ICC မှ တရားသူကြီးလေးဦးကို ပစ်မှတ်ထားပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း အမေရိကန်အစိုးရပြော

 129

ဂျန်ဇက် (NP News) - ဇွန် ၆

အမေရိကန်အစိုးရသည် နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှ တရားသူကြီးလေးဦးကို ပစ်မှတ်ထားပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ကို ဖမ်းဝရမ်းထုတ်ခြင်းနှင့်ပတ်သက်ပြီး အငြင်းပွား မှုများဖြစ်လာခဲ့ပြီးနောက် အမေရိကန်အစိုးရသည် နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှ တာဝန်ရှိသူများကို ပိတ်ဆို့မှုများ ချမှတ်ခံရခြင်းဖြစ်သည်။
အမေရိကန်အစိုးရက ထပ်မံပိတ်ဆို့မှုချမှတ်ခဲ့သော တရားသူကြီးလေးဦးသည် အမျိုးသမီးများဖြစ်ပြီး အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခံရမည့်အပြင် အမေရိကန်နိုင်ငံအတွင်းရှိ ၎င်းတို့ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံ ရမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက "အမေရိကန်အစိုးရဟာ နိုင်ငံ အချုပ်အခြာအာဏာပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ လိုအပ်တဲ့အရာအားလုံးကို လုပ်ဆောင်မယ်။ နိုင်ငံတကာ ရာဇဝတ်တရားရုံးဟာ အမေရိကန်မဟာမိတ်နိုင်ငံအပြင် အစ္စရေးနိုင်ငံအပေါ်တရားမဝင် အလုပ်တွေ လုပ်ဆောင်ခဲ့တယ်'' ဟု ပြောသည်။
နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကလည်း အမေရိကန်အစိုးရ၏လုပ်ရပ်များကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။ ICC က "အမေရိကန်အစိုးရရဲ့လုပ်ရပ်ဟာ နိုင်ငံပေါင်း ၁၂၅ နိုင်ငံ ပူးပေါင်းပါဝင်နေတဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့လုပ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာစီရင်ပိုင်ခွင့်တွေကို ထိခိုက်နစ်နာစေတယ်'' ဟု ပြောသည်။
လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ICC ၏ လွတ်လပ်ခွင်နှင့် ပြောဆိုခွင့်များနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုသင့်ကြောင်း တိုက်တွန်းတောင်းဆိုထားသည်။ ICC သည် ၎င်းတို့အဖွဲ့ဝင်နိုင်ငံ မဟုတ်သောနိုင်ငံများမှ တာဝန်ရှိသူများကိုလည်း စစ်ရာဇဝတ်မှုကျူးလွန်မှုများရှိသည်ဟုဆိုကာစွပ်စွဲပြီး စွဲချက်တင်ခဲ့ရာ အငြင်းပွားမှုများရှိနေသည်။ အစ္စရေး နှင့် အမေရိကန်နိုင်ငံတို့သည် လက်ရှိအချိန်တွင် ICC အဖွဲ့ဝင် နိုင်ငံထဲတွင် ပါဝင်နေသည့်နိုင်ငံများ မဟုတ်ကြောင်း သိရသည်။
ICC သည် ပြီးခဲ့သည့်နှစ်တုန်းကလည်း ရုရှားနှင့်ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားသမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့ဖူးကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန် သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်တုန်းကလည်း ICC တရားရုံးနှင့်ဆက်နွယ်သည့်ရှေ့နေများကို ပစ်မှတ်ထားပိတ်ဆို့မှုများ ချမှတ်ခဲ့ဖူးကြောင်း သိရသည်။ ICC အဖွဲ့ဝင်နိုင်ငံများတွင်လည်း ဖမ်းဝရမ်း ထုတ်ခြင်းနှင့်ပတ်သက်ပြီး သဘောထားအမြင်ကွဲလွဲနေပြီး ဗြိတိန်နိုင်ငံက အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ဗြိတိန်ကိုလာရောက်လည်ပတ်မည်ဆိုလျှင် ICC အဖွဲ့၏ စည်းကမ်းများအတိုင်း လိုက်နာမည်ဟု ပြောသည်။ သို့သော်လည်း ဟန်ဂေရီနိုင်ငံသည် ICC တရားရုံး၏လုပ်ရပ်များကို မကျေနပ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နုတ်ထွက်ရန် ကြိုးပမ်းနေပြီးပြီးခဲ့သည့် ဧပြီလအတွင်း ဟန်ဂေရီနိုင်ငံကိုအစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု လာရောက်ချိန်တွင် ဟန်ဂေရီအစိုးရအဖွဲ့တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကာ ဖမ်းဆီးခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ICC မွ တရားသူႀကီးေလးဦးကို ပစ္မွတ္ထားပိတ္ဆို႔မႈမ်ား ခ်မွတ္လိုက္ေၾကာင္း အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၆

