UMFCCI ၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး ကျင်းပ

 113

ယွန်း (NP News) - ဒီဇင်ဘာ ၁၅

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးကို ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အစီအစဉ်အရ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အသင်းချုပ်အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ဖတ်ကြားတင်ပြခဲ့ပြီး ပြင်ပစာရင်းစစ် JF Group - Certified Public Accountants and Auditors စာရင်းစစ်များ၏ စာရင်းစစ်အစီရင်ခံစာကို ဦးဝမ်းတင်မှ ဖတ်ကြားတင်သွင်းခဲ့သည်။
ထို့ပြင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွက် ကုန်သည်စက်မှုအသင်းချုပ်၏ ပြင်ပစာရင်းစစ်အဖွဲ့အဖြစ် JF Group- Certified Public Accountants and Auditors အား ခန့်အပ်ခဲ့ပါသည်။

အခမ်းအနားကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအခြေစိုက်နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ နှင့် သံတမန်ဆိုင်ရာပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပရှိ စီးပွားရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ထုတ်လုပ်မှုတိုးမြှင့်ရေးမှ ပြည်တွင်းစားသုံမှုဖူလုံရေး နှင့် ပို့ကုန်တိုးမြှင့်ရေးဆီသို့ ရည်ရွယ်ချက်ဖြင့် ပို့ကုန်နှင့်သက်ဆိုင်သည့် အသင်းပြခန်းများ အပါအဝင် ပြခန်း စုစုပေါင်း(၂၁)ခန်း ပါဝင်ပြသခဲ့သည်။

Zawgyi Version;
UMFCCI ၏ (၃၃) ႀကိမ္ေျမာက္ ႏွစ္ပတ္လည္အသင္းသားစုံညီအစည္းအေဝး က်င္းပ
ယြန္း (NP News) - ဒီဇင္ဘာ ၁၅

ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္၏ (၃၃)ႀကိမ္ေျမာက္ ႏွစ္ပတ္လည္ အသင္းသားစုံညီအစည္းအေဝး က်င္းပခဲ့သည္။
အဆိုပါအစည္းအေဝးကို ဒီဇင္ဘာ ၁၄ ရက္တြင္ ရန္ကုန္ၿမိဳ႕၊ အမ်ိဳးသားကဇာတ္႐ုံတြင္ က်င္းပခဲ့ျခင္း ျဖစ္သည္။
အခမ္းအနားတြင္ UMFCCI ဥကၠ႒ ဦးေအးဝင္းႏွင့္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္တို႔ အမွာစကားေျပာၾကားခဲ့သည္။
ထို႔ေနာက္ အစီအစဥ္အရ ႏွစ္ပတ္လည္အစီရင္ခံစာႏွင့္ ဘ႑ာေရးရွင္းတမ္းကို အသင္းခ်ဳပ္အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ေဒၚခိုင္ခိုင္ႏြယ္က ဖတ္ၾကားတင္ျပခဲ့ၿပီး ျပင္ပစာရင္းစစ္ JF Group - Certified Public Accountants and Auditors စာရင္းစစ္မ်ား၏ စာရင္းစစ္အစီရင္ခံစာကို ဦးဝမ္းတင္မွ ဖတ္ၾကားတင္သြင္းခဲ့သည္။
ထို႔ျပင္ (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္အတြက္ ကုန္သည္စက္မႈအသင္းခ်ဳပ္၏ ျပင္ပစာရင္းစစ္အဖြဲ႕အျဖစ္ JF Group- Certified Public Accountants and Auditors အား ခန႔္အပ္ခဲ့ပါသည္။

အခမ္းအနားကို စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္း၊ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ျမန္မာႏိုင္ငံအေျခစိုက္ႏိုင္ငံျခားသံ႐ုံးမ်ားမွ သံအမတ္ႀကီးမ်ား ႏွင့္ သံတမန္ဆိုင္ရာပုဂၢိဳလ္မ်ား၊ ျပည္တြင္းျပည္ပရွိ စီးပြားေရးအသင္းအဖြဲ႕မ်ား၊ စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ား တက္ေရာက္ခဲ့သည္။
အဆိုပါအခမ္းအနားတြင္ ထုတ္လုပ္မႈတိုးျမႇင့္ေရးမွ ျပည္တြင္းစားသုံမႈဖူလုံေရး ႏွင့္ ပို႔ကုန္တိုးျမႇင့္ေရးဆီသို႔ ရည္႐ြယ္ခ်က္ျဖင့္ ပို႔ကုန္ႏွင့္သက္ဆိုင္သည့္ အသင္းျပခန္းမ်ား အပါအဝင္ ျပခန္း စုစုေပါင္း(၂၁)ခန္း ပါဝင္ျပသခဲ့သည္။

Related news

© 2021. All rights reserved.