်။ မြန်မာသတင်းအချက် အလက်စီမံခန့်ခွဲမှုယူနစ် (MIMU)အရ (၂၀၂၄)ခုနှစ် ဖေဖော်ဝါရီလအထိ မောင်တော မြို့နယ်တွင် ကျေးရွာပေါင်း (၂၈၄)ရွာရှိပြီး (၃၇)ရွာသည်သာ တိုင်းရင်းသားလူမျိုးများ သီးသန့်နေထိုင်နိုင်သည့် ရွာ အဖြစ်တည်ရှိတော့သည်။ ၎င်းတို့မှာ ဒိုင်းနက်လူမျိုးများနေထိုင်သည့်ရွာ (၁) ရွာ၊ သက်လူမျိုးများနေထိုင် သည့်ရွာ (၃) ရွာ၊ မြိုလူမျိုးများနေထိုင်သည့်ရွာ (၆)ရွာ၊ ရခိုင်လူမျိုးများနေထိုင်သည့်ရွာ (၈) ရွာ၊ နတလကျေးရွာ (၁၅) ရွာ၊ ငြိမ်းချမ်း ရေးရွာ (၂) ရွာ၊ စုစည်းရွာ (၂) ရွာတို့ဖြစ်သည်။ နတလကျေးရွာဆိုသည်မှာ (၁၉၉၄) ခုနှစ်မှာ မြန်မာနိုင်ငံအလယ်ပိုင်းမှ အိုးအိမ်နှင့်အလုပ်လက်မဲ့ဖြစ်နေသည့် အိမ်ထောင်စုများကို တစ်အိမ်ထောင်လျှင် လယ် (၂) ဧက၊ နွား (၁) ရှဉ်း၊ ကြက်၊ ဝက်၊ ဆိတ် စသည့်တို့ထောက်ပံ့၍ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ကျေးရွာများထူထောင်ပေးခဲ့ပါသည်။ သို့သော် ထိုရွာ သားအများစုဟာ အစိုးရကထောက်ပံ့သည့် နွား၊ လယ်ယာများကို အငှားချ/ရောင်းချကြပြီးအချို့သည် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ပြန်လည်ပြောင်းရွှေ့သွား ကြသည်။ မောင်တောမြို့နယ်တွင် ယခင်က နတလ ကျေးရွာ(၂၀)ရှိရာမှာ ယခုအခါ (၁၅)ရွာသာကျန်ရှိ တော့သည်။ စုစည်းရွာဆိုသည်မှာ မူလက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း၌နေထိုင်ခဲ့ပြီး ဘင်္ဂါလီများ၏အကြမ်းဖက်ခြိမ်းခြောက်မှုကြောင့် မြန်မာနိုင်ငံသို့ တိမ်းရှောင်လာရသည့် မြန်မာနိုင်ငံနှင့်အနွယ်တူ တိုင်းရင်းသားမျိုးနွယ်စုများကို နေရာချထားပေးသည့် ရွာများဖြစ်ပါသည်။ ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာပေါင်း (၃၁၀)ရွာရှိပြီး ခိုးဝင်ဘင်္ဂလီကျေးရွာ (၁၇၅) ရွာ၊ ဒေသခံ တိုင်းရင်သားကျေးရွာ (၁၂၈) ရွာ၊ နတလကျေးရွာ (၅) ရွာ၊ ငြိမ်းချမ်းရေးကျေးရွာ (၁) ရွာနှင့် စုစည်းကျေးရွာ (၁)ရွာတို့ ဖြစ်ပါသည်။
ရခိုင်ပြည်နယ်အစိုးရ၏ (၂၀၁၇)ခုနှစ် ဇူ လိုင်လအစီရင်ခံစာအရ မောင်တောခရိုင်တစ်ခုလုံး တွင် ရခိုင် (၃၉၄၂၄) ဦး၊ ခမီ (၉၀၁၈) ဦး၊ ဒိုင်းနက် (၉၉၆၉) ဦး၊ မြို (၈၃၃၈) ဦး၊ သက် (၁၈၉၂) ဦး၊ မရမာ (၃၁၆) ဦး၊ ဗမာ (၂၃၀၅) ဦး၊ ကရင် (၂၉) ဦး၊ ချင်း (၇၂) ဦး၊ ဟိန္ဒူ (၅၁၁၉) ဦး၊ ကသည်း (၂၇၆) ဦး၊ ကမန် (၁၅) ဦး၊ အခြား (၂၇၆) ဦး၊ ဘင်္ဂါလီမွတ်စလင် (၇၅၅၃၇၁) ဦးရှိသည်ကို တွေ့ရသည်။ ခိုးဝင်ဘင်္ဂါလီများသည် ဒေသခံများနှင့် ပဋိပက္ခဖြစ်တိုင်း ဒေသခံများကို အိုး အိမ်စွန့်ခွာအောင်ဆောင်ရွက်ကြပြီး ထိုကျေးရွာများတွင် ဝင်ရောက်နေထိုင်ကြပါသည်။ တိုင်းရင်းသား ကျေးရွာများကို လည်း မူလအမည်များဖျောက်၍ ဘင်္ဂါလီအမည်သစ်များ မှည့်ခေါ်လျက်ရှိသည်။ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူ များမှ လည်း ၎င်းတို့အပေါ် ပြဿနာဖြစ်ပွားမည်ကို ရှောင်ရှားသည့်အနေဖြင့် ဘင်္ဂါလီရွာများကို ထိထိရောက်ရောက်ကိုင် တွယ်ခြင်းမရှိပါ။ ဘင်္ဂါလီရွာများတွင် နေ့စဉ်နှင့်အမျှ အိမ်များ၊ ဗလီများ တိုးချဲ့ဆောက် လုပ်နေသည်ကိုတွေ့ရသည်။ ရွာမြေမဟုတ်သည့် နေရာသစ်များပင်လျှင် ဘင်္ဂါလီအိမ်များ တိုးချဲ့ဆောက်လုပ်လျက်ရှိနေသည်။ နောက်နှစ်အချို့ကြာ လျှင် ထိုနေရာများသည် ဘင်္ဂါလီရွာသစ်များဖြစ်လာနိုင်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် ခိုးဝင်ဘင်္ဂါလီများ စိုးမိုးနေပြီး အာဏာပိုင်များက အရေးယူထိန်းသိမ်းနိုင်စွမ်းမရှိပေ။ ခိုးဝင်ဘင်္ဂါလီများသည် မြစ်ချောင်း အနီး တစ်ဝိုက်နှင့်ကမ်းခြေနေရာများ၊ လမ်းပန်း ဆက်သွယ်ရေးကောင်းသောနေရာများ၊ စိုက်ပျိုးထွန် ယက်ရန် ကောင်း သောမြေပြန့်များတွင်နေထိုင်ကြပြီး လယ်မြေအများစုကိုရယူထားသည်။ တိုင်းရင်းသား လူမျိုးများ၏ကျေးရွာများမှာ တောင်ပေါ်ဒေသများနှင့် ဝေလံခေါင် ဖျားသည့်နေရာများတွင်သာတည်ရှိကြသည်။ ထို့ကြောင့် ခိုးဝင်ဘင်္ဂါလီများသည် မောင်တော ခရိုင်၏ စိုက်ပျိုးရေးနှင့်ရေလုပ်ငန်းများကို လက်ဝါးကြီးအုပ်လုပ်ကိုင်ကြပြီး လယ်ယာနှင့်ရေထွက် ကုန်များ ကို ဘင်္ဂလားဒေ့ရှ်နှင့်ရန်ကုန်သို့ တိုက်ရိုက် ဆက်သွယ်ရောင်းချကာ ကုံလုံကြွယ်ဝလျက်ရှိသည်။
လူမျိုးလိမ်တို့၏အကြမ်းဖက်မှုများ
(၁၉၄၂)ခုနှစ်မှ ယနေ့အထိ လူမျိုးလိမ်တို့သည် တိုင်းရင်းသားဒေသခံများအပေါ် အကြမ်းဖက်မှု (၇)ကြိမ်တိုင် တိုင်ကျူးလွန်ခဲ့ကြသည်။
