မလေးရှားနိုင်ငံသို့သွားရောက်မည့် ရခိုင်လူမျိုး ၈၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး
252
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိနေသောတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့ သော ရခိုင်လူမျိုး ၈၄ ဦးကို ထိုင်းနိုင်ငံ ကန်ချာဘူရီပြည်နယ်ရဲတပ်ဖွဲသည် ဒီဇင်ဘာ ၁၂ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများရှိနေသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် ကန်ချာဘူရီပြည်နယ်က Thong Pha Phum ရဲတပ်ဖွဲ့ နှင့် အခြားအစိုးရအေဂျင်စီများသည် သွားရောက်စစ်ဆေးပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးချိန်အတွင်း Thong Pha Phum တောဝန်းကျင်တွင် လမ်းကို ပိတ်ရပ်ထားသည့်ကုန်ကားကိုတွေ့ရှိခဲ့ပြီး ကားအပေါ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများပိုင်ဆိုင်သော အိတ်အများပြားကို တွေ့ရှိခဲ့ကြောင်း၊ ကားရပ်နားသည့် တောပတ်ဝန်းကျင်ကို ထပ်မံရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား ၈၄ ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများထဲတွင် အမျိုးသား နှင့် အမျိုးသမီးများ ပါဝင်ခဲ့ပြီး တရားဝင်စာရွက်စာတမ်းအထောက်အထားများ မပါရှိခဲ့သလို ထိုင်းစကားကို ပြောဆိုတတ်ခြင်းမရှိသည့်အတွက် မေးမြန်းရန်အခက်အခဲများရှိခဲ့ကြောင်း Thong Pha Phum ရဲစခန်းတာဝန်ရှိသူများက ပြောသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနှင့်မြန်မာ နယ်စပ်ဒေသကို တရားမဝင်ဖြတ်ကျော်ဝင်လာခဲ့ပြီး ထူထပ်သော တောတွင်းမြေပြင်ကို ဖြတ်သန်းခဲ့ကာ ဆန်ခလာဘူရီဒေသရှိ မြစ်ကမ်းကို ရောက်ရှိခဲ့ကြောင်း၊ ၎င်းတို့သည် ပစ်ကပ်ကားတစ်စီး ထပ်မံငှားရမ်းနိုင်ရန် အတွက် မြစ်ကို လှေငှားပြီး ဖြတ်သန်းခဲ့ရကြောင်း ဝန်ခံပြောဆိုထားသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ သည် ခရီးစရိတ်အဖြစ် လူကုန်ကူးသူများသည်တစ်ဦးအတွက် ထိုင်းဘတ် ၇၅၀၀၀ ပေးခဲ့ရကြောင်း၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ အဓိကရည်ရွယ်ချက်က အလုပ်လုပ်ကိုင်အခွင့်အလမ်းကောင်းများရရှိရန် မလေးရှားနိုင်ငံသို့ သွားရောက်ရန်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထိုင်းရဲတပ်ဖွဲ့သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပြင် ကားသမား နှင့် လူကုန်ကူးမှုတွင် ပါဝင်သူတစ်ဦးကို လည်း ဖမ်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
Zawgyi Version;
မေလးရွားႏိုင္ငံသို႔သြားေရာက္မည့္ ရခိုင္လူမ်ိဳး ၈၄ ဦးကို ထိုင္းရဲတပ္ဖြဲ႕ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၅
ရခိုင္ျပည္နယ္တြင္ျဖစ္ပြားလ်က္ရွိေနေသာတိုက္ပြဲမ်ားေၾကာင့္ ထိုင္းႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္ရန္ႀကိဳးပမ္းခဲ့ ေသာ ရခိုင္လူမ်ိဳး ၈၄ ဦးကို ထိုင္းႏိုင္ငံ ကန္ခ်ာဘူရီျပည္နယ္ရဲတပ္ဖြဲသည္ ဒီဇင္ဘာ ၁၂ ရက္တြင္ ဖမ္းဆီးခဲ့ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။
ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသူမ်ားရွိေနသည္ဆိုေသာသတင္းကို လက္ခံရရွိခဲ့ၿပီးေနာက္ ကန္ခ်ာဘူရီျပည္နယ္က Thong Pha Phum ရဲတပ္ဖြဲ႕ ႏွင့္ အျခားအစိုးရေအဂ်င္စီမ်ားသည္ သြားေရာက္စစ္ေဆးၿပီး ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္သည္။ ထိုင္းရဲတပ္ဖြဲ႕ဝင္မ်ား သြားေရာက္စစ္ေဆးခ်ိန္အတြင္း Thong Pha Phum ေတာဝန္းက်င္တြင္ လမ္းကို ပိတ္ရပ္ထားသည့္ကုန္ကားကိုေတြ႕ရွိခဲ့ၿပီး ကားအေပၚတြင္ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားမ်ားပိုင္ဆိုင္ေသာ အိတ္အမ်ားျပားကို ေတြ႕ရွိခဲ့ေၾကာင္း၊ ကားရပ္နားသည့္ ေတာပတ္ဝန္းက်င္ကို ထပ္မံရွာေဖြခဲ့ရာ ျမန္မာႏိုင္ငံသား ၈၄ ဦးကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးခံရသူမ်ားထဲတြင္ အမ်ိဳးသား ႏွင့္ အမ်ိဳးသမီးမ်ား ပါဝင္ခဲ့ၿပီး တရားဝင္စာ႐ြက္စာတမ္းအေထာက္အထားမ်ား မပါရွိခဲ့သလို ထိုင္းစကားကို ေျပာဆိုတတ္ျခင္းမရွိသည့္အတြက္ ေမးျမန္းရန္အခက္အခဲမ်ားရွိခဲ့ေၾကာင္း Thong Pha Phum ရဲစခန္းတာဝန္ရွိသူမ်ားက ေျပာသည္။ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ ထိုင္းႏွင့္ျမန္မာ နယ္စပ္ေဒသကို တရားမဝင္ျဖတ္ေက်ာ္ဝင္လာခဲ့ၿပီး ထူထပ္ေသာ ေတာတြင္းေျမျပင္ကို ျဖတ္သန္းခဲ့ကာ ဆန္ခလာဘူရီေဒသရွိ ျမစ္ကမ္းကို ေရာက္ရွိခဲ့ေၾကာင္း၊ ၎တို႔သည္ ပစ္ကပ္ကားတစ္စီး ထပ္မံငွားရမ္းႏိုင္ရန္ အတြက္ ျမစ္ကို ေလွငွားၿပီး ျဖတ္သန္းခဲ့ရေၾကာင္း ဝန္ခံေျပာဆိုထားသည္။ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား သည္ ခရီးစရိတ္အျဖစ္ လူကုန္ကူးသူမ်ားသည္တစ္ဦးအတြက္ ထိုင္းဘတ္ ၇၅၀၀၀ ေပးခဲ့ရေၾကာင္း၊ ျမန္မာ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား၏ အဓိကရည္႐ြယ္ခ်က္က အလုပ္လုပ္ကိုင္အခြင့္အလမ္းေကာင္းမ်ားရရွိရန္ မေလးရွားႏိုင္ငံသို႔ သြားေရာက္ရန္ျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
ထိုင္းရဲတပ္ဖြဲ႕သည္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအျပင္ ကားသမား ႏွင့္ လူကုန္ကူးမႈတြင္ ပါဝင္သူတစ္ဦးကို လည္း ဖမ္ဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။