မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ (၃ ဒသမ ၅) သန်းနီးပါး ရှိနိုင်ဟု UNOCHA Myanmar ခန့်မှန်း
68
စော (NP News) - ဒီဇင်ဘာ ၁၅
မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၃ ဒသမ ၅) သန်းနီးပါး ရှိနိုင်ကြောင်း UNOCHA Myanmar ခန့်မှန်းထားသည်။
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ယမန်နေ့ (ဒီဇင်ဘာ ၁၄ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ကျယ်ပြန့်လာသောပဋိပက္ခများကြားတွင် မြန်မာနိုင်ငံရှိ အရပ်သားများသည် အကြမ်းဖက်မှု၊မြေမြှုပ်မိုင်း၊ သွားလာခွင့်ကန့်သတ်မှု၊ အဓမ္မတပ်သား စုဆောင်းမှု အပါအဝင် ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သော ဘေးအန္တရာယ်များကို နေ့စဉ်ကြုံတွေ့နေရကြောင်း UNOCHA ဆိုထားသည်။ ထို့ကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေမှာ ၃ ဒသမ ၅ သန်းနီးပါးရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လာမည့် ၂၀၂၅ ခုနှစ်၌ မြန်မာနိုင်ငံတွင် အကူအညီလိုအပ်သူဦးရေ ၁၉ ဒသမ ၉ သန်း ရှိနိုင်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၅ ခုနှစ် မြန်မာ့လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ် (HNRP) သည် အကျပ်အတည်းကြားက ကြိုးစားရှင်သန်နေရသူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘ၀ ရှင်သန်ရေးအကူအညီများ ပေးအပ်နိုင်ရန် ဒေါ်လာ (၁ ဒသမ ၁) ဘီလီယံကို အဆိုပြုတောင်းဆိုထားကြောင်း UNOCHA ၏ အချက်အလက်များအရ သိရသည်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းအကျန်များ ကြောင့် သေဆုံးသူဦးရေ ကမ္ဘာ့အမြင့်မားဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း UNOCHA က ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားချက်အရ သိရသည်။
Zawgyi Version;
ျမန္မာႏိုင္ငံတြင္ ျပည္တြင္းေနရပ္ စြန႔္ခြာသူဦးေရ (၃ ဒသမ ၅) သန္းနီးပါး ရွိႏိုင္ဟု UNOCHA Myanmar ခန႔္မွန္း
ေစာ (NP News) - ဒီဇင္ဘာ ၁၅
ျမန္မာႏိုင္ငံတြင္ ျပည္တြင္းေနရပ္စြန႔္ခြာသူဦးေရ (၃ ဒသမ ၅) သန္းနီးပါး ရွိႏိုင္ေၾကာင္း UNOCHA Myanmar ခန႔္မွန္းထားသည္။
ကုလသမဂၢလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံး (UNOCHA Myanmar) က ယမန္ေန႔ (ဒီဇင္ဘာ ၁၄ ရက္) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
က်ယ္ျပန႔္လာေသာပဋိပကၡမ်ားၾကားတြင္ ျမန္မာႏိုင္ငံရွိ အရပ္သားမ်ားသည္ အၾကမ္းဖက္မႈ၊ေျမျမႇဳပ္မိုင္း၊ သြားလာခြင့္ကန႔္သတ္မႈ၊ အဓမၼတပ္သား စုေဆာင္းမႈ အပါအဝင္ ကာကြယ္ေစာင့္ေရွာက္ေပးရန္ လိုအပ္ေသာ ေဘးအႏၲရာယ္မ်ားကို ေန႔စဥ္ႀကဳံေတြ႕ေနရေၾကာင္း UNOCHA ဆိုထားသည္။ ထို႔ေၾကာင့္ ျပည္တြင္းေနရပ္စြန႔္ခြာသူ ဦးေရမွာ ၃ ဒသမ ၅ သန္းနီးပါးရွိႏိုင္သည္ဟု ခန႔္မွန္းထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
လာမည့္ ၂၀၂၅ ခုႏွစ္၌ ျမန္မာႏိုင္ငံတြင္ အကူအညီလိုအပ္သူဦးေရ ၁၉ ဒသမ ၉ သန္း ရွိႏိုင္ေၾကာင္း UNOCHA ၏ ထုတ္ျပန္ခ်က္အရ သိရသည္။ ၂၀၂၅ ခုႏွစ္ ျမန္မာ့လူသားခ်င္းစာနာမႈဆိုင္ရာ လိုအပ္ခ်က္မ်ားႏွင့္ တုံ႔ျပန္ေရး အစီအစဥ္ (HNRP) သည္ အက်ပ္အတည္းၾကားက ႀကိဳးစားရွင္သန္ေနရသူဦးေရ ၅ ဒသမ ၅ သန္းကို လူမႈဘ၀ ရွင္သန္ေရးအကူအညီမ်ား ေပးအပ္ႏိုင္ရန္ ေဒၚလာ (၁ ဒသမ ၁) ဘီလီယံကို အဆိုျပဳေတာင္းဆိုထားေၾကာင္း UNOCHA ၏ အခ်က္အလက္မ်ားအရ သိရသည္။
၂၀၂၃ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံသည္ ေျမျမႇဳပ္မိုင္းႏွင့္ ေပါက္ကြဲေစတတ္ေသာ စစ္လက္နက္အႂကြင္းအက်န္မ်ား ေၾကာင့္ ေသဆုံးသူဦးေရ ကမာၻ႔အျမင့္မားဆုံးႏိုင္ငံအျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း UNOCHA က ၿပီးခဲ့သည့္ ဒီဇင္ဘာ ၃ ရက္တြင္ ထုတ္ျပန္ထားခ်က္အရ သိရသည္။