(က) ပထမအကြိမ်(၁၉၄၂)ခုနှစ်။ (၁၉၄၂) ခုနှစ်တွင် မြန်မာနိုင်ငံမှ အင်္ဂလိပ်တပ်များဆုတ်ခွာသည့်အခါ အင်္ဂလိပ်များက ဘင်္ဂါလီများကို အင်အား (၆၆၀ဝ)ရှိသော Volunteer force(V force) အမည်ရှိ ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပေး၍ ဂျပန်များ၏သတင်းထောက်လှမ်းရန်နှင့် သေးငယ်သည့် ကြားဖြတ်တိုက်ခိုက်မှုပြုလုပ်ရန် လက်နက် (၆၀ဝ) တပ်ဆင်ပေးခဲ့သည်။ ထို့ပြင် အင်္ဂလိပ်တို့သည် စစ်တွေ အရေးပိုင် ဦးကျော်ခိုင်ကို ဗိုလ်မှူးရာထူးပေး၍ ရခိုင် ပြည်နယ်ကို ဂျပန်တပ်များဝင်ရောက်လာပါက ခုခံရန် နှင့်ရခိုင်ပြည်နယ်ကိုအုပ်ချုပ်ကွပ်ကဲရန် ဂေါ်ရခါးနှင့် ဘင်္ဂါလီတပ် သားအချို့ကို MGB စစ်သင်္ဘောနှင့်အ တူထားရစ်ခဲ့သည်။ V Force တပ်မှ ဘင်္ဂါလီလက်နက်ကိုင်များက ဘင်္ဂါလီအရပ် သားများနှင့်ပူးပေါင်း၍ ရခိုင်တိုင်းရင်းသားများကို အနိုင်ကျင့်နှိပ်စက်သတ် ဖြတ်ကြသည်။ ထိုအချိန်တွင် ဦးကျော်ခိုင် သည် ထိုအကြမ်းဖက်မှုကိုနှိမ်နင်းရန် ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာသို့အသွားတွင် ဘင်္ဂါလီလူမျိုးများ လုပ်ကြံ၍ကျဆုံးခဲ့သည်။ ဦးကျော်ခိုင်၏လက်အောက်မှ ဘင်္ဂါလီစစ်သားတို့သည် ဘင်္ဂါလီများနှင့်ပူးပေါင်းကာ ရခိုင် ကျေးရွာများကို တိုက်ခိုက်ဖျက်ဆီးကြသည်။ ဖျက်ဆီးခံရသောကျေးရွာများရှိ ရခိုင်လူမျိုးတို့သည် ဗြိတိသျှတို့ ဆုတ်ခွာရာ တွင်ပါလာသော ဘားမားဗော် လံတီယာတပ်မှ ရဲဘော်များ၊ ရဲတပ်ဖွဲ့ဝင်များရှိသည့် ဘူးသီးတောင်မြို့တွင် သွားရောက် ခိုလှုံရသည်။ ဘင်္ဂါလီများသည် ဘူးသီးတောင်မြို့ကို အကြိမ်ကြိမ်ဝင် ရောက်တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှုမရချေ။ ထိုအချိန်တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်ဦးစီးသော ရခိုင်စစ်ကြောင်းသည် စစ်တွေကိုသိမ်းပိုက် ရန်ရောက်ရှိ လာခဲ့သည်။ ထို့နောက် ဘူးသီးတောင်နှင့် မောင်တောနယ်၌ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ကိုဖြေရှင်းရန် ဗိုလ်ရန် နောင်နှင့် ဗိုလ်မျိုးညွန့်ဦးစီးသည့် တပ်စုတစ်စုကို မောင်တောမြို့နှင့် ဘူးသီး တောင်မြို့သို့စေလွှတ်ခဲ့သည်။ မောင်တော မြို့တွင် လူထုအစည်းအဝေးကျင်းပကာ နယ်ချဲ့ဆန့်ကျင်ရေး နှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတရားများ ဟော ပြောခဲ့ပြီးနောက် မောင်တောမြို့ခံဘင်္ဂါလီတို့က ထမင်းပွဲနှင့်ဧည့်ခံချိန်တွင် ရုတ်တရက်တိုက်ခိုက် သဖြင့် တပ်စုတစ်စုလုံး ကျဆုံးခဲ့သည်။ ထိုသတင်းကို ကြားရလျှင်ကြားရချင်း ဗိုလ်ရန်အောင်သည် တပ်ခွဲနှစ်ခုကိုတင်ဆောင်၍ သင်္ဘောဖြင့် ဘူးသီးတောင်မြို့ သို့ချီတက်လာခဲ့သည်။ ဘူးသီးတောင်မြို့ကို ဘင်္ဂါလီများဝင်ရောက်တိုက်ခိုက်နေခြင်းကို ကူညီ အားဖြည့်ပေးခဲ့သည်။ သို့သော် ဂျပန်တို့သည် အိန္ဒိယကို ဆက် လက်တိုက်ခိုက်ရန်အတွက် ၎င်းတို့နှင့်အတူပါလာ သော အိန္ဒိယလွတ်မြောက်ရေးတပ်မတော်အဖွဲ့များကို အသုံးချလိုသည်ဖြစ်ရာ အိန္ဒိယလွတ်မြောက်ရေး တပ်မတော်တွင်ပါဝင် သော ဘင်္ဂါလီများ ငြိုငြင်မည်စိုးသဖြင့် ဗိုလ်ရန်အောင်တပ်ကို ရန်ကုန်သို့ ပြန်လည် ခေါ်ဆောင်ခဲ့သည်။ မြို့သူမြို့သား တို့သည် ဗမာ့လွတ် လပ်ရေးတပ်မတော်မရှိသည့်အခြေအနေတွင် ဘူး သီးတောင်မြို့တွင် ဆက်လက်နေထိုင်ရန်မဖြစ် သဖြင့် ၎င်းတို့ကို လက်နက်အချို့ထားခဲ့ရန် သို့မဟုတ် မြို့သူ မြို့သားများကို သေကံခွဆုံရွာအထိပို့ဆောင်ပေးခဲ့ ရန် တောင်းဆိုခဲ့သည်။ ဂျပန်တပ်များက ဝင်မစွက်ဖက် ရန်တားမြစ်သည့်ကြားမှ ဗိုလ်ရန်အောင်သည် မာဆ ကပ်သေနတ် (၃၃)လက်၊ ကျည်ဆန် (၃၀ဝဝ)၊ ငွေ (၃၀ဝဝ)ကျပ်၊ မော်တော်ဘုတ်တစ်စင်းနှင့် (၄)ဂါလန် ဝင်ဓာတ်ဆီပုံး (၅၇)လုံးပေး ခဲ့သည်။ ဘူးသီးတောင် မြို့ကို တိုက်ခိုက်၍မရသောအခါ ဘင်္ဂါလီတို့သည် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာ (၂၁၄) ရွာ၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာ (၁၈၅) ရွာ၊ ရသေ့တောင်မြို့နယ်အတွင်းရှိကျေးရွာ (၁၁)ရွာကို မီးရှို့ကာ ဒေသခံတိုင်းရင်းသားလူမျိုး နှစ်သောင်းခန့် သတ်ဖြတ်ခံခဲ့ရသည်။ (၁၉၄၄)ခုနှစ် ဇန်နဝါရီလတွင် မဟာမိတ်တပ်များ ရခိုင်ပြည်နယ်သို့ ဝင်လာသည့် အချိန်တွင် အကြမ်းဖက်မှုများရပ်တန့်သွားခဲ့သည်။ အင်္ဂလိပ်တို့သည် ၎င်းတို့ထားခဲ့သည် V Force တပ်များ၏အကြမ်းဖက်မှုများအပေါ် ခုခံခဲ့သည့် ရခိုင်မျိုးချစ်ခေါင်းဆောင်တို့ကို အငြိုးထားကာ ဂျပန်နှင့်ပူး ပေါင်းခဲ့သည်ဟုလည်းကောင်း၊ ပြစ်မှုများ ကျူးလွန်ခဲ့ သည်ဟုလည်းကောင်း အမျိုးမျိုးခေါင်းစဉ်တပ်ကာ ဖမ်းဆီးခဲ့သည်။ မဟာမိတ်များနှင့်ပူးပေါင်းခဲ့သည့် ရခိုင်ပြောက်ကျားတပ်များထံမှ လက်နက်များ သိမ်းယူခဲ့သော်လည်း V Force တပ်ဖွဲ့ ထံမှ လက်နက်များ ကို သိမ်းယူခဲ့ခြင်းမရှိပေ။
