တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုအောင်မြင်ပြီးနောက် ပြည်သူများ အောင်ပွဲခံ
374
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၅
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ကို စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး အတိုက်ခံပါတီ များက ဦးဆောင်ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် လွှတ်တော်အတွင်း ဒုတိယအကြိမ်မြောက် စွပ်စွဲပြစ်တင်ခဲ့ရာ အောင်မြင်ခဲ့ပြီးနောက် တောင်ကိုရီးယားပြည်သူများ လွှတ်တော်အပြင်ဘက်တွင် အောင်ပွဲခံခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၄ ရက်က ပြုလုပ်ခဲ့သော သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုတွင် အတိုက်ခံပါတီများအပြင် အာဏာရပါတီမှ လွှတ်တော်ကိုယ်စားလှယ်များလည်း စွပ်စွဲပြစ်တင်သောအစီအစဉ်ကို ထောက်ခံမဲပေးခဲ့ရာ သတ်မှတ်ထားသော မဲအရေအတွက်ကို ရရှိခဲ့ပြီး သမ္မတကို စွပ်စွဲပြစ်တင်မှုအောင်မြင်ခဲ့ကြောင်း သိရသည်။
သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်သောဥပဒေမူကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ဦးအနက် ၂၀၄ ဦး က ထောက်ခံမဲပေးခဲ့ရာယွန်ဆက်ယိုလ်ကို သမ္မတရာထူးမှ ဆိုင်းငံ့မည်ဖြစ်ပြီး ဝန်ကြီးချုပ်က ယာယီသမ္မတအဖြစ် တာဝန်ယူမည်ဖြစ်သည်။ အာဏာရပါတီဖြစ်သော People Power Party ခေါင်းဆောင်ဖြစ်သူကလည်း စွပ်စွဲ ပြစ်တင်မှုရလဒ်များကို လက်ခံခဲ့ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက လာမည့်ရက်ပိုင်းတွင် ယွန်ဆက်ယိုလ်ကို ထပ်မံစုံစမ်းစစ်ဆေးမည်ဖြစ်သည်။ ယွန်ဆက်ယိုလ်သည် ဒီဇင်ဘာလဆန်းပိုင်းတွင် စစ်အုပ်ချုပ်ရေးဥပဒေကြေညာခဲ့ရာ အတိုက်ခံပါတီများအပြင် ပြည်သူများ၏ဝေဖန်ပြစ်တင်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
အတိုက်ခံပါတီများသည် ယွန်ဆက်ယိုလ်ကို ဒီဇင်ဘာ ၇ ရက်က လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခဲ့သော်လည်း သတ်မှတ်ထားသော မဲအရေအတွက် မရသည့်အတွက် အောင်မြင်မှုမရဘဲ ဒီဇင်ဘာ ၁၄ ရက်တွင် ထပ်မံကြိုးပမ်းခဲ့ ခြင်းဖြစ်သည်။ တောင်ကိုရီးယားအတိုက်ခံပါတီခေါင်းဆောင် လီဂျေးမြောင်က "ဒီနေ့ဟာ နိုင်ငံကို ပြည်သူတွေ ပိုင်ဆိုင်တယ်ဆိုတာ သက်သေပြခဲ့တာပါ" ဟု ပြောသည်။ ယွန်ဆက်ယိုလ်သည် စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့၊ တရားရုံးများ၏ စုံစမ်းစစ်ဆေးခြင်းများကို ခံရမည်ဖြစ်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ကို ရင်ဆိုင်ရမည်ဖြစ်သည်။ တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ယွန်ဆက်ယိုလ်ကို သမ္မတရာထူးမှ ဖယ်ရှားရန် သင့်/မသင့် ဆိုသောအချက်ကို ရက်ပေါင်း ၁၈ဝ အတွင်း အပြီးသတ်ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္မႈေအာင္ျမင္ၿပီးေနာက္ ျပည္သူမ်ား ေအာင္ပြဲခံ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၅
ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္ကို စစ္အုပ္ခ်ဳပ္ေရးဥပေဒ ထုတ္ျပန္မႈႏွင့္ပတ္သက္ၿပီး အတိုက္ခံပါတီ မ်ားက ဦးေဆာင္ၿပီး ဒီဇင္ဘာ ၁၄ ရက္တြင္ လႊတ္ေတာ္အတြင္း ဒုတိယအႀကိမ္ေျမာက္ စြပ္စြဲျပစ္တင္ခဲ့ရာ ေအာင္ျမင္ခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားျပည္သူမ်ား လႊတ္ေတာ္အျပင္ဘက္တြင္ ေအာင္ပြဲခံခဲ့ေၾကာင္း သိရသည္။ ဒီဇင္ဘာလ ၁၄ ရက္က ျပဳလုပ္ခဲ့ေသာ သမၼတယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္မႈတြင္ အတိုက္ခံပါတီမ်ားအျပင္ အာဏာရပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားလည္း စြပ္စြဲျပစ္တင္ေသာအစီအစဥ္ကို ေထာက္ခံမဲေပးခဲ့ရာ သတ္မွတ္ထားေသာ မဲအေရအတြက္ကို ရရွိခဲ့ၿပီး သမၼတကို စြပ္စြဲျပစ္တင္မႈေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။
သမၼတယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္ေသာဥပေဒမူၾကမ္းကို လႊတ္ေတာ္ကိုယ္စားလွယ္ ၃၀၀ ဦးအနက္ ၂၀၄ ဦး က ေထာက္ခံမဲေပးခဲ့ရာယြန္ဆက္ယိုလ္ကို သမၼတရာထူးမွ ဆိုင္းငံ့မည္ျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္က ယာယီသမၼတအျဖစ္ တာဝန္ယူမည္ျဖစ္သည္။ အာဏာရပါတီျဖစ္ေသာ People Power Party ေခါင္းေဆာင္ျဖစ္သူကလည္း စြပ္စြဲ ျပစ္တင္မႈရလဒ္မ်ားကို လက္ခံခဲ့ေၾကာင္း သိရသည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက လာမည့္ရက္ပိုင္းတြင္ ယြန္ဆက္ယိုလ္ကို ထပ္မံစုံစမ္းစစ္ေဆးမည္ျဖစ္သည္။ ယြန္ဆက္ယိုလ္သည္ ဒီဇင္ဘာလဆန္းပိုင္းတြင္ စစ္အုပ္ခ်ဳပ္ေရးဥပေဒေၾကညာခဲ့ရာ အတိုက္ခံပါတီမ်ားအျပင္ ျပည္သူမ်ား၏ေဝဖန္ျပစ္တင္မႈမ်ားကို ရင္ဆိုင္ခဲ့ရေၾကာင္း သိရသည္။
အတိုက္ခံပါတီမ်ားသည္ ယြန္ဆက္ယိုလ္ကို ဒီဇင္ဘာ ၇ ရက္က လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ခဲ့ေသာ္လည္း သတ္မွတ္ထားေသာ မဲအေရအတြက္ မရသည့္အတြက္ ေအာင္ျမင္မႈမရဘဲ ဒီဇင္ဘာ ၁၄ ရက္တြင္ ထပ္မံႀကိဳးပမ္းခဲ့ ျခင္းျဖစ္သည္။ ေတာင္ကိုရီးယားအတိုက္ခံပါတီေခါင္းေဆာင္ လီေဂ်းေျမာင္က "ဒီေန႔ဟာ ႏိုင္ငံကို ျပည္သူေတြ ပိုင္ဆိုင္တယ္ဆိုတာ သက္ေသျပခဲ့တာပါ" ဟု ေျပာသည္။ ယြန္ဆက္ယိုလ္သည္ စစ္အုပ္ခ်ဳပ္ေရးဥပေဒ ထုတ္ျပန္ခဲ့မႈႏွင့္ပတ္သက္ၿပီး ရဲတပ္ဖြဲ႕၊ တရား႐ုံးမ်ား၏ စုံစမ္းစစ္ေဆးျခင္းမ်ားကို ခံရမည္ျဖစ္သလို ဖြဲ႕စည္းပုံ အေျခခံဥပေဒခုံ႐ုံး၏ ဆုံးျဖတ္ခ်က္ကို ရင္ဆိုင္ရမည္ျဖစ္သည္။ ေတာင္ကိုရီးယားဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးသည္ ယြန္ဆက္ယိုလ္ကို သမၼတရာထူးမွ ဖယ္ရွားရန္ သင့္/မသင့္ ဆိုေသာအခ်က္ကို ရက္ေပါင္း ၁၈ဝ အတြင္း အၿပီးသတ္ဆုံးျဖတ္မည္ျဖစ္ေၾကာင္း သိရသည္။