ချင်းရွှေဟော်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရန်နှစ်နိုင်ငံညှိနှိုင်းနေ

 962

NP News - အောက်တိုဘာ ၂
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလက်ရှိအချိန်ထိ ရပ်ဆိုင်းနေသည့်အတွက် ပြည်တွင်းကုန်ဈေး နှုန်းမြင့်တက်မှုများနှင့်အတူ ဒေါ်လာဈေးမြင့်တက်ခြင်းများဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် မြန်မာ- တရုတ်နယ် စပ်ကုန်သွယ်ရေးလုပ်ငန်းကိုဆောင်ရွက်နေသည့် အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် ချင်းရွှေဟော်နယ်စပ်ဂိတ်ကိုပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံညှိနှိုင်းနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလ (၃ဝ) ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

"ပြည်ပပို့ကုန်တွေဆောင်ရွက်နိုင်ဖို့အတွက် အများအားဖြင့် မှီခိုနေတာသည် တရုတ်နိုင်ငံလမ်းကြောင်းပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံလမ်းကြောင်းက ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး မူဆယ်လမ်းကြောင်းမှာ ကန့်သတ် ချက်တွေရှိတဲ့အတွက် ကြောင့်မို့ နှစ်နိုင်ငံညှိနှိုင်းပြီး ချင်းရွှေဟော်လမ်းကြောင်းဖွင့်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါလည်းအောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒီအဆင့်တစ်ဆင့်အောင်မြင်ပြီးသွားရင် စားသုံးကုန်ပို့ကုန်များပြန်လည်ရရှိမှာဖြစ်ပါတယ်" ဟု ယင်းကပြောသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်းသည် မြန်မာနိုင်ငံ၏တတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းဖြစ်ပြီး မြန်မာ-တရုတ်နယ်စပ်မတွင် ဒုတိယအကြီးဆုံးနယ်စပ်စခန်းလည်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ လမ်းကြောင်းမှ တရုတ်နိုင်ငံကို ဆန်၊ ပြောင်း၊ ပဲ များအဓိကတင်ပို့ပြီး ရာသီကုန်များတင်ပို့ကာ တရုတ်ဘက်မှ ဆောက်လုပ်ရေးပစ္စည်းများကို အများအပြားပြန်လည်တင်သွင်းကြောင်းသိရသည်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်ရှိ မြန်မာ-တရုတ် နယ်စပ် BP-125 အနီးတွင် နှစ်နိုင်ငံယာယီနယ်စပ်ဂိတ်ဖွင့်လှစ်သွားရန်စီစဉ်နေကြောင်းသိရသည်။

ထို့ပြင် မူဆယ်မြို့ (၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်Covid-19 ကုသရေးစင်တာကိုလည်း အောက်တိုဘာလ (၁)ရက် စ တင်ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ဒေသတွင်း Covid-19ရောဂါထိန်းချုပ်နိုင်မှုအခြေအနေကောင်းလျှင်ယခုလအတွင်း ကျင့်စန်းကျော့ဂိတ်မှတစ်ဆင့် ကုန်သွယ်မှုစတင်နိုင်ခြေရှိကြောင်းလည်း ကုန်သည်များကမျှော်လင့်ထားကြသည်။ အဆိုပါ နယ်စပ်ဂိတ်ပြန်လည်စတင်ပါကလည်း ကျင်ဆန်ကျော့အနီးရှိကုန်ချကွင်းအထိသာ မြန်မာကားများဝင်နိုင်မည်ဖြစ်ပြီး အဆိုပါဝင်းတွင် တရုတ်ကဲ့ကားများဖြင့် ပြောင်းလဲတင်ဆောင်ကာ သွင်းကုန်များကို ရှန်တိန်မောင်းတရုတ်ကဲ့ကားများဖြင့်ကုန်ချကွင်းအထိတင်ဆောင်လာပြီး မြန်မာကားသို့ပြောင်းလဲတင်ဆောင်ရန် အ ကြမ်းဖျင်းစီစဉ်ထားကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.