(ခ) ဒုတိယအကြိမ်(၁၉၄၆) ခုနှစ်။ မြန်မာတိုင်း ရင်းသားတို့သည် နယ်ချဲ့အင်္ဂလိပ်ထံမှ လွတ်လပ်ရေး ရယူရန်ကြိုးပမ်းနေသကဲ့သို့ ဘင်္ဂါလီတို့သည်လည်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ဒေသတို့ကို အရှေ့ ပါကစ္စတန်(ယခုဘင်္ဂလားဒေ့ရှ်)နှင့်ပူးပေါင်းရန် သို့မဟုတ် သီးခြားနိုင်ငံထူထောင်ရန် သို့မဟုတ် လွတ်လပ်လာမည့်မြန်မာ နိုင်ငံတွင် သီးခြားပြည်နယ် ရရှိရေးကြိုးပမ်းနေခဲ့သည်။ (၁၉၄၆)ခုနှစ်တွင် ဂျမီအေတူအူလမာ (Jamiatul-Ulama)အဖွဲ့မှကိုယ် စားလှယ်အဖွဲ့သည် အနောက်ပါကစ္စတန်(ယခုပါ ကစ္စတန်)နိုင်ငံ၊ ကရာချိမြို့သို့လည်းကောင်း၊ လန်ဒန် မြို့သို့လည်းကောင်းသွားရောက်၍ တောင်းဆိုခဲ့သည်။ ပါကစ္စတန်ခေါင်းဆောင် အလီဂျင်နားက ဘင်္ဂါလီတို့ ၏တောင်းဆိုမှုကိုပယ်ချလိုက်သော်လည်း အင်္ဂလိပ် တို့၏ဆုံးဖြတ်ချက်ကိုမူ မသိရချေ။ ဘင်္ဂါလီခေါင်း ဆောင်တို့ကမူ ဒုတိယကမ္ဘာစစ်အတွင်းက ဘင်္ဂါလီတို့၏သစ္စာရှိမှုအတွက် အင်္ဂလိပ်တို့က ရခိုင်ဒေသ၌ မွတ်စလင်နိုင်ငံထူထောင်ရန် ကတိကဝတ် ပြုခဲ့သည်ဟုဆိုသည်။ (၁၉၄၇)ခုနှစ်တွင် Jamiatul-Ulama အဖွဲ့သည် မူဂျာဟစ်သောင်းကျန်းသူအဖွဲ့ကို ထူထောင်ခဲ့ပြီး ဒေသခံများကို မနေရဲအောင်ခြိမ်းခြောက်ထွက် ပြေးစေခြင်းဖြင့် နယ်မြေချဲ့ထွင်မှုခိုင်မာအောင်တည် ဆောက်ခဲ့ကြသည်။ (၁၉၄၈) ခုနှစ်တွင် တိုင်းပြည်၏အခက်အခဲကိုအခွင့်ကောင်းယူ၍ မူဂျာဟစ်တို့သည် မောင်တော၊ ဘူးသီးတောင်ဒေသတွင် ထြွကသောင်း ကျန်းလာသည်။ တပ်မတော်၏ တပ်ရင်း(၅)မှ အင် အားရာဂဏာန်း မျှသာပို့နိုင်သဖြင့် တပ်မတော်သည် အဓိကမြို့ကြီးများကိုသာ ထိန်းချုပ်နိုင်သည်။ မူဂျာ ဟစ်တို့၏ဗျူဟာမှာ မြို့များကို ရိက္ခာဖြတ်တောက်ထားပြီး တဖြည်းဖြည်းသိမ်းယူရန်ဖြစ်သည်။ ဘူးသီး တောင်မြို့ကို မူဂျာဟစ်များက ရက်ပေါင်း (၄၀)ခန့်အထိ ဝိုင်းဝန်းပိတ်ဆို့ထားခဲ့သည်။ မူဂျာဟစ်တို့၏တိုက် ခိုက်မှုကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့ တောင်မြို့နယ်များအတွင်းမှ ရခိုင်တိုင်းရင်းသား ကျေးရွာအများအပြားပျက်စီးခဲ့သည်။ ရခိုင်တိုင်းရင်း သား (၃)သောင်း ခန့် သတ်ဖြတ်ခံရသည်။ မြန်မာနိုင်ငံ အစိုးရသည် လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းပုန် ကန်မှုများနှင့်ရင်ဆိုင်နေ ရသဖြင့် အစောပိုင်းကာလ (၁၉၄၈)ခုနှစ်တွင် ကောင်းစွာ စစ်မဆင်နိုင်ဘဲ (၆)နှစ်ခန့်အကြာ (၁၉၅၄)ခုနှစ် နိုဝင်ဘာတွင် မှသာ မူဂျာဟစ်များကို ထိထိရောက်ရောက်စစ်ဆင်နိုင်ခဲ့ပြီး မူဂျာ ဟစ်သောင်းကျန်းမှု အရှိန်လျော့ကျလာခဲ့သည်။ (၁၉၆၀)ပြည့်နှစ်မှစတင်သော တပ်မတော်၏ မုတ်သုံ စစ်ဆင်ရေးကြောင့် မူဂျာဟစ်ခေါင်းဆောင်အများအပြားကျဆုံးပြီး ဌာနချုပ်ကိုပါသိမ်းပိုက်နိုင်ခဲ့သည်။ ကြွင်းကျန်ရစ်သော မူဂျာဟစ်သူပုန်များသည် (၁၉၆၁) ခုနှစ် နိုဝင်ဘာလ (၁၆) ရက် မောင်တောမြို့တွင် လက်နက်ချခြင်းဖြင့် မူဂျာဟစ်သူပုန်တို့ ဇာတ်သိမ်းခဲ့သည်။
(ဂ) တတိယအကြိမ်(၁၉၈၈) ခုနှစ်။ ၁၉၈၈ ခုနှစ် မေလ (၁၃) ရက် ည (၇) နာရီခန့်တွင် ဘင်္ဂါလီ မွတ်စလင် လူဦးရေ (၅၀ဝဝဝ)ခန့်သည် မောင်တော မြို့ကိုဝိုင်း၍ ကြွေးကြော်သံများဟစ်ကြွေးကာ ဆူပူမှု ဖြစ်ပွားခဲ့သည်။ နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်း တစ်ကျောင်းကို ဖျက်ဆီးခဲ့သည်။ မြို့တွင်း ရဲတပ်ဖွဲ့ နှင့် ထိန်းသိမ်းရန်မလွယ်ကူခဲ့ပေ။ ဖုန်းလိုင်းများပါ ဖြတ်တောက်ထားခဲ့ကာ မြို့နှင့် (၄) မိုင်အကွာရှိ လုံ ထိန်းတပ်ဖွဲ့သို့ ကားဖြင့်ဖောက်ထွက်၍ ဆက်သွယ် ခဲ့ရပြီး လုံထိန်းတပ်ဖွဲ့ဝင်များရောက်လာမှပင် အခြေအနေထိန်းသိမ်းနိုင်ပြီး မနက်မိုးမလင်းခင် ဘင်္ဂါလီ မွတ်စလင်များ လူစုခွဲသွားကြသည်။ ရခိုင်လူမျိုး မည်မျှသေဆုံးသည်နှင့်ပတ်သတ်၍ သတင်းများထုတ် ပြန်မှုမရှိပါ။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
ျမန္မာႏိုင္ငံ၏ အာခိလိဖေနာင့္
ၿဖိဳးေဝလင္း (ပုသိမ္)
(ယခင္တစ္ပတ္မွအဆက္)
(၁၉၆၂)ခုႏွစ္ ဇူလိုင္လ(၇)ရက္အေရး အခင္း ( 7 July)ၿပီးေနာက္ ရန္ကုန္တကၠသိုလ္တြင္ တက္ေရာက္ ေနေသာ ဘဂၤါလီေက်ာင္းသားအခ်ိဳ႕သည္ ဆူပူပုန္ကန္မႈမ်ားေၾကာင့္အဖမ္းခံရမည္ကို စိုးရိမ္သျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ေျပး ကာ ထိုႏိုင္ငံမ်ားတြင္ေနထိုင္ရင္း လူမ်ိဳးလိမ္ႏွင့္သက္ဆိုင္ေသာ စာအုပ္၊ စာေစာင္မ်ား ေရးသားထုတ္ေဝလာခဲ့ ၾကသည္။
(၁၉၈၈)ခုႏွစ္ (၈၈)အေရးအခင္းတြင္လည္း လူမ်ိဳးလိမ္အမည္မ်ားကိုအသုံးျပဳကာ ဒီမိုကေရစီႏွင့္ ေရာေယာင္ ဝါဒျဖန႔္မႈမ်ားျပဳလုပ္ခဲ့သည္။ (၁၉၈၉)ခုႏွစ္ ေအာက္တိုဘာလ(၂၇)ရက္တြင္လည္း လူမ်ိဳးလိမ္တို႔၏ သမိုင္းအက်ဥ္းခ်ဳပ္ ဟူေသာ စာေစာင္ တစ္ခုကိုေရးသားခဲ့သည္။