အေမရိကန္အစိုးရသည္ ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC မွ တရားသူႀကီးေလးဦးကို ပစ္မွတ္ထားပိတ္ဆို႔မႈမ်ား ခ်မွတ္ခဲ့ေၾကာင္း သိရသည္။ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ကို ဖမ္းဝရမ္းထုတ္ျခင္းႏွင့္ပတ္သက္ၿပီး အျငင္းပြား မႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အေမရိကန္အစိုးရသည္ ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC မွ တာဝန္ရွိသူမ်ားကို ပိတ္ဆို႔မႈမ်ား ခ်မွတ္ခံရျခင္းျဖစ္သည္။
အေမရိကန္အစိုးရက ထပ္မံပိတ္ဆို႔မႈခ်မွတ္ခဲ့ေသာ တရားသူႀကီးေလးဦးသည္ အမ်ိဳးသမီးမ်ားျဖစ္ၿပီး အေမရိကန္ ႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ခြင့္ပိတ္ပင္ခံရမည့္အျပင္ အေမရိကန္ႏိုင္ငံအတြင္းရွိ ၎တို႔ ပိုင္ဆိုင္မႈမ်ား သိမ္းဆည္းခံ ရမည္ျဖစ္ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးမာကို႐ူဘီယိုက "အေမရိကန္အစိုးရဟာ ႏိုင္ငံ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈေတြကို ကာကြယ္ဖို႔ လိုအပ္တဲ့အရာအားလုံးကို လုပ္ေဆာင္မယ္။ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံးဟာ အေမရိကန္မဟာမိတ္ႏိုင္ငံအျပင္ အစၥေရးႏိုင္ငံအေပၚတရားမဝင္ အလုပ္ေတြ လုပ္ေဆာင္ခဲ့တယ္'' ဟု ေျပာသည္။
ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC ကလည္း အေမရိကန္အစိုးရ၏လုပ္ရပ္မ်ားကို ေဝဖန္ျပစ္တင္ခဲ့ေၾကာင္း သိရသည္။ ICC က "အေမရိကန္အစိုးရရဲ႕လုပ္ရပ္ဟာ ႏိုင္ငံေပါင္း ၁၂၅ ႏိုင္ငံ ပူးေပါင္းပါဝင္ေနတဲ့ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံးရဲ႕လုပ္ပိုင္ခြင့္နဲ႔ လြတ္လပ္စြာစီရင္ပိုင္ခြင့္ေတြကို ထိခိုက္နစ္နာေစတယ္'' ဟု ေျပာသည္။
လူအခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕က အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ICC ၏ လြတ္လပ္ခြင္ႏွင့္ ေျပာဆိုခြင့္မ်ားႏွင့္ ပတ္သက္ၿပီး ထုတ္ေဖာ္ေျပာဆိုသင့္ေၾကာင္း တိုက္တြန္းေတာင္းဆိုထားသည္။ ICC သည္ ၎တို႔အဖြဲ႕ဝင္ႏိုင္ငံ မဟုတ္ေသာႏိုင္ငံမ်ားမွ တာဝန္ရွိသူမ်ားကိုလည္း စစ္ရာဇဝတ္မႈက်ဴးလြန္မႈမ်ားရွိသည္ဟုဆိုကာစြပ္စြဲၿပီး စြဲခ်က္တင္ခဲ့ရာ အျငင္းပြားမႈမ်ားရွိေနသည္။ အစၥေရး ႏွင့္ အေမရိကန္ႏိုင္ငံတို႔သည္ လက္ရွိအခ်ိန္တြင္ ICC အဖြဲ႕ဝင္ ႏိုင္ငံထဲတြင္ ပါဝင္ေနသည့္ႏိုင္ငံမ်ား မဟုတ္ေၾကာင္း သိရသည္။
ICC သည္ ၿပီးခဲ့သည့္ႏွစ္တုန္းကလည္း ႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနသည့္စစ္ပြဲႏွင့္ပတ္သက္ၿပီး ႐ုရွားသမၼတပူတင္ကို ဖမ္းဝရမ္းထုတ္ခဲ့ဖူးေၾကာင္း သိရသည္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ အေမရိကန္ သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္တုန္းကလည္း ICC တရား႐ုံးႏွင့္ဆက္ႏြယ္သည့္ေရွ႕ေနမ်ားကို ပစ္မွတ္ထားပိတ္ဆို႔မႈမ်ား ခ်မွတ္ခဲ့ဖူးေၾကာင္း သိရသည္။ ICC အဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္လည္း ဖမ္းဝရမ္း ထုတ္ျခင္းႏွင့္ပတ္သက္ၿပီး သေဘာထားအျမင္ကြဲလြဲေနၿပီး ၿဗိတိန္ႏိုင္ငံက အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ၿဗိတိန္ကိုလာေရာက္လည္ပတ္မည္ဆိုလွ်င္ ICC အဖြဲ႕၏ စည္းကမ္းမ်ားအတိုင္း လိုက္နာမည္ဟု ေျပာသည္။ သို႔ေသာ္လည္း ဟန္ေဂရီႏိုင္ငံသည္ ICC တရား႐ုံး၏လုပ္ရပ္မ်ားကို မေက်နပ္သည့္အတြက္ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္မွ ႏုတ္ထြက္ရန္ ႀကိဳးပမ္းေနၿပီးၿပီးခဲ့သည့္ ဧၿပီလအတြင္း ဟန္ေဂရီႏိုင္ငံကိုအစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု လာေရာက္ခ်ိန္တြင္ ဟန္ေဂရီအစိုးရအဖြဲ႕တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ခဲ့ကာ ဖမ္းဆီးျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.