ပြင်သစ်သမ္မတက နေရာလွတ်နေတဲ့ ဝန်ကြီးချုပ်နေရာမှာ အစားထိုးခန့်အပ်
100
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၅
ပြင်သစ်သမ္မတမက်ခရွန်ဟာ ၎င်းနဲ့ရင်းနှီးမှုရှိတဲ့ ဖရန်ကိုဘေရော့ကို ပြင်သစ်နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် တရားဝင် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ပြင်သစ်သမ္မတဟာ ၂ဝ၂၂ ခုနှစ်အတွင်း ဝန်ကြီးချုပ်ကို သုံးဦးမြောက် ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှာ သမ္မတမက်ခရွန် နဲ့ အဓိကနိုင်ငံရေးပါတီတွေကြား နိုင်ငံရေးအငြင်းပွားမှုတွေရှိနေပြီး အတိုက်ခံ ပါတီတွေဟာ သမ္မတမက်ခရွန်က ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ထားတဲ့ဝန်ကြီးချုပ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ကာ ရာထူးကဖြုတ်ချခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ဟောင်းမိုက်ကယ်ဘာနီရာဟာ ဘတ်ဂျက် ကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အငြင်းပွားခဲ့ကာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လွှတ်တော် အတွင်း စွပ်စွဲပြစ်တင်ကာ ရာထူးက ဖြုတ်ချခဲ့ကြောင်း သိရပါတယ်။
အတိုက်ခံပါတီတွေဟာ သမ္မတမက်ခရွန်ကို သမ္မတရွေးကောက်ပွဲကို စောစီးစွာကျင်းပဖို့ တောင်းဆိုထားပေမယ့် သမ္မတကတော့ သတ်မှတ်ထားတဲ့ ရာထူသက်တမ်းအတိုင်း ဆက်လက်တာဝန်ယူသွားမယ်လို့ ပြောပါတယ်။ အသက် ၇၃ နှစ်အရွယ်ရှိ ဘေရော့ဟာ ဝန်ကြီးချုပ်အဖြစ် လာမယ့်ရက်ပိုင်းမှာ ကျမ်းသစ္စာကျိန်ဆိုပေမယ့် ယခင် ဝန်ကြီးချုပ်တွေအတိုင်း လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုတွေ ထပ်မံရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ဘေရော့ဟာ မြို့တော်ဝန်တစ်ဦးဖြစ်ခဲ့ပြီး MoDem ပါတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်ကာ နိုင်ငံနဲ့ပတ်သက်ပြီး ဘယ်အရာကိုမှ ဖုံးကွယ်တာ၊ လစ်လျူရူတာမျိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
Zawgyi Version;
ျပင္သစ္သမၼတက ေနရာလြတ္ေနတဲ့ ဝန္ႀကီးခ်ဳပ္ေနရာမွာ အစားထိုးခန႔္အပ္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၅
ျပင္သစ္သမၼတမက္ခ႐ြန္ဟာ ၎နဲ႔ရင္းႏွီးမႈရွိတဲ့ ဖရန္ကိုေဘေရာ့ကို ျပင္သစ္ႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္အျဖစ္ တရားဝင္ ခန႔္အပ္လိုက္ေၾကာင္း သိရပါတယ္။ ျပင္သစ္သမၼတဟာ ၂ဝ၂၂ ခုႏွစ္အတြင္း ဝန္ႀကီးခ်ဳပ္ကို သုံးဦးေျမာက္ ခန႔္အပ္ခဲ့ျခင္းျဖစ္ပါတယ္။
ျပင္သစ္ႏိုင္ငံမွာ သမၼတမက္ခ႐ြန္ နဲ႔ အဓိကႏိုင္ငံေရးပါတီေတြၾကား ႏိုင္ငံေရးအျငင္းပြားမႈေတြရွိေနၿပီး အတိုက္ခံ ပါတီေတြဟာ သမၼတမက္ခ႐ြန္က ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ထားတဲ့ဝန္ႀကီးခ်ဳပ္ကို လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ကာ ရာထူးကျဖဳတ္ခ်ခဲ့ေၾကာင္း သိရပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္းမိုက္ကယ္ဘာနီရာဟာ ဘတ္ဂ်က္ ကိစၥနဲ႔ပတ္သက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အျငင္းပြားခဲ့ကာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း လႊတ္ေတာ္ အတြင္း စြပ္စြဲျပစ္တင္ကာ ရာထူးက ျဖဳတ္ခ်ခဲ့ေၾကာင္း သိရပါတယ္။
အတိုက္ခံပါတီေတြဟာ သမၼတမက္ခ႐ြန္ကို သမၼတေ႐ြးေကာက္ပြဲကို ေစာစီးစြာက်င္းပဖို႔ ေတာင္းဆိုထားေပမယ့္ သမၼတကေတာ့ သတ္မွတ္ထားတဲ့ ရာထူသက္တမ္းအတိုင္း ဆက္လက္တာဝန္ယူသြားမယ္လို႔ ေျပာပါတယ္။ အသက္ ၇၃ ႏွစ္အ႐ြယ္ရွိ ေဘေရာ့ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ လာမယ့္ရက္ပိုင္းမွာ က်မ္းသစၥာက်ိန္ဆိုေပမယ့္ ယခင္ ဝန္ႀကီးခ်ဳပ္ေတြအတိုင္း လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မႈေတြ ထပ္မံရင္ဆိုင္ရဖြယ္ရွိေနပါတယ္။
ေဘေရာ့ဟာ ၿမိဳ႕ေတာ္ဝန္တစ္ဦးျဖစ္ခဲ့ၿပီး MoDem ပါတီရဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္ကာ ႏိုင္ငံနဲ႔ပတ္သက္ၿပီး ဘယ္အရာကိုမွ ဖုံးကြယ္တာ၊ လစ္လ်ဴ႐ူတာမ်ိဳး လုပ္ေဆာင္မွာမဟုတ္ဘူးလို႔ ေျပာပါတယ္။