(၂၀၁၂)ခုႏွစ္၊ (၂၀၁၆)ခုႏွစ္ႏွင့္ (၂၀၁၇) ခုႏွစ္တြင္ျဖစ္ပြားေသာ ခိုးဝင္ဘဂၤါလီတို႔၏အၾကမ္း ဖက္မႈမ်ားေၾကာင့္ ႏိုင္ငံတကာတြင္သာမက ျပည္တြင္း သတင္းစာမ်က္ႏွာမ်ား၊ လူမႈမီဒီယာမ်ားေပၚတြင္ လူမ်ိဳးလိမ္ဇာတ္လမ္းမ်ားမွာ ပ်ံ႕ႏွံ႔လ်က္ရွိသည္။ သို႔ေသာ္ ႏွစ္ေပါင္း (၁၂၀ဝ)ေက်ာ္ၾကာခဲ့ၿပီဆိုသည့္ လူမ်ိဳးတစ္ မ်ိဳး၏အမည္သည္ အနီးေခတ္မွတ္ တမ္းမ်ားတြင္မေတြ႕ရသည့္အျပင္ သမိုင္းဆိုင္ရာအေထာက္အထား မွတ္တမ္းမရွိေသာ၊ (၁၉၅၁)ခုႏွစ္အထိ သုံးစြဲျခင္းမရွိ ေသးေသာ လူမ်ိဳးတစ္မ်ိဳး၏အမည္မွာ အလိမ္အညာကလြဲ၍ အျခား မည္သည့္အရာမွ်မျဖစ္ႏိုင္ပါ။
လူမ်ိဳးလိမ္တို႔၏ ဝင္ေရာက္မႈသမိုင္းေၾကာင္း
မွတ္တမ္းမ်ားအရ စစ္တေကာင္းမွဘဂၤါလီမ်ားသည္ ရခိုင္ျပည္နယ္အတြင္းသို႔ အလုံးအရင္းျဖင့္ (၄)ႀကိမ္ တိုင္တိုင္ဝင္ေရာက္မႈရွိခဲ့သည္ဟုေတြ႕ရသည္။ ထို(၄)ႀကိမ္မွာ ရခိုင္ဘုရင္မ်ားလက္ထက္၊ ကိုလိုနီေခတ္၊ ဘဂၤလားေဒ့ရွ္ လြတ္ေျမာက္ေရးစစ္ပြဲကာလ ႏွင့္ (၁၉၉၁) ဘဂၤလားေဒ့ရွ္မုန္တိုင္းျဖစ္ပြားၿပီးေနာက္ ပိုင္းကာလတို႔တြင္ျဖစ္သည္။
ခရစ္ႏွစ္(၁၅၃၃)တြင္ ရခိုင္ျပည္ ေျမာက္ဦးေခတ္ ဘုရင္မင္းဗာႀကီးလက္ထက္၌ ဘဂၤလားနယ္၊ စစ္တေကာင္းသို႔ နယ္ပယ္ခ်ဲ႕ထြင္ၿပီး ေသာင္ေဒးနယ္မွ ဆားခ်က္ေသာ ဘဂၤါလီ(၃)ေထာင္ခန႔္ကို သုံ႔ပန္းအျဖစ္ဖမ္းဆီး၍ သံတြဲၿမိဳ႕တြင္ရွိ သည့္ ဆံေတာ္၊ အံေတာ္၊ နံေတာ္ ဘြဲ႕အမည္ရွိသည့္ ေစတီသုံးဆူတြင္ ဘုရားကြၽန္အျဖစ္လႉထားခဲ့သည္။ ခရစ္ႏွစ္ (၁၆၀ဝ) ေက်ာ္တြင္ ရခိုင္ဘုရင္ရာဇာႀကီး၏သား အိမ္ေရွ႕မင္းသား သံတြဲစား မင္းခေမာင္းသည္ သံတြဲၿမိဳ႕မွေန၍ ခမည္း ေတာ္အားပုန္ကန္ခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့သျဖင့္ မင္းခေမာင္းတပ္တြင္ပါဝင္ခဲ့ေသာ ဘုရားကြၽန္မ်ားသည္ ေညာင္ ရမ္းမင္းတရားႀကီးလက္ေအာက္သို႔ခို ဝင္ရာ ၎တို႔ကို ေျမဒူးၿမိဳ႕တြင္ေနရာခ်ထားသျဖင့္ ထိုသူတို႔သည္ ေျမဒူးမြတ္စလင္ မ်ားျဖစ္လာသည္။ ထို႔ေနာက္ (၁၆၅၇)ခုႏွစ္တြင္ မဂိုဘုရင္တို႔နန္းလုရာမွ စစ္ရႈံးနိမ့္ေသာ မဂိုမင္းသား Shah Shuja ႏွင့္ ေနာက္လိုက္(၂၀ဝ)တို႔ ေျမာက္ဦးဘုရင္ထံ ခိုဝင္လာျခင္းကိုေတြ႕ရသည္။ ထိုသူတို႔သည္ ရခိုင္ဘုရင္ထံ ေလးသည္ေတာ္ မ်ား အျဖစ္ခစားၾကၿပီး ေနာင္တြင္ ကမန္လူမ်ိဳးအျဖစ္အမည္တြင္၍ ျမန္မာတိုင္းရင္းသား အျဖစ္ပါဝင္လာခဲ့သည္။ ေအဒီ (၁၆)ရာစုႏွင့္ (၁၇) ရာစုတြင္ ေျမာက္ဦးမင္းႏိုင္ငံ၏ဆိပ္ကမ္းမ်ားတြင္ ေပၚတူဂီမ်ား၊ ဒတ္ခ်္မ်ား၊ မေလးႏွင့္ဆူမား ၾတားကြၽန္းသားမ်ား၏ ပင္လယ္ကူးသေဘၤာမ်ား ကူးသန္းေရာင္းဝယ္ၾကရာ ရခိုင္မ်ား၊ ေပၚတူဂီမ်ား၊ ဒတ္ခ်္မ်ားသည္ ဘဂၤ လားနယ္မွ ဘဂၤါလီမ်ားကို ကြၽန္အျဖစ္ဖမ္းဆီး၍ အေရွ႕အိႏၵိယကြၽန္းစု(အင္ဒိုနီးရွားႏိုင္ငံ)၊ Batavia (ဂ်ာကာတာ) ေဈးကြက္၌ ေရာင္းခ်ၾကသည္။ ထိုသူမ်ားထဲမွအခ်ိဳ႕ကို ရခိုင္သူေဌးသူႂကြယ္မ်ားႏွင့္ မင္းေဆြမင္း မ်ိဳးမ်ားက ခိုင္းေစရန္ အတြက္ဝယ္ယူခဲ့ျခင္းမ်ိဳးလည္းရွိခဲ့သည္။ ဤသည္ကား ရခိုင္ဘုရင္မ်ားလက္ထက္ ရခိုင္ျပည္အတြင္းသို႔ ဘဂၤါလီမ်ားဝင္ ေရာက္လာမႈ သမိုင္းေၾကာင္းျဖစ္သည္။
ပထမ အဂၤလိပ္-ျမန္မာစစ္ပြဲအၿပီး ခရစ္ႏွစ္ (၁၈၂၆)ခုႏွစ္ ေဖေဖာ္ဝါရီလ(၂၄)ရက္တြင္ခ်ဳပ္ဆိုသည့္ ရႏၲပိုစာခ်ဳပ္ အရ ရခိုင္ျပည္၊ အာသံနယ္၊ တနသၤာရီတိုင္းတို႔ကို ၿဗိတိသွ်အေရွ႕ကုမၸဏီကသိမ္းယူ ၿပီးေနာက္ အာသံႏွင့္ရခိုင္ကို ဘဂၤလားျပည္နယ္ႏွင့္ ပူးတြဲအုပ္ခ်ဳပ္ခဲ့သည္။ တနသၤာရီကိုမူ မေလးရွားပီနန္တြင္ ႐ုံးစိုက္ေသာ ေရလက္ၾကားေဒသ အုပ္ခ်ဳပ္ေရးဌာန (The straits settlement)မွအုပ္ခ်ဳပ္သည္။ စီပြိဳင္ပုန္ကန္မႈ (Sepoy Rebellion)အၿပီး (၁၈၅၈) ခုႏွစ္တြင္ ၿဗိတိသွ်ပါလီမန္သည္ အေရွ႕အိႏၵိယကုမၸဏီကို အစိုးရ၏လက္ေအာက္သို႔ လႊဲေျပာင္းယူခဲ့သည္။ (၁၈၆၉) ခုႏွစ္ တြင္ စူးအက္တူးေျမာင္းဖြင့္ၿပီး ေနာက္ လမ္းပန္းဆက္သြယ္ေရးပိုမိုေခ်ာေမြ႕လာသည္ႏွင့္အမွ် အဂၤလိပ္တို႔သည္ ဥေရာပ သို႔ အာရွေဒသမွထုတ္ကုန္မ်ားတိုးျမႇင့္တင္ပို႔ရန္ ႀကိဳးစားလာခဲ့သည္။ ဘဂၤလားေဒသႏွင့္ ရခိုင္ေဒသ၏အဓိကထြက္ ကုန္မွာ ဆန္စပါးျဖစ္သျဖင့္ ဆန္စပါးတင္ပို႔မႈတိုးခ်ဲ႕ ရန္ႀကိဳးပမ္းလာသည္။ ဘဂၤလားေဒသသည္ လူဦး ေရေပါမ်ားၿပီး ရခိုင္ေဒသတြင္ ေျမလြတ္ေျမ႐ိုင္းမ်ား ေပါမ်ားသျဖင့္ ဘဂၤါလီမ်ားကို ရခိုင္ေဒသအတြင္းသို႔ တင္ပို႔၍ ဆန္စပါးတိုးျမႇင့္ ထုတ္လုပ္ရန္ေဆာင္႐ြက္ခဲ့ၾကသည္။ (၁၈၇၇)ခုႏွစ္တြင္ စစ္တေကာင္းနယ္၏ လူေနသိပ္သည္းမႈသည္ စတုရန္း တစ္မိုင္ လွ်င္ (၄၈၇)ဦးျဖစ္ၿပီး ရခိုင္ျပည္နယ္တြင္ (၂၄)ဦးသာရွိ သည္။ ဘဂၤါလီတစ္ဦးသည္ ထိုကဲ့သို႔ ေျမေနရာက်ယ္ ျပန႔္ၿပီး အလုပ္အကိုင္အခြင့္အလမ္းေပါမ်ားသည့္ ရခိုင္ျပည္နယ္သို႔ေ႐ႊ႕ေျပာင္းရန္ တစ္ျပားတစ္ခ်ပ္မွ မကုန္ေပ။ အဘယ္ေၾကာင့္ ဆိုေသာ္ သေဘၤာကုမၸဏီမ်ားသည္ ကိုးလ္ကတၱား၊ စစ္တေကာင္းဆိပ္ကမ္းမ်ားမွ စစ္ေတြသို႔ သေဘၤာမ်ားျဖင့္ အခမဲ့ ပို႔ေဆာင္ေပးၿပီး သေဘၤာခကို ဆန္စပါးေရာင္းဝယ္သည့္ အဂၤလိပ္ကုမၸဏီမ်ားမွေပးေခ်သည္။ ထို႔ေၾကာင့္ (၁၈၇၂) ခုႏွစ္တြင္ ဘဂၤါလီလုပ္သားေပါင္း (၅၈၂၂၅)ဦးရွိခဲ့ ရာမွ (၁၉၁၁)ခုႏွစ္တြင္ (၁၇၈၆၄၇)ဦးအထိ တိုးပြားလာသည္။ မူလက စတုရန္းတစ္မိုင္လွ်င္ (၂၄)ဦး သာရွိသည့္ ရခိုင္ျပည္နယ္၌ စစ္ေတြတြင္ (၁၇၆) ဦး၊ ရေသ့ေတာင္တြင္ (၁၅၇) ဦး၊ ေမာင္ေတာတြင္ (၂၃၀)ဦးခန႔္ တိုးပြားလာသည္။ အဂၤလိပ္အစိုးရကလည္း စိုက္ပ်ိဳးေျမအေျမာက္အျမား ေဖာ္ထုတ္ ရန္ရည္႐ြယ္၍ Zamindar ေျမရွင္စနစ္ကိုက်င့္သုံးလာသည္။ ဤစနစ္မွာ ေျမလြတ္ေျမ႐ိုင္းမ်ားကို ခုတ္ထြင္ရွင္းလင္း ၍ စိုက္ပ်ိဳးေျမအျဖစ္ေျပာင္းလဲသူကို ႏွစ္အနည္းငယ္ အခြန္ကင္းလြတ္ခြင့္ေပး၍ လက္ဝယ္ထားရွိျခင္း၊ လယ္ေျမအငွား ခ်ျခင္းမ်ား၊ လယ္ယာခြန္စုေဆာင္းခြင့္ရွိျခင္း စသည္တို႔ကို ေဆာင္႐ြက္ႏိုင္သည့္စနစ္ျဖစ္သည္။ ဤသို႔ျဖင့္ ဘဂၤါလီတို႔ သည္ ရခိုင္ျပည္နယ္တြင္ လယ္ေျမမ်ားစြာပိုင္ဆိုင္လာခဲ့သည္။ (၁၈၂၆)ခုႏွစ္တြင္ ရခိုင္ေဒသတြင္ စိုက္ပ်ိဳးေျမ ဧကေပါင္း (၄၅၇၇၁)ဧကရွိရာမွ (၁၉၁၅)ခုႏွစ္တြင္ (၈၁၆၂၄၈)ဧကအထိ ရွိလာသည္။ အဂၤလိပ္တို႔ ရခိုင္ေဒသကိုသိမ္းပိုက္ၿပီးစ ကာလ (၁၈၂၄)ခုႏွစ္တြင္ ရခိုင္ျပည္၌ ဘဂၤါလီလူမ်ိဳး (၃)ေသာင္းခန႔္သာရွိၿပီး (၁၈၇၂)ခုႏွစ္ သန္းေခါင္စာ ရင္းတြင္ (၆) ေသာင္းနီးပါးအထိျဖစ္လာကာ (၁၉၁၁) ခုႏွစ္တြင္ (၁)သိန္း(၈)ေသာင္းနီးပါးအထိ (၆)ဆမွ် တိုးတက္မ်ားျပားလာခဲ့သည္။ ဤသည္မွာ အေျခခ် ေနထိုင္ေသာဘဂၤါလီမ်ားျဖစ္ၿပီး စပါးစိုက္ပ်ိဳးခ်ိန္ကာ လအတြက္ တစ္ႏွစ္လွ်င္ ပ်မ္းမွ် ဘဂၤါလီ (၄)ေသာင္း ခန႔္ဝင္ေရာက္ခဲ့သည္။ ထို႔ျပင္ (၁၉၁၆-၁၉၁၈)တြင္ Martin & Son Company မွေဆာင္႐ြက္ေသာ ဘူးသီး ေတာင္-ေမာင္ေတာ ရထားလမ္းအတြက္လည္း ဘဂၤါလီအလုပ္သမားအမ်ားအျပားကို ေခၚယူေစခိုင္းခဲ့ၿပီး ထိုသူတို႔သည္ ေနရပ္သို႔မျပန္ေတာ့ဘဲ ထိုေဒသတစ္ဝိုက္တြင္ အေျခခ်ေနထိုင္ခဲ့ၾကသည္။ (၁၉၃၁)ခုႏွစ္တြင္ Akyab (စစ္ေတြ)ခ႐ိုင္ တစ္ခုတည္းပင္လွ်င္ ဘဂၤါလီဦးေရ (၂)သိန္း(၁)ေသာင္း ေက်ာ္ျဖစ္လာခဲ့သည္။ (၁၉၃၅)ခုႏွစ္ အိႏၵိယ-ျမန္မာ ခြဲေရး၊ တြဲေရးတြင္ ခြဲေရးကအႏိုင္ရကာ ျမန္မာျပည္ကို အိႏၵိယႏိုင္ငံ၏လက္ေအာက္ခံျပည္နယ္အျဖစ္မွ ခြဲထြက္ခြင့္ရခဲ့ၿပီးေနာက္ (၁၉၃၉) ခုႏွစ္တြင္ ျမန္မာ နန္းရင္းဝန္ဦးေစာႏွင့္ အိႏၵိယေခါင္းေဆာင္ Girija Shankar Bajpai တို႔သည္ စစ္တေကာင္းမွ ခိုးဝင္လာသည့္ ဘဂၤါလီအေရးႏွင့္ပတ္သက္၍ ဦးေစာ-ဆာကာ လူဝင္လူထြက္စာခ်ဳပ္ ခ်ဳပ္ဆိုၾကသည္။ ထိုစာခ်ဳပ္အရ (၁၉၄၁)ခုႏွစ္ ဇူလိုင္လ(၂၁)ရက္မွစ၍ အိႏၵိယမွ ဘဂၤါလီအလုပ္သမားမ်ား ျမန္မာႏိုင္ငံအတြင္းဝင္ေရာက္ခြင့္ကို တားျမစ္ခဲ့ သည္။ သို႔ေသာ္ စာခ်ဳပ္ခ်ဳပ္ဆိုခ်ိန္ႏွင့္ စာခ်ဳပ္အသက္ဝင္မည့္အခ်ိန္မွာ (၃)ႏွစ္ခန႔္ကြာျခားသျဖင့္ ဘဂၤါလီမ်ားသည္ ေနာင္တြင္ အခြင့္အေရးမရမည္စိုးရိမ္သျဖင့္ အလုံးအရင္းလိုက္ အမ်ားအျပားဝင္လာခဲ့သည္။ (၁၉၄၁)ခုႏွစ္ ဒီဇင္ဘာ (၂၃)ရက္ႏွင့္ (၂၅) ရက္တြင္ ရန္ကုန္ၿမိဳ႕ကို ဂ်ပန္တို႔က ဗုံးႀကဲတိုက္ခိုက္ၿပီးသည့္ ေနာက္တြင္ အဂၤလိပ္တပ္မ်ား ျမန္မာ ႏိုင္ငံမွ စတင္ဆုတ္ခြာသည္။ အဂၤလိပ္တပ္မ်ားဆုတ္ခြာရာေနာက္သို႔ ဘဂၤါလီေၾကးရတက္အခ်ိဳ႕သာ လိုက္ပါသြားၿပီး က်န္ဘဂၤါလီအမ်ားစုကို အဂၤလိပ္မ်ားမွ Volunteer force(V force) အမည္ရွိ ေျပာက္က်ားတပ္ဖြဲ႕ ဖြဲ႕ စည္း၍ ဂ်ပန္မ်ား၏ သတင္းေထာက္လွမ္းရန္ႏွင့္ ေသးငယ္သည့္ ၾကားျဖတ္တိုက္ခိုက္မႈျပဳလုပ္ရန္ လက္နက္မ်ားတပ္ဆင္ေပးခဲ့သည္။ V force တပ္ဖြဲ႕ တြင္ ဌာနခ်ဳပ္(၆)ခုျဖင့္ဖြဲ႕စည္းထားၿပီး ဌာနခ်ဳပ္တစ္ခုလွ်င္ ေသနတ္ကိုင္စစ္သည္ (၁၀ဝ)ႏွင့္ ေသနတ္မဲ့ ေျပာက္က်ားစစ္သည္ (၁၀ဝဝ)ပါဝင္သည္။ ဘဂၤါလီမ်ားသည္ ထိုအင္အားမ်ားကိုအသုံးျပဳ၍ ရခိုင္လူမ်ိဳးအေပၚ ပထမဆုံး အႀကိမ္ အၾကမ္းဖက္မႈမ်ားစတင္လုပ္ေဆာင္ခဲ့သည္။ (၁၉၇၁) ခုႏွစ္တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ လြတ္ေျမာက္ေရးစစ္ပြဲ ျဖစ္ပြားၿပီး ဘဂၤါလီႏွစ္သိန္းခန႔္ ျမန္မာႏိုင္ငံတြင္းသို႔ ထပ္မံဝင္ေရာက္လာျပန္သည္။ ထို႔ေၾကာင့္ (၁၉၇၈) ခုႏွစ္တြင္ နဂါး မင္းစီမံခ်က္ျပဳလုပ္၍ ခိုးဝင္ဘဂၤါလီမ်ားကိုစိစစ္ခဲ့ရသည္။ (၁၉၉၁) ခုႏွစ္တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ျဖစ္ပြားခဲ့ေသာ ဆိုင္က လုန္းမုန္တိုင္းေၾကာင့္ ဘဂၤါလီႏွစ္သိန္းခန႔္ ျမန္မာႏိုင္ငံတြင္းသို႔ ထပ္မံဝင္ေရာက္လာျပန္သည္။ အထက္ေဖာ္ ျပပါဝင္ေရာက္မႈမ်ားသည္ အလုံးအရင္းျဖင့္ဝင္ေရာက္ မႈမ်ားကိုသာ ေဖာ္ျပျခင္းျဖစ္ၿပီး ထိုေဒသတြင္ ႏိုင္ငံ ေတာ္အစိုးရ၏ တရားဥပေဒစိုးမိုးႏိုင္မႈနည္းပါးျခင္း၊ တာဝန္က်ႏိုင္ငံ့ဝန္ထမ္းမ်ား၏ကိုယ္က်ိဳးရွာမႈတို႔ေၾကာင့္ ဘဂၤါလီမ်ား အတားအဆီး မရွိ ဝင္ေရာက္မႈရွိေနသည္မွာ ယေန႔တိုင္ျဖစ္သည္။
