ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် မိုင်းပေါက်ကွဲခဲ့သဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးခရီးစဉ်များ ကြန့်ကြာခဲ့ရ

 327

နာမူ (NP News) - ဒီဇင်ဘာ ၁၅

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် မိုင်းပေါက်ကွဲခဲ့သဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးခရီးစဉ်များ ကြန့်ကြာခဲ့ရကြောင်း နစကမှ ဒီဇင်ဘာ(၁၄)ရက်ညတွင် ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီး့သည့် ဒီဇင်ဘာလ ၁၃ရက်၊ ည ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိဘူတာနှင့် ပိန်းဇလုပ်ဘူတာကြား၊ မိုင်တိုင်အမှတ် ၉၉/၆-၇ နေရာရှိ အစုန်ရထားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရထားလမ်းပေါ်တွင် အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့မှုကြောင့် သံလမ်း (၂)ချောင်းတို့ တစ်ပေခွဲခန့်စီ ပြတ်တောက်သွားပြီး ရထားလမ်း အောက်ခံမြေသား (၆) ပေ ပတ်လည်ခန့် ကျင်းဖြစ်သွားခဲ့သဖြင့် တော်ဝိနှင့် ပိန်းဇလုပ်ရထားလမ်းပိုင်းအား နံနက် ၆ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
ထို့နောက် တော်ဝိ-ပိန်းဇလုပ် အဆန်လမ်းပိုင်းကို နံနက် ၆ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့နိုင်ခဲ့ပြီး အစုန်လမ်းတွင် ပျက်စီးခဲ့သည်များကို ပြန်လည်ပြုပြင်ခဲ့ရသဖြင့် မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်အချိန်ခန့်ရောက်မှသာ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသည့် အဆန်ကုန်ရထား (၃)စင်း ရပ်တန့်ထားခဲ့ရပြီး လူစီးရထား (၂)စီး တို့မှာ သတ်မှတ်ချိန်ထက် အချိန် ၂ နာရီကျော် ပိုကြန့်ကြာခဲ့ရကာ စာပို့ရထား (၁)စီးမှာ (၄၈)မိနစ်ခန့် ပိုမိုကြန့်ကြာခဲ့ရကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ ရထားလမ်း နှင့် ရထားဘူတာနယ်မြေအတွင်း သောင်းကျန်းသူများမှ ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၇၉) ကြိမ်၊ ရထား တံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၇၄) ကြိမ် နှင့် ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆) ကြိမ် ကျူးလွန်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္းတြင္ မိုင္းေပါက္ကြဲခဲ့သျဖင့္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးခရီးစဥ္မ်ား ၾကန႔္ၾကာခဲ့ရ
နာမူ (NP News) - ဒီဇင္ဘာ ၁၅

ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္းတြင္ မိုင္းေပါက္ကြဲခဲ့သျဖင့္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးခရီးစဥ္မ်ား ၾကန႔္ၾကာခဲ့ရေၾကာင္း နစကမွ ဒီဇင္ဘာ(၁၄)ရက္ညတြင္ ထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီး့သည့္ ဒီဇင္ဘာလ ၁၃ရက္၊ ည ၁၁ နာရီ မိနစ္ ၄၀ အခ်ိန္ခန႔္တြင္ ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ေတာ္ဝိဘူတာႏွင့္ ပိန္းဇလုပ္ဘူတာၾကား၊ မိုင္တိုင္အမွတ္ ၉၉/၆-၇ ေနရာရွိ အစုန္ရထားလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါရထားလမ္းေပၚတြင္ အၾကမ္းဖက္အဖြဲ႕က ေထာင္ထားသည့္ မိုင္းေပါက္ကြဲခဲ့မႈေၾကာင့္ သံလမ္း (၂)ေခ်ာင္းတို႔ တစ္ေပခြဲခန႔္စီ ျပတ္ေတာက္သြားၿပီး ရထားလမ္း ေအာက္ခံေျမသား (၆) ေပ ပတ္လည္ခန႔္ က်င္းျဖစ္သြားခဲ့သျဖင့္ ေတာ္ဝိႏွင့္ ပိန္းဇလုပ္ရထားလမ္းပိုင္းအား နံနက္ ၆ နာရီ မိနစ္ ၂၀ အခ်ိန္ခန႔္တြင္ ယာယီပိတ္ထားခဲ့ရေၾကာင္း သိရသည္။
ထို႔ေနာက္ ေတာ္ဝိ-ပိန္းဇလုပ္ အဆန္လမ္းပိုင္းကို နံနက္ ၆ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ ျပန္လည္ျဖတ္သန္းခြင့္ျပဳခဲ့ႏိုင္ခဲ့ၿပီး အစုန္လမ္းတြင္ ပ်က္စီးခဲ့သည္မ်ားကို ျပန္လည္ျပဳျပင္ခဲ့ရသျဖင့္ မြန္းလြဲ ၂ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္ေရာက္မွသာ ျပန္လည္ဖြင့္လွစ္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

မိုင္းေပါက္ကြဲမႈေၾကာင့္ ရန္ကုန္-မႏၲေလးရထားလမ္းပိုင္းတြင္ ေျပးဆြဲလ်က္ရွိသည့္ အဆန္ကုန္ရထား (၃)စင္း ရပ္တန႔္ထားခဲ့ရၿပီး လူစီးရထား (၂)စီး တို႔မွာ သတ္မွတ္ခ်ိန္ထက္ အခ်ိန္ ၂ နာရီေက်ာ္ ပိုၾကန႔္ၾကာခဲ့ရကာ စာပို႔ရထား (၁)စီးမွာ (၄၈)မိနစ္ခန႔္ ပိုမိုၾကန႔္ၾကာခဲ့ရေၾကာင္း သိရသည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစ၍ ယခုအခ်ိန္အထိ ရထားလမ္း ႏွင့္ ရထားဘူတာနယ္ေျမအတြင္း ေသာင္းက်န္းသူမ်ားမွ ဗုံးေထာင္မိုင္းခြဲ/ဖ်က္ဆီးျခင္း (၇၉) ႀကိမ္၊ ရထား တံတား/သံလမ္းမ်ားအား မိုင္းခြဲဖ်က္ဆီးျခင္း (၁၇၄) ႀကိမ္ ႏွင့္ ဘူတာအေဆာက္အဦႏွင့္ ဝန္ထမ္းေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးျခင္း (၁၆) ႀကိမ္ က်ဴးလြန္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.