ပြည်တွင်းလေယာဉ်စီးမည့်သူများ ကိုဗစ်စစ်ဆေးပြီးမှသွားလာခွင့်ရမည်

883

NP News - နိုဝင်ဘာ ၁
ပြည်တွင်းလေယာဉ်စီးနင်းရာတွင် နိုဝင်ဘာလ (၂)ရက်မှစတင်၍ ထွက်ခွာချိန်မတိုင်မီ (၃၆)နာရီအတွင်း သက်ဆိုင်ရာမြို့နယ်များအတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးဌာနမှ သတ်မှတ်ထားသောစစ်ဆေးရေးဌာနများတွင် မှတ်ပုံတင်၊ လေယာဉ်လက်မှတ်များကို ပြသ၍ Covid-19 ရောဂါပိုးရှိ၊ မရှိကို စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းများထံမှသိရသည်။
သတ်မှတ်ထားသောနေရာများတွင် စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး Negative ဖြစ်ပါက ခရီးသွားရောက်နိုင်ပြီး စစ်ဆေးချက်စာရွက်ကိုမိမိလေယာဉ်စီးမည့်နေ့တွင်လေဆိပ်၌ လေယာဉ်လက်မှတ်နှင့်အတူပူးတွဲပြသရမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင်လေယာဉ်ပေါ်တွင်စီးနင်းရာ တွင်လည်း နှာခေါင်းစည်း Mask၊ မျက်နှာအကာအကွယ် Face Shield တို့ကိုယူဆောင်လာရန်လိုအပ်ပြီး ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအတိုင်း လိုက်ပါစီးနင်းရပါမည်ဖြစ်ကြောင်းသိရသည်။
ကိုဗစ်ကြောင့်ရပ်နားထားသော ပြည်တွင်းလေကြောင်းခရီးစဉ်များကို စံလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ (၁၆) ရက်မှစတင်ကာ ပြန်လည်ပြေးဆွဲခွင့်ပေးခဲ့သော်လည်း ကိုဗစ်စစ်ဆေးပြီမှခရီးသွားလာခွင့်ပြုခဲ့သည်။ ၂ဝ၂၁ ခုနှစ် ဧပြီလမှစတင်ပြီး ပြည်တွင်းလေ ကြောင်း ခရီးစဉ်ဖြင့်လိုက်ပါမည့် ခရီးသွားများအားလုံး Covid-19 ဆးစစ်ရန် မလိုအပ်တော့ဘဲ ကျန်းမာရေး စံသတ်မှတ်ချက်များသာလိုက်နာရန်ဆောင်ရွက်ခဲ့သည်။ သို့သော်ကိုဗစ် ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ၂ဝ၂၁ ခုနှစ် မေလ (၂၉)ရက်ကစပြီး ဇွန်လ (၁၅)ရက်အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် ပြည်တွင်း လေယာဉ်ခရီးစဉ်များကို ယာယီရပ်ဆိုင်းထားခဲ့သည်။ လက်ရှိအချိန်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှုန်းသည် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ (၃၁) ရက် ညပိုင်းထုတ်ပြန်သည့်စာရင်းအရ (၄.၄) ရာခိုင်နှုန်းသို့ကျဆင်းသွားပြီဖြစ်ကြောင်းသိရသည်။
ကိုဗစ်စစ်ဆေးမှုများကိုရန်ကုန်မြို့တွင် ကျောက်တံတားမြို့နယ်ရှိ Tourist Burma အဆောက်အဦး၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာအ ဝေးပြေးယာဉ်ရပ်နားစခန်းဒေသန္တရကျန်းမာရေးဌာန၊ လှိုင်သာယာမြို့ နယ်ရှိ ပန်းလှိုင်ဆေးရုံ ၊ လမ်းမတော်မြို့နယ်ရှိ N Health Lab တို့တွင် RDT ( Rapid Antigen Diagnostic Test )ဖြင့်စစ်ဆေးနိုင်ကြောင်းသိရသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်းခရီးသည်များမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုအန္တရာယ်မှ ဆက်လက်၍ တားဆီးကာကွယ်နိုင်ရေးအတွက် နိုင်ငံတကာလေကြောင်းလိုင်းများမြန် မာနိုင်ငံအတွင်းသို့ ပျံသန်းဆင်းသက်ခြင်းကို ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ ယာယီကန့်သတ်လိုက်ကြောင်းသိရသည်။