ႏိုင္ငံတကာသတင္းမ်ား၊ ႏိုင္ငံတကာအဖြဲ႕ အစည္းမ်ား၏ေဖာ္ျပခ်က္မ်ားတြင္ ျမန္မာႏိုင္ငံအတြင္း၌ လူမ်ိဳးလိမ္ (၆)သိန္းခန႔္ရွိၿပီး ဘဂၤလားေဒ့ရွ္ IDP စခန္းတြင္ (၉)သိန္းခန႔္ရွိေၾကာင္းေတြ႕ရသည္။ (၂၀၂၄)ခုႏွစ္ လူဦးေရႏွင့္အိမ္ အေၾကာင္းအရာ ေရွ႕ေျပးသန္းေခါင္စာရင္းအရ ရခိုင္ျပည္နယ္တြင္ လူဦး ေရ (၂ယ၄၆၆ယ၃၈၅)ဦးရွိေၾကာင္းေတြ႕ရသည္။ ထိုလူ ဦးေရထဲတြင္ (၃၄၅ယ၄၃၁) ဦးကိုသာ ကြင္းဆင္းေကာက္ ယူႏိုင္ၿပီး က်န္ႏွစ္သန္းေက်ာ္ကို Earth Remote Sensing (ERS) နည္းပညာႏွင့္ Geographic Information System (GIS) နည္းပညာမ်ားကို အသုံးျပဳ၍ ခန႔္မွန္း ေကာက္ယူခဲ့ေၾကာင္းေတြ႕ရသည္။ (၂၀၂၄) ေရွ႕ေျပးသန္းေခါင္စာရင္းႏွင့္ (၂၀၁၉) ၾကားျဖတ္သန္းေခါင္စာရင္းတို႔တြင္ နယ္ေျမေဒသတစ္ ခုခ်င္းစီအလိုက္ ကိုးကြယ္သည့္ဘာသာ ရာခိုင္ႏႈန္း၊ လူဦးေရတို႔ကို မေဖာ္ျပထားေပ။ (၂၀၁၄) သန္း ေခါင္စာရင္းတြင္သာ အတြဲ (၂-ဂ) ကိုးကြယ္သည့္ ဘာသာဆိုင္ရာအစီရင္ခံစာကို ေနာက္ဆက္တြဲအေနျဖင့္ ထုတ္ျပန္ေပး ခဲ့သည္။ ထိုစာရင္းအရ ရခိုင္ျပည္နယ္တြင္ စာရင္းေကာက္ယူႏိုင္သည့္ အစၥလာမ္ဘာ သာကိုးကြယ္သူဦးေရ (၂၈,၇၃၁)ဦးရွိၿပီး စာရင္းမ ေကာက္ယူႏိုင္သည္မွာ (၁,ဝ၉၀,ဝဝဝ) ဦးရွိသည္။ ထိုတစ္သန္းေက်ာ္သည္ အစၥလာမ္ ဘာသာကို သက္ ဝင္ယုံၾကည္သူမ်ားျဖစ္ေၾကာင္းကို ထိုအစီရင္ခံစာ၏ စာမ်က္ႏွာ(၂)တြင္ေဖာ္ျပထားသည္။
ေမာင္ေတာခ႐ိုင္အေျခအေန
ေမာင္ေတာခ႐ိုင္တြင္ ေမာင္ေတာၿမိဳ႕၊ ေတာင္ၿပိဳလက္ဝဲၿမိဳ႕၊ ခေမာင္းဆိပ္ၿမိဳ႕၊ ျမင္းလႊတ္ၿမိဳ႕၊ ဘူးသီးေတာင္ၿမိဳ႕တို႔ ပါဝင္သည္။ ျမန္မာသတင္းအခ်က္ အလက္စီမံခန႔္ခြဲမႈယူနစ္ (MIMU)အရ (၂၀၂၄)ခုႏွစ္ ေဖေဖာ္ဝါရီလအထိ ေမာင္ေတာ ၿမိဳ႕နယ္တြင္ ေက်း႐ြာေပါင္း (၂၈၄)႐ြာရွိၿပီး (၃၇)႐ြာသည္သာ တိုင္းရင္းသားလူမ်ိဳးမ်ား သီးသန႔္ေနထိုင္ႏိုင္သည့္ ႐ြာ အျဖစ္တည္ရွိေတာ့သည္။ ၎တို႔မွာ ဒိုင္းနက္လူမ်ိဳးမ်ားေနထိုင္သည့္႐ြာ (၁) ႐ြာ၊ သက္လူမ်ိဳးမ်ားေနထိုင္ သည့္႐ြာ (၃) ႐ြာ၊ ၿမိဳလူမ်ိဳးမ်ားေနထိုင္သည့္႐ြာ (၆)႐ြာ၊ ရခိုင္လူမ်ိဳးမ်ားေနထိုင္သည့္႐ြာ (၈) ႐ြာ၊ နတလေက်း႐ြာ (၁၅) ႐ြာ၊ ၿငိမ္းခ်မ္း ေရး႐ြာ (၂) ႐ြာ၊ စုစည္း႐ြာ (၂) ႐ြာတို႔ျဖစ္သည္။ နတလေက်း႐ြာဆိုသည္မွာ (၁၉၉၄) ခုႏွစ္မွာ ျမန္မာႏိုင္ငံအလယ္ပိုင္းမွ အိုးအိမ္ႏွင့္အလုပ္လက္မဲ့ျဖစ္ေနသည့္ အိမ္ေထာင္စုမ်ားကို တစ္အိမ္ေထာင္လွ်င္ လယ္ (၂) ဧက၊ ႏြား (၁) ရွဥ္း၊ ၾကက္၊ ဝက္၊ ဆိတ္ စသည့္တို႔ေထာက္ပံ့၍ ကခ်င္ ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္တို႔တြင္ ေက်း႐ြာမ်ားထူေထာင္ေပးခဲ့ပါသည္။ သို႔ေသာ္ ထို႐ြာ သားအမ်ားစုဟာ အစိုးရကေထာက္ပံ့သည့္ ႏြား၊ လယ္ယာမ်ားကို အငွားခ်/ေရာင္းခ်ၾကၿပီးအခ်ိဳ႕သည္ ျမန္မာႏိုင္ငံအလယ္ပိုင္းသို႔ ျပန္လည္ေျပာင္းေ႐ႊ႕သြား ၾကသည္။ ေမာင္ေတာၿမိဳ႕နယ္တြင္ ယခင္က နတလ ေက်း႐ြာ(၂၀)ရွိရာမွာ ယခုအခါ (၁၅)႐ြာသာက်န္ရွိ ေတာ့သည္။ စုစည္း႐ြာဆိုသည္မွာ မူလက ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း၌ေနထိုင္ခဲ့ၿပီး ဘဂၤါလီမ်ား၏အၾကမ္းဖက္ၿခိမ္းေျခာက္မႈေၾကာင့္ ျမန္မာႏိုင္ငံသို႔ တိမ္းေရွာင္လာရသည့္ ျမန္မာႏိုင္ငံႏွင့္အႏြယ္တူ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားကို ေနရာခ်ထားေပးသည့္ ႐ြာမ်ားျဖစ္ပါသည္။ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ ေက်း႐ြာေပါင္း (၃၁၀)႐ြာရွိၿပီး ခိုးဝင္ဘဂၤလီေက်း႐ြာ (၁၇၅) ႐ြာ၊ ေဒသခံ တိုင္းရင္သားေက်း႐ြာ (၁၂၈) ႐ြာ၊ နတလေက်း႐ြာ (၅) ႐ြာ၊ ၿငိမ္းခ်မ္းေရးေက်း႐ြာ (၁) ႐ြာႏွင့္ စုစည္းေက်း႐ြာ (၁)႐ြာတို႔ ျဖစ္ပါသည္။
ရခိုင္ျပည္နယ္အစိုးရ၏ (၂၀၁၇)ခုႏွစ္ ဇူ လိုင္လအစီရင္ခံစာအရ ေမာင္ေတာခ႐ိုင္တစ္ခုလုံး တြင္ ရခိုင္ (၃၉၄၂၄) ဦး၊ ခမီ (၉၀၁၈) ဦး၊ ဒိုင္းနက္ (၉၉၆၉) ဦး၊ ၿမိဳ (၈၃၃၈) ဦး၊ သက္ (၁၈၉၂) ဦး၊ မရမာ (၃၁၆) ဦး၊ ဗမာ (၂၃၀၅) ဦး၊ ကရင္ (၂၉) ဦး၊ ခ်င္း (၇၂) ဦး၊ ဟိႏၵဴ (၅၁၁၉) ဦး၊ ကသည္း (၂၇၆) ဦး၊ ကမန္ (၁၅) ဦး၊ အျခား (၂၇၆) ဦး၊ ဘဂၤါလီမြတ္စလင္ (၇၅၅၃၇၁) ဦးရွိသည္ကို ေတြ႕ရသည္။ ခိုးဝင္ဘဂၤါလီမ်ားသည္ ေဒသခံမ်ားႏွင့္ ပဋိပကၡျဖစ္တိုင္း ေဒသခံမ်ားကို အိုး အိမ္စြန႔္ခြာေအာင္ေဆာင္႐ြက္ၾကၿပီး ထိုေက်း႐ြာမ်ားတြင္ ဝင္ေရာက္ေနထိုင္ၾကပါသည္။ တိုင္းရင္းသား ေက်း႐ြာမ်ားကို လည္း မူလအမည္မ်ားေဖ်ာက္၍ ဘဂၤါလီအမည္သစ္မ်ား မွည့္ေခၚလ်က္ရွိသည္။ အုပ္ခ်ဳပ္ေရးပိုင္းတာဝန္ရွိသူ မ်ားမွ လည္း ၎တို႔အေပၚ ျပႆနာျဖစ္ပြားမည္ကို ေရွာင္ရွားသည့္အေနျဖင့္ ဘဂၤါလီ႐ြာမ်ားကို ထိထိေရာက္ေရာက္ကိုင္ တြယ္ျခင္းမရွိပါ။ ဘဂၤါလီ႐ြာမ်ားတြင္ ေန႔စဥ္ႏွင့္အမွ် အိမ္မ်ား၊ ဗလီမ်ား တိုးခ်ဲ႕ေဆာက္ လုပ္ေနသည္ကိုေတြ႕ရသည္။ ႐ြာေျမမဟုတ္သည့္ ေနရာသစ္မ်ားပင္လွ်င္ ဘဂၤါလီအိမ္မ်ား တိုးခ်ဲ႕ေဆာက္လုပ္လ်က္ရွိေနသည္။ ေနာက္ႏွစ္အခ်ိဳ႕ၾကာ လွ်င္ ထိုေနရာမ်ားသည္ ဘဂၤါလီ႐ြာသစ္မ်ားျဖစ္လာႏိုင္သည္။ ထို႔ေၾကာင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသမ်ားတြင္ ခိုးဝင္ဘဂၤါလီမ်ား