ပြည်တွင်းရှိဘိလပ်မြေစက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်နိုင်အောင်ဆောင်ရွက်မည်

 2098

ပုံစာ- အမှတ်(၃၃) အကြီးစားစက်ရုံ(ကျောက်ဆည်)ဘိလပ်မြေစက်ရုံ

NP News - အောက်တိုဘာ ၂၉
ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေးအ တွက် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၂၈) ရက်က စက်မှုဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သောဘိလပ်မြေများကို ပြည်တွင်းရှိဘိလပ်မြေစက် ရုံများမှ စက်စွမ်းအားပြည့်လည်ပတ်၍ အရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်ရေး နှင့် ပြည်တွင်းဘိလပ်မြေ အရည်အသွေးကောင်းမွန်အောင်ဆောင်ရွက်ကာ ပြည်ပဘိလပ်မြေ တင်သွင်းမှုကို လျော့ကျသွားစေရေးဆောင်ရွက်ရန် နစကဥက္ကဋ္ဌကလည်း အောက်တိုဘာလ (၂၅)ရက်က ပြောကြားဖူးသည်။

ထို့ပြင် မြန်မာနိုင်ငံ ဘိလပ်မြေလုပ်ငန်းရှင်များ အသင်းအဖွဲ့ (Myanmar Cement Association – MCA) ကို ၂ဝ၁၉ ခုနှစ်တွင် ဖွဲ့စည်းနိုင်ရေးအ တွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနမှ ထောက်ခံအတည်ပြုခဲ့သော်လည်း မြန်မာနိုင်ငံ ဘိလပ်မြေလုပ်ငန်းရှင်များ အသင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်းဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အသစ်ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။

“Myanmar Cement Association ဖွဲ့စည်းပြီးရင် ဘိလပ်မြေ ထုတ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဝိုင်းဝန်ကူညီ ဖြေရှင်းပေးနိုင်သလို သတ်မှတ်ထားတဲ့စံချိန်စံညွှန်း တွေအတိုင်း ထုတ်လုပ်နိုင်ရေးကိုလည်းကြပ်မတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Myanmar Cement Association မှာ အလွှာပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ ပြန်လည်ဖွဲ့စည်းနိုင်ဖို့ဆောင်ရွက်သွားမှာဖြစ် ပါတယ်”ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။

စက်ရုံများကို စွမ်းအားပြည့်လည်ပတ်ခြင်းဖြင့် သုံးစွဲသူပြည်သူများသည် အရည်အသွေးမီပြီး ဈေးနှုန်းသင့်တော်သော ဘိလပ်မြေများကို အသုံးပြုနိုင်မည့်အပြင် နိုင်ငံတော်အတွက်လိုအပ်သော ဘိလပ်မြေများကို အ ရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီဖြည့်ဆည်းပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။ ဘိလပ်မြေထုတ်လုပ်ရာတွင်အသုံးပြုသည့် Wet Process သည် စွမ်းအင်ပိုမိုသုံးစွဲရ၍ တစ်ယူနစ်ထုတ်လုပ်မှု စရိတ်မြင့်မား သောကြောင့် စီးပွားရေးတွက်ချေကိုက်မှုရှိအောင် Dry Process ကို ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည် တွင်းထုတ် ဘိလပ်မြေများနှင့် ပြည်ပမှတင်သွင်းလာသည့် ဘိလပ်မြေများ၏ အရည်အသွေးများကို စစ်ဆေးနိုင်ရေးအတွက် ဓာတ်ခွဲခန်းများလည်း ထူထောင်လျက်ရှိကြောင်းသိရသည်။

ပြည်တွင်းတွင် ပုဂ္ဂလိကပိုင်ဘိလပ်မြေစက်ရုံ (၁၆) ရုံ နှင့် နိုင်ငံပိုင်ဘိ လပ်မြေစက်ရုံ (၃)ရုံရှိပြီး အဆိုပါစက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်ပါက ဘိလပ်မြေတန်ချိန် (၁၆) သန်းခန့်ထုတ်လုပ်နိုင်ကြောင်းသိရသည်။ လက်ရှိပြည်တွင်း အသုံးပြုနေသည့်ဘိလပ်မြေသည် တစ်နှစ်လျှင် တန်ချိန် (၁ဝ) သန်းနှင့် (၁၁)သန်းကြားရှိကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.