ဆာလာအိတ်၊ ခရီးဆောင်အိတ်နှင့်ပလပ်စတစ်ခြင်းအပြည့် ဘိန်းဖြူများသယ်ဆောင်လာသည့် အမျိုးသမီးမိုးညှင်းမြို့နယ်တွင်ဖမ်းမိ

1446

NP News - အောက်တိုဘာ ၄
ဆာလာအိတ်၊ ခရီးဆောင်အိတ်နှင့် ပလပ်စတစ်ခြင်းအပြည့် ဘိန်းဖြူများသယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးအား မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အောက်တို့ဘာလ (၃)ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါအမျိုးသမီးသည် မန္တလေးဘက်မှမြစ်ကြီးနားဘက်သို့ မောင်းနှင်လာသည့် ခရီး သည်တင်မော်တော်ယာဉ်ဖြင့် လိုက်ပါလာခြင်းဖြစ်ပြီး အောက်တိုဘာလ (၂)ရက် နေ့လည် (၂)နာရီတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်း၊ နန့်စီးအောင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအားရှာဖွေစစ်ဆေးနေစဉ် မန္တလေးဘက်မှ မြစ်ကြီးနားဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရာယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်မဇာခြည်ဝင်း၏ ခရီးဆောင်အိတ်၊ ဆာလာအိတ်နှင့် ပလပ်စတစ်ခြင်း အတွင်းတို့မှ ဘိန်းဖြူအ လေးချိန် (၂.၂) ကီလို (တန်ဖိုးငွေကျပ် (၅၅ဝ) သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သ တင်းထုတ်ပြန်ခဲ့သည်။
အလားတူ ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်ပြီး ရန်ကုန်မြို့မှတစ်ဆင့် မြိတ်မြို့သို့ NISSAN WINGROAD မော်တော်ယာဉ်ဖြင့် ဆက်လက်သယ်ဆောင်လာသည့် သိန်း (၃၄ဝဝ) ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၃ ဒသမ ၄) သိန်းအားအောက် တိုဘာလ(၂) ရက်တွင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မော်လမြိုင်သွား ကားလမ်းရှိ ရွှေသံလွင်ပူးပေါင်း စစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ၏ အောက်တိုဘာလ (၃)ရက်ထုတ်ပြန်ချက်အရ သိရ သည်။
#NPNews