zawgyi version
ျပည္တြင္းေလယာဥ္စီးမည့္သူမ်ား ကိုဗစ္စစ္ေဆးၿပီးမွသြားလာခြင့္ရမည္
NP News - ႏိုဝင္ဘာ ၁
ျပည္တြင္းေလယာဥ္စီးနင္းရာတြင္ ႏိုဝင္ဘာလ (၂)ရက္မွစတင္၍ ထြက္ခြာခ်ိန္မတိုင္မီ (၃၆)နာရီအတြင္း သက္ဆိုင္ရာၿမိဳ႕နယ္မ်ားအတြင္းရွိ ျပည္သူ႔က်န္းမာေရးဦးဌာနမွ သတ္မွတ္ထားေသာစစ္ေဆးေရးဌာနမ်ားတြင္ မွတ္ပုံတင္၊ ေလယာဥ္လက္မွတ္မ်ားကို ျပသ၍ Covid-19 ေရာဂါပိုးရွိ၊ မရွိကို စစ္ေဆးမႈခံယူရမည္ျဖစ္ေၾကာင္း ျပည္တြင္းေလေၾကာင္းမ်ားထံမွသိရသည္။
သတ္မွတ္ထားေသာေနရာမ်ားတြင္ စစ္ေဆးမႈခံယူရမည္ျဖစ္ၿပီး Negative ျဖစ္ပါက ခရီးသြားေရာက္ႏိုင္ၿပီး စစ္ေဆးခ်က္စာ႐ြက္ကိုမိမိေလယာဥ္စီးမည့္ေန႔တြင္ေလဆိပ္၌ ေလယာဥ္လက္မွတ္ႏွင့္အတူပူးတြဲျပသရမည္ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ေလယာဥ္ေပၚတြင္စီးနင္းရာ တြင္လည္း ႏွာေခါင္းစည္း Mask၊ မ်က္ႏွာအကာအကြယ္ Face Shield တို႔ကိုယူေဆာင္လာရန္လိုအပ္ၿပီး က်န္းမာေရးဆိုင္ရာၫႊန္ၾကားခ်က္မ်ားအတိုင္း လိုက္ပါစီးနင္းရပါမည္ျဖစ္ေၾကာင္းသိရသည္။
ကိုဗစ္ေၾကာင့္ရပ္နားထားေသာ ျပည္တြင္းေလေၾကာင္းခရီးစဥ္မ်ားကို စံလုပ္ထုံး၊ လုပ္နည္းမ်ားႏွင့္အညီ ၂ဝ၂ဝ ျပည့္ႏွစ္ ဒီဇင္ဘာလ (၁၆) ရက္မွစတင္ကာ ျပန္လည္ေျပးဆြဲခြင့္ေပးခဲ့ေသာ္လည္း ကိုဗစ္စစ္ေဆးၿပီမွခရီးသြားလာခြင့္ျပဳခဲ့သည္။ ၂ဝ၂၁ ခုႏွစ္ ဧၿပီလမွစတင္ၿပီး ျပည္တြင္းေလ ေၾကာင္း ခရီးစဥ္ျဖင့္လိုက္ပါမည့္ ခရီးသြားမ်ားအားလုံး Covid-19 ဆးစစ္ရန္ မလိုအပ္ေတာ့ဘဲ က်န္းမာေရး စံသတ္မွတ္ခ်က္မ်ားသာလိုက္နာရန္ေဆာင္႐ြက္ခဲ့သည္။ သို႔ေသာ္ကိုဗစ္ ကပ္ေရာဂါကူးစက္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ၂ဝ၂၁ ခုႏွစ္ ေမလ (၂၉)ရက္ကစၿပီး ဇြန္လ (၁၅)ရက္အထိ က်န္းမာေရးဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္ႏွင့္ ျပည္တြင္း ေလယာဥ္ခရီးစဥ္မ်ားကို ယာယီရပ္ဆိုင္းထားခဲ့သည္။ လက္ရွိအခ်ိန္တြင္ ကိုဗစ္ေရာဂါပိုးေတြ႕ရွိမႈႏႈန္းသည္ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလ (၃၁) ရက္ ညပိုင္းထုတ္ျပန္သည့္စာရင္းအရ (၄.၄) ရာခိုင္ႏႈန္းသို႔က်ဆင္းသြားၿပီျဖစ္ေၾကာင္းသိရသည္။
ကိုဗစ္စစ္ေဆးမႈမ်ားကိုရန္ကုန္ၿမိဳ႕တြင္ ေက်ာက္တံတားၿမိဳ႕နယ္ရွိ Tourist Burma အေဆာက္အဦး၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ ေအာင္မဂၤလာအ ေဝးေျပးယာဥ္ရပ္နားစခန္းေဒသႏၲရက်န္းမာေရးဌာန၊ လႈိင္သာယာၿမိဳ႕ နယ္ရွိ ပန္းလႈိင္ေဆး႐ုံ ၊ လမ္းမေတာ္ၿမိဳ႕နယ္ရွိ N Health Lab တို႔တြင္ RDT ( Rapid Antigen Diagnostic Test )ျဖင့္စစ္ေဆးႏိုင္ေၾကာင္းသိရသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံအတြင္းသို႔ ႏိုင္ငံတကာေလေၾကာင္းခရီးသည္မ်ားမွတစ္ဆင့္ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္မႈအႏၲရာယ္မွ ဆက္လက္၍ တားဆီးကာကြယ္ႏိုင္ေရးအတြက္ ႏိုင္ငံတကာေလေၾကာင္းလိုင္းမ်ားျမန္ မာႏိုင္ငံအတြင္းသို႔ ပ်ံသန္းဆင္းသက္ျခင္းကို ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာလကုန္အထိ ယာယီကန႔္သတ္လိုက္ေၾကာင္းသိရသည္။