စိုးမိုးေနၿပီး အာဏာပိုင္မ်ားက အေရးယူထိန္းသိမ္းႏိုင္စြမ္းမရွိေပ။ ခိုးဝင္ဘဂၤါလီမ်ားသည္ ျမစ္ေခ်ာင္း အနီး တစ္ဝိုက္ႏွင့္ကမ္းေျခေနရာမ်ား၊ လမ္းပန္း ဆက္သြယ္ေရးေကာင္းေသာေနရာမ်ား၊ စိုက္ပ်ိဳးထြန္ ယက္ရန္ ေကာင္း ေသာေျမျပန႔္မ်ားတြင္ေနထိုင္ၾကၿပီး လယ္ေျမအမ်ားစုကိုရယူထားသည္။ တိုင္းရင္းသား လူမ်ိဳးမ်ား၏ေက်း႐ြာမ်ားမွာ ေတာင္ေပၚေဒသမ်ားႏွင့္ ေဝလံေခါင္ ဖ်ားသည့္ေနရာမ်ားတြင္သာတည္ရွိၾကသည္။ ထို႔ေၾကာင့္ ခိုးဝင္ဘဂၤါလီမ်ားသည္ ေမာင္ေတာ ခ႐ိုင္၏ စိုက္ပ်ိဳးေရးႏွင့္ေရလုပ္ငန္းမ်ားကို လက္ဝါးႀကီးအုပ္လုပ္ကိုင္ၾကၿပီး လယ္ယာႏွင့္ေရထြက္ ကုန္မ်ား ကို ဘဂၤလားေဒ့ရွ္ႏွင့္ရန္ကုန္သို႔ တိုက္႐ိုက္ ဆက္သြယ္ေရာင္းခ်ကာ ကုံလုံႂကြယ္ဝလ်က္ရွိသည္။
လူမ်ိဳးလိမ္တို႔၏အၾကမ္းဖက္မႈမ်ား
(၁၉၄၂)ခုႏွစ္မွ ယေန႔အထိ လူမ်ိဳးလိမ္တို႔သည္ တိုင္းရင္းသားေဒသခံမ်ားအေပၚ အၾကမ္းဖက္မႈ (၇)ႀကိမ္တိုင္ တိုင္က်ဴးလြန္ခဲ့ၾကသည္။
(က) ပထမအႀကိမ္(၁၉၄၂)ခုႏွစ္။ (၁၉၄၂) ခုႏွစ္တြင္ ျမန္မာႏိုင္ငံမွ အဂၤလိပ္တပ္မ်ားဆုတ္ခြာသည့္အခါ အဂၤလိပ္မ်ားက ဘဂၤါလီမ်ားကို အင္အား (၆၆၀ဝ)ရွိေသာ Volunteer force(V force) အမည္ရွိ ေျပာက္က်ားတပ္ဖြဲ႕ ဖြဲ႕စည္းေပး၍ ဂ်ပန္မ်ား၏သတင္းေထာက္လွမ္းရန္ႏွင့္ ေသးငယ္သည့္ ၾကားျဖတ္တိုက္ခိုက္မႈျပဳလုပ္ရန္ လက္နက္ (၆၀ဝ) တပ္ဆင္ေပးခဲ့သည္။ ထို႔ျပင္ အဂၤလိပ္တို႔သည္ စစ္ေတြ အေရးပိုင္ ဦးေက်ာ္ခိုင္ကို ဗိုလ္မႉးရာထူးေပး၍ ရခိုင္ ျပည္နယ္ကို ဂ်ပန္တပ္မ်ားဝင္ေရာက္လာပါက ခုခံရန္ ႏွင့္ရခိုင္ျပည္နယ္ကိုအုပ္ခ်ဳပ္ကြပ္ကဲရန္ ေဂၚရခါးႏွင့္ ဘဂၤါလီတပ္ သားအခ်ိဳ႕ကို MGB စစ္သေဘၤာႏွင့္အ တူထားရစ္ခဲ့သည္။ V Force တပ္မွ ဘဂၤါလီလက္နက္ကိုင္မ်ားက ဘဂၤါလီအရပ္ သားမ်ားႏွင့္ပူးေပါင္း၍ ရခိုင္တိုင္းရင္းသားမ်ားကို အႏိုင္က်င့္ႏွိပ္စက္သတ္ ျဖတ္ၾကသည္။ ထိုအခ်ိန္တြင္ ဦးေက်ာ္ခိုင္ သည္ ထိုအၾကမ္းဖက္မႈကိုႏွိမ္နင္းရန္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဂူတာျပင္ေက်း႐ြာသို႔အသြားတြင္ ဘဂၤါလီလူမ်ိဳးမ်ား လုပ္ႀကံ၍က်ဆုံးခဲ့သည္။ ဦးေက်ာ္ခိုင္၏လက္ေအာက္မွ ဘဂၤါလီစစ္သားတို႔သည္ ဘဂၤါလီမ်ားႏွင့္ပူးေပါင္းကာ ရခိုင္ ေက်း႐ြာမ်ားကို တိုက္ခိုက္ဖ်က္ဆီးၾကသည္။ ဖ်က္ဆီးခံရေသာေက်း႐ြာမ်ားရွိ ရခိုင္လူမ်ိဳးတို႔သည္ ၿဗိတိသွ်တို႔ ဆုတ္ခြာရာ တြင္ပါလာေသာ ဘားမားေဗာ္ လံတီယာတပ္မွ ရဲေဘာ္မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားရွိသည့္ ဘူးသီးေတာင္ၿမိဳ႕တြင္ သြားေရာက္ ခိုလႈံရသည္။ ဘဂၤါလီမ်ားသည္ ဘူးသီးေတာင္ၿမိဳ႕ကို အႀကိမ္ႀကိမ္ဝင္ ေရာက္တိုက္ခိုက္ခဲ့ေသာ္လည္း ေအာင္ျမင္မႈမရေခ်။ ထိုအခ်ိန္တြင္ ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္ရန္ေအာင္ဦးစီးေသာ ရခိုင္စစ္ေၾကာင္းသည္ စစ္ေတြကိုသိမ္းပိုက္ ရန္ေရာက္ရွိ လာခဲ့သည္။ ထို႔ေနာက္ ဘူးသီးေတာင္ႏွင့္ ေမာင္ေတာနယ္၌ျဖစ္ပြားေနေသာ အၾကမ္းဖက္မႈမ်ား ကိုေျဖရွင္းရန္ ဗိုလ္ရန္ ေနာင္ႏွင့္ ဗိုလ္မ်ိဳးၫြန႔္ဦးစီးသည့္ တပ္စုတစ္စုကို ေမာင္ေတာၿမိဳ႕ႏွင့္ ဘူးသီး ေတာင္ၿမိဳ႕သို႔ေစလႊတ္ခဲ့သည္။ ေမာင္ေတာ ၿမိဳ႕တြင္ လူထုအစည္းအေဝးက်င္းပကာ နယ္ခ်ဲ႕ဆန႔္က်င္ေရး ႏွင့္တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးတရားမ်ား ေဟာ ေျပာခဲ့ၿပီးေနာက္ ေမာင္ေတာၿမိဳ႕ခံဘဂၤါလီတို႔က ထမင္းပြဲႏွင့္ဧည့္ခံခ်ိန္တြင္ ႐ုတ္တရက္တိုက္ခိုက္ သျဖင့္ တပ္စုတစ္စုလုံး က်ဆုံးခဲ့သည္။ ထိုသတင္းကို ၾကားရလွ်င္ၾကားရခ်င္း ဗိုလ္ရန္ေအာင္သည္ တပ္ခြဲႏွစ္ခုကိုတင္ေဆာင္၍ သေဘၤာျဖင့္ ဘူးသီးေတာင္ၿမိဳ႕ သို႔ခ်ီတက္လာခဲ့သည္။ ဘူးသီးေတာင္ၿမိဳ႕ကို ဘဂၤါလီမ်ားဝင္ေရာက္တိုက္ခိုက္ေနျခင္းကို ကူညီ အားျဖည့္ေပးခဲ့သည္။ သို႔ေသာ္ ဂ်ပန္တို႔သည္ အိႏၵိယကို ဆက္ လက္တိုက္ခိုက္ရန္အတြက္ ၎တို႔ႏွင့္အတူပါလာ ေသာ အိႏၵိယလြတ္ေျမာက္ေရးတပ္မေတာ္အဖြဲ႕မ်ားကို အသုံးခ်လိုသည္ျဖစ္ရာ အိႏၵိယလြတ္ေျမာက္ေရး တပ္မေတာ္တြင္ပါဝင္ ေသာ ဘဂၤါလီမ်ား ၿငိဳျငင္မည္စိုးသျဖင့္ ဗိုလ္ရန္ေအာင္တပ္ကို ရန္ကုန္သို႔ ျပန္လည္ ေခၚေဆာင္ခဲ့သည္။ ၿမိဳ႕သူၿမိဳ႕သား တို႔သည္ ဗမာ့လြတ္ လပ္ေရးတပ္မေတာ္မရွိသည့္အေျခအေနတြင္ ဘူး သီးေတာင္ၿမိဳ႕တြင္ ဆက္လက္ေနထိုင္ရန္မျဖစ္ သျဖင့္ ၎တို႔ကို လက္နက္အခ်ိဳ႕ထားခဲ့ရန္ သို႔မဟုတ္ ၿမိဳ႕သူ ၿမိဳ႕သားမ်ားကို ေသကံခြဆုံ႐ြာအထိပို႔ေဆာင္ေပးခဲ့ ရန္ ေတာင္းဆိုခဲ့သည္။ ဂ်ပန္တပ္မ်ားက ဝင္မစြက္ဖက္ ရန္တားျမစ္သည့္ၾကားမွ ဗိုလ္ရန္ေအာင္သည္ မာဆ ကပ္ေသနတ္ (၃၃)လက္၊ က်ည္ဆန္ (၃၀ဝဝ)၊ ေငြ (၃၀ဝဝ)က်ပ္၊ ေမာ္ေတာ္ဘုတ္တစ္စင္းႏွင့္ (၄)ဂါလန္ ဝင္ဓာတ္ဆီပုံး (၅၇)လုံးေပး ခဲ့သည္။ ဘူးသီးေတာင္ ၿမိဳ႕ကို တိုက္ခိုက္၍မရေသာအခါ ဘဂၤါလီတို႔သည္ ေမာင္ေတာၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာ (၂၁၄) ႐ြာ၊ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာ (၁၈၅) ႐ြာ၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းရွိေက်း႐ြာ (၁၁)႐ြာကို မီးရႈိ႕ကာ ေဒသခံတိုင္းရင္းသားလူမ်ိဳး ႏွစ္ေသာင္းခန႔္ သတ္ျဖတ္ခံခဲ့ရသည္။ (၁၉၄၄)ခုႏွစ္ ဇန္နဝါရီလတြင္ မဟာမိတ္တပ္မ်ား ရခိုင္ျပည္နယ္သို႔ ဝင္လာသည့္ အခ်ိန္တြင္ အၾကမ္းဖက္မႈမ်ားရပ္တန႔္သြားခဲ့သည္။ အဂၤလိပ္တို႔သည္ ၎တို႔ထားခဲ့သည္ V Force တပ္မ်ား၏အၾကမ္းဖက္မႈမ်ားအေပၚ ခုခံခဲ့သည့္ ရခိုင္မ်ိဳးခ်စ္ေခါင္းေဆာင္တို႔ကို အၿငိဳးထားကာ ဂ်ပန္ႏွင့္ပူး ေပါင္းခဲ့သည္ဟုလည္းေကာင္း၊ ျပစ္မႈမ်ား က်ဴးလြန္ခဲ့ သည္ဟုလည္းေကာင္း အမ်ိဳးမ်ိဳးေခါင္းစဥ္တပ္ကာ ဖမ္းဆီးခဲ့သည္။ မဟာမိတ္မ်ားႏွင့္ပူးေပါင္းခဲ့သည့္ ရခိုင္ေျပာက္က်ားတပ္မ်ားထံမွ လက္နက္မ်ား သိမ္းယူခဲ့ေသာ္လည္း V Force တပ္ဖြဲ႕ ထံမွ လက္နက္မ်ား ကို သိမ္းယူခဲ့ျခင္းမရွိေပ။
(ခ) ဒုတိယအႀကိမ္(၁၉၄၆) ခုႏွစ္။ ျမန္မာတိုင္း ရင္းသားတို႔သည္ နယ္ခ်ဲ႕အဂၤလိပ္ထံမွ လြတ္လပ္ေရး ရယူရန္ႀကိဳးပမ္းေနသကဲ့သို႔ ဘဂၤါလီတို႔သည္လည္း ေမာင္ေတာ၊ ဘူးသီးေတာင္ႏွင့္ ရေသ့ေတာင္ေဒသတို႔ကို အေရွ႕ ပါကစၥတန္(ယခုဘဂၤလားေဒ့ရွ္)ႏွင့္ပူးေပါင္းရန္ သို႔မဟုတ္ သီးျခားႏိုင္ငံထူေထာင္ရန္ သို႔မဟုတ္ လြတ္လပ္လာမည့္ျမန္မာ ႏိုင္ငံတြင္ သီးျခားျပည္နယ္ ရရွိေရးႀကိဳးပမ္းေနခဲ့သည္။ (၁၉၄၆)ခုႏွစ္တြင္ ဂ်မီေအတူအူလမာ (Jamiatul-Ulama)အဖြဲ႕မွကိုယ္ စားလွယ္အဖြဲ႕သည္ အေနာက္ပါကစၥတန္(ယခုပါ ကစၥတန္)ႏိုင္ငံ၊ ကရာခ်ိၿမိဳ႕သို႔လည္းေကာင္း၊ လန္ဒန္ ၿမိဳ႕သို႔လည္းေကာင္းသြားေရာက္၍ ေတာင္းဆိုခဲ့သည္။ ပါကစၥတန္ေခါင္းေဆာင္ အလီဂ်င္နားက ဘဂၤါလီတို႔ ၏ေတာင္းဆိုမႈကိုပယ္ခ်လိုက္ေသာ္လည္း အဂၤလိပ္ တို႔၏ဆုံးျဖတ္ခ်က္ကိုမူ မသိရေခ်။ ဘဂၤါလီေခါင္း ေဆာင္တို႔ကမူ ဒုတိယကမာၻစစ္အတြင္းက ဘဂၤါလီတို႔၏သစၥာရွိမႈအတြက္ အဂၤလိပ္တို႔က ရခိုင္ေဒသ၌ မြတ္စလင္ႏိုင္ငံထူေထာင္ရန္ ကတိကဝတ္ ျပဳခဲ့သည္ဟုဆိုသည္။ (၁၉၄၇)ခုႏွစ္တြင္ Jamiatul-Ulama အဖြဲ႕သည္ မူဂ်ာဟစ္ေသာင္းက်န္းသူအဖြဲ႕ကို ထူေထာင္ခဲ့ၿပီး ေဒသခံမ်ားကို မေနရဲေအာင္ၿခိမ္းေျခာက္ထြက္ ေျပးေစျခင္းျဖင့္ နယ္ေျမခ်ဲ႕ထြင္မႈခိုင္မာေအာင္တည္ ေဆာက္ခဲ့ၾကသည္။ (၁၉၄၈) ခုႏွစ္တြင္ တိုင္းျပည္၏အခက္အခဲကိုအခြင့္ေကာင္းယူ၍ မူဂ်ာဟစ္တို႔သည္ ေမာင္ေတာ၊ ဘူးသီးေတာင္ေဒသတြင္ ႂထြကေသာင္း က်န္းလာသည္။ တပ္မေတာ္၏ တပ္ရင္း(၅)မွ အင္ အားရာဂဏာန္း မွ်သာပို႔ႏိုင္သျဖင့္ တပ္မေတာ္သည္ အဓိကၿမိဳ႕ႀကီးမ်ားကိုသာ ထိန္းခ်ဳပ္ႏိုင္သည္။ မူဂ်ာ ဟစ္တို႔၏ဗ်ဴဟာမွာ ၿမိဳ႕မ်ားကို ရိကၡာျဖတ္ေတာက္ထားၿပီး တျဖည္းျဖည္းသိမ္းယူရန္ျဖစ္သည္။ ဘူးသီး ေတာင္ၿမိဳ႕ကို မူဂ်ာဟစ္မ်ားက ရက္ေပါင္း (၄၀)ခန႔္အထိ ဝိုင္းဝန္းပိတ္ဆို႔ထားခဲ့သည္။ မူဂ်ာဟစ္တို႔၏တိုက္ ခိုက္မႈေၾကာင့္ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ ေတာင္ၿမိဳ႕နယ္မ်ားအတြင္းမွ ရခိုင္တိုင္းရင္းသား ေက်း႐ြာအမ်ားအျပားပ်က္စီးခဲ့သည္။ ရခိုင္တိုင္းရင္း သား (၃)ေသာင္း ခန႔္ သတ္ျဖတ္ခံရသည္။ ျမန္မာႏိုင္ငံ အစိုးရသည္ လြတ္လပ္ေရးရၿပီးေနာက္ ျပည္တြင္းပုန္ ကန္မႈမ်ားႏွင့္ရင္ဆိုင္ေန ရသျဖင့္ အေစာပိုင္းကာလ (၁၉၄၈)ခုႏွစ္တြင္ ေကာင္းစြာ စစ္မဆင္ႏိုင္ဘဲ (၆)ႏွစ္ခန႔္အၾကာ (၁၉၅၄)ခုႏွစ္ ႏိုဝင္ဘာတြင္ မွသာ မူဂ်ာဟစ္မ်ားကို ထိထိေရာက္ေရာက္စစ္ဆင္ႏိုင္ခဲ့ၿပီး မူဂ်ာ ဟစ္ေသာင္းက်န္းမႈ အရွိန္ေလ်ာ့က်လာခဲ့သည္။ (၁၉၆၀)ျပည့္ႏွစ္မွစတင္ေသာ တပ္မေတာ္၏ မုတ္သုံ စစ္ဆင္ေရးေၾကာင့္ မူဂ်ာဟစ္ေခါင္းေဆာင္အမ်ားအျပားက်ဆုံးၿပီး ဌာနခ်ဳပ္ကိုပါသိမ္းပိုက္ႏိုင္ခဲ့သည္။ ႂကြင္းက်န္ရစ္ေသာ မူဂ်ာဟစ္သူပုန္မ်ားသည္ (၁၉၆၁) ခုႏွစ္ ႏိုဝင္ဘာလ (၁၆) ရက္ ေမာင္ေတာၿမိဳ႕တြင္ လက္နက္ခ်ျခင္းျဖင့္ မူဂ်ာဟစ္သူပုန္တို႔ ဇာတ္သိမ္းခဲ့သည္။
(ဂ) တတိယအႀကိမ္(၁၉၈၈) ခုႏွစ္။ ၁၉၈၈ ခုႏွစ္ ေမလ (၁၃) ရက္ ည (၇) နာရီခန႔္တြင္ ဘဂၤါလီ မြတ္စလင္ လူဦးေရ (၅၀ဝဝဝ)ခန႔္သည္ ေမာင္ေတာ ၿမိဳ႕ကိုဝိုင္း၍ ေႂကြးေၾကာ္သံမ်ားဟစ္ေႂကြးကာ ဆူပူမႈ ျဖစ္ပြားခဲ့သည္။ ေနအိမ္အခ်ိဳ႕ႏွင့္ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းကို ဖ်က္ဆီးခဲ့သည္။ ၿမိဳ႕တြင္း ရဲတပ္ဖြဲ႕ ႏွင့္ ထိန္းသိမ္းရန္မလြယ္ကူခဲ့ေပ။ ဖုန္းလိုင္းမ်ားပါ ျဖတ္ေတာက္ထားခဲ့ကာ ၿမိဳ႕ႏွင့္ (၄) မိုင္အကြာရွိ လုံ ထိန္းတပ္ဖြဲ႕သို႔ ကားျဖင့္ေဖာက္ထြက္၍ ဆက္သြယ္ ခဲ့ရၿပီး လုံထိန္းတပ္ဖြဲ႕ဝင္မ်ားေရာက္လာမွပင္ အေျခအေနထိန္းသိမ္းႏိုင္ၿပီး မနက္မိုးမလင္းခင္ ဘဂၤါလီ မြတ္စလင္မ်ား လူစုခြဲသြားၾကသည္။ ရခိုင္လူမ်ိဳး မည္မွ်ေသဆုံးသည္ႏွင့္ပတ္သတ္၍ သတင္းမ်ားထုတ္ ျပန္မႈမရွိပါ။
(ဆက္လက္ေဖာ္ျပပါမည္)