ကိုဗစ်ဖြင့် တစ်ကမ္ဘာလုံး၌ သေဆုံးသူစာရင်းမှာ စင်္ကာပူတစ်နိုင်ငံလုံး လူဦးရေနီးပါးအထိ ဖြစ်လာနေ

700

Htay Oung (NP News) - နိုဝင်ဘာ ၃
နိုဝင်ဘာ(၁)ရက် တနင်္လာနေ့အထိ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်းမှာ ၅ သန်းကျော်ဖြစ်လာခဲ့ပြီး ဒီပမာဏဟာ စင်ကာပူတစ်နိုင်ငံလုံးရဲ့လူဦးရေ လောက်ရှိနေကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်သိပ္ပံနှင့် အင်ဂျင်နီယာဌာန၏ မှတ်သားချက်များအရ သိရှိရသည်။
အထူးသဖြင့် သေဆုံးသူအရေအတွက်မှာ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့သို့မဟုတ် စင်ကာပူနိုင်ငံ၏ လူဦးရေတစ်ခုလုံးနီးပါးဖြစ်နေကြောင်း New York Times က ဟိုက်လိုက်လုပ်၍ ရေးသားသည်။ ကျွမ်းကျင်သူများကမူ ၅ သန်းဆိုသည့် အရေအတွက်မှာ နည်းပါးနေသေးကြောင်း မှတ်ချက်ပြုသည်။ အိန္ဒိယနှင့် အာဖရိကနိုင်ငံများနည်းတူ နိုင်ငံအများအပြားတို့တွင် COVID-19 ကြောင့် သေဆုံးရသူ အရေအတွက်ကို တိကျစွာ မှတ်တမ်းတင်နိုင်ခြင်း မရှိပါ။ ရုရှားကဲ့သို့ အခြားနိုင်ငံများ၏ အချက်အလက်မှန်ကန်မှုမှာလည်း ကျွမ်းကျင်သူများအတွက် မေးခွန်းထုတ်စရာပင်ဖြစ်သည်။ ၎င်းခန့်မှန်းချက်အားလုံးသည် ရရှိနိုင်သည့် အချက်အလက်များပေါ်တွင် မှီခိုနေရဆဲဖြစ်ပြီး ပဋိပစ္စည်းနှင့် ဒေသန္တရအမှတ်အသားများ မပျောက်ပျက်မီ ကောက်ယူထားသမျှဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးတွင် အစီရင်ခံစာ၌ မပါရှိသည့် ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်တို့ အမြောက်အများရှိနေမည်ဖြစ်ကြောင်း သင်္ချာနည်းဖြင့်ကူးစက်ရောဂါ ဖြစ်ပွားမှုကို ခွဲခြမ်းစိတ်ဖြာသူ လန်ဒန်စကူးလ်မှ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အပူပိုင်းဆေးပညာဆိုင်ရာ တွဲဖက်ပါမောက္ခက ရှင်းပြသည်။
COVID-19 ကြောင့် အသက်ဆုံးရှုံးခဲ့ရသူ အမှန်တကယ်အရေအတွက်မှာ ၂ ဆမှ ၁၀ ဆ အထိရှိမည်ဟု ခန့်မှန်းရကြောင်း နယူးယောက်ခ်စီးတီးယူနီဗာစီတီမှ လူထုကျန်းမာရေးနှင့် မူဝါဒဆိုင်ရာ သုတေသနပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။ ဇူလိုင်စောစောပိုင်းမှစတင်၍ ကမ္ဘာပေါ်တွင် လူပေါင်း ၄ သန်းအထိ ဒဲလ်တာဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်ကူးစက်မှုများ လျင်မြန်စွာပြန့်နှံ့ခဲ့ပြီးနောက်ပိုင်း အတည်ပြုသေဆုံးမှုနှုန်းမှာ အနည်းငယ် နှေးကွေးသွားပုံရသည်။ အနည်းဆုံးပြောရလျှင် နိုင်ငံအချို့တွင် ကာကွယ်ဆေးထိုးနှံမှုများ တွင်ကျယ်လာခြင်း၏ အကျိုးသက်ရောက်မှုရှိစေကြောင်း