ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီးဖြစ်သူကို ဖြူထိုင်းပါတီရဲ့အကြံပေးအဖွဲ့အကြီးအကဲအဖြစ်ခန့်အပ်

890

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၉
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာရဲ့ သမီးငယ်ဖြစ်သူ Paetongtarn Shinawatra ဟာ ထိုင်းနာမည်ကျော်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ဖြူထိုင်းရဲ့ အကြံပေးအကြီးအကဲအဖြစ်ခန့်အပ်ခံရတယ်လို့ ဘန် ကောက်ပို့စ်သတင်းဖော်ပြချက်အရသိရပါတယ်။
ဖြူထိုင်းပါတီအထွေထွေညီလာခံကို ထိုင်းနိုင်ငံ Khon Kaen မြို့မှာကျင်းပချိန်အတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့သမီးဖြစ်သူကို ပါတီအကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Paetongtarn Shinawatra ဟာ အကြံပေးအဖွဲ့အကြီးအကဲအဖြစ်ခန့်အပ်ခံရတဲ့အတွက် ပါတီရေးရာကိစ္စများမှာပါဝင်ဆောင်ရွက်ခွင့်ရမှာဖြစ်သလိုပါတီကို ပိုမိုခေတ်မီဆန်းသစ်အောင်လုပ်ဆောင်ခွင့်တွေရဖွယ်ရှိနေပါတယ်။
အသက် (၃၅)နှစ်အရွယ်ရှိ Paetongtarn Shinawatra ဟာ ပြီးခဲ့တဲ့ရက် ပိုင်းကျင်းပခဲ့တဲ့ အတိုက်ခံပါတီရဲ့အထွေထွေညီလာခံမှာ လူသိများထင် ရှားခဲ့တယ်လို့သိရပါတယ်။ သူမကို ပါတီအကြံပေးအဖွဲ့ခန့်အပ်ခြင်းဟာ မျိုးဆက်သစ်လူငယ်တွေကို ပါတီရဲ့ဝါရင့်နိုင်ငံရေးသမားတွေနဲ့ ပူးတွဲလုပ်ကိုင်ခွင့်ပေးမယ်ဆိုတဲ့ပါတီမူဝါဒတွေနဲ့အံဝင်ကိုက်ညီမှုရှိတယ်လို့ထိုင်းမီဒီယာတွေကဆိုပါတယ်။ အဆိုပါပါတီညီလာခံအတွင်း လက်ရှိပါ တီခေါင်းဆောင် Sompong Amornvivat ဟာ ရာထူးကနုတ်ထွက်ဖို့ ကြေညာသွားခဲ့ပါတယ်။ ပါတီကို လာမယ့်အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြိုင်ဘက်ပါတီတွေနဲ့ ပိုမိုယှဉ်ပြိုင်နိုင်ဖို့၊ ပါတီပြန်လည်တည် ဆောက်ရေးတို့အတွက် Sompong Amornvivat ဟာ ရာထူးကနုတ်ထွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
Cholnan Srikaew ဟာ ဖြူထိုင်းပါတီရဲ့နောက်ထပ်ခေါင်းဆောင်အ သစ်အဖြစ်တာဝန်ယူဖို့ ကမ်းလှမ်းခံထားရတယ်လို့လည်းသိရပါတယ်။ လက်ရှိအချိန်မှာ ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူနေတဲ့ Prasert Chantararuangthong ဟာလက်ရှိရာထူးအတိုင်း ဆက်လက်တာဝန်ယူသွားမယ်လို့ပါတီနဲ့နီးစပ်သူတွေကဆိုပါတယ်။ သက်ဆင်ရှင်နာဝါထရာရဲ့သမီးငယ်ဖြစ်သူ Paetongtarn Shinawatra အနေနဲ့မကြာ ခဏဖခင်ဖြစ်သူ သက်ရှင်နဲ့တွေ့ဆုံခဲ့တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Paetongtarn Shinawatra ရဲ့အဖေဖြစ်သူ သက်ဆင်နဲ့ အဒေါ်ဖြစ်သူ ယင်လပ်တို့ဟာ ထိုင်းနိုင်ငံရေးပါတီဖြစ်တဲ့ ဖြူထိုင်းရဲ့ခေါင်း ဆောင်ဟောင်းတွေဖြစ်သလို ထိုင်းဝန်ကြီးချုပ်ဟောင်းတွေအဖြစ် တာဝန်ယူခဲ့ဖူးသူတွေလည်းဖြစ်ပါတယ်။
#NPNews