လက္ခဏာတစ်ရပ်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုတွင် အမေရိကန်သည် အခြားနိုင်ငံအားလုံးကို ဦးဆောင်နေပြီး စုစုပေါင်းသေဆုံးသူ ခုနှစ်သိန်းခွဲကျော်ရှိသည်ဟု အတည်ပြုထားသည်။ အမေရိကန်ပြီးနောက် သေဆုံးသူဦးရေ အများဆုံးနိုင်ငံများမှာ ဘရာဇီး၊ အိန္ဒိယ၊ မက္ကဆီကိုနှင့် ရုရှားတို့ဖြစ်ကြသည်။ နိုင်ငံတကာသေဆုံးမှုနှုန်းမှာ စက်တင်ဘာနှင့် အောက်တိုဘာပထမလဝက်အတွင်း ကျဆင်းသွားပြီးနောက် လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်း ပြန်လည်မြင့်တက်လာသည်။ သို့သော် တစ်ရက်လျှင် ပျမ်းမျှသေဆုံးသူ ၇၀၀၀ ကျော်ဆိုခြင်းမှာ သြဂုတ်လတွင် အများဆုံးသေဆုံးနှုန်းထက် ၃၀၀၀ ခန့် လျော့နည်းနေသေးသည်။ ဥရောပနှင့် အရှေ့တောင်အာရှတွင် သေဆုံးသူဦးရေ တိုးပွားလာကြောင်း အတည်ပြုခဲ့ပြီး အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှဒေသများတွင် ကျဆင်းသွားကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတင်းထုတ်ပြန်ခဲ့သည်။
မကြာသေးမီ ရက်များအတွင်း တစ်နိုင်ငံချင်းအလိုက် သေဆုံးမှုအများဆုံးနိုင်ငံ ၂၀တွင် အများစုမှာ အရှေ့ဥရောပနှင့် ကာရေဘီယံဒေသတိုင်းပြည်များဖြစ်ပြီး အများစုမှာ ၎င်းတို့၏ လူဦးရေ၏ ထက်ဝက်ထက်နည်းသူများသာ ကာကွယ်ဆေး ထိုးနှံထားနိုင်သေးခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
Zawgyi Version;
ကိုဗစ္ျဖင့္ တစ္ကမာၻလုံး၌ ေသဆုံးသူစာရင္းမွာ စကၤာပူတစ္ႏိုင္ငံလုံး လူဦးေရနီးပါးအထိ ျဖစ္လာေန
Htay Oung (NP News) - ႏိုဝင္ဘာ ၃
ႏိုဝင္ဘာ(၁)ရက္ တနလၤာေန႔အထိ ကမာၻတစ္ဝန္းလုံးတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ စုစုေပါင္းမွာ ၅ သန္းေက်ာ္ျဖစ္လာခဲ့ၿပီး ဒီပမာဏဟာ စင္ကာပူတစ္ႏိုင္ငံလုံးရဲ႕လူဦးေရ ေလာက္ရွိေနေၾကာင္း ဂြၽန္ေဟာ့ကင္းတကၠသိုလ္သိပၸံႏွင့္ အင္ဂ်င္နီယာဌာန၏ မွတ္သားခ်က္မ်ားအရ သိရွိရသည္။
အထူးသျဖင့္ ေသဆုံးသူအေရအတြက္မွာ ၾသစေတးလ်ႏိုင္ငံ မဲလ္ဘုန္းၿမိဳ႕သို႔မဟုတ္ စင္ကာပူႏိုင္ငံ၏ လူဦးေရတစ္ခုလုံးနီးပါးျဖစ္ေနေၾကာင္း New York Times က ဟိုက္လိုက္လုပ္၍ ေရးသားသည္။ ကြၽမ္းက်င္သူမ်ားကမူ ၅ သန္းဆိုသည့္ အေရအတြက္မွာ နည္းပါးေနေသးေၾကာင္း မွတ္ခ်က္ျပဳသည္။ အိႏၵိယႏွင့္ အာဖရိကႏိုင္ငံမ်ားနည္းတူ ႏိုင္ငံအမ်ားအျပားတို႔တြင္ COVID-19 ေၾကာင့္ ေသဆုံးရသူ အေရအတြက္ကို တိက်စြာ မွတ္တမ္းတင္ႏိုင္ျခင္း မရွိပါ။ ႐ုရွားကဲ့သို႔ အျခားႏိုင္ငံမ်ား၏ အခ်က္အလက္မွန္ကန္မႈမွာလည္း ကြၽမ္းက်င္သူမ်ားအတြက္ ေမးခြန္းထုတ္စရာပင္ျဖစ္သည္။ ၎ခန႔္မွန္းခ်က္အားလုံးသည္ ရရွိႏိုင္သည့္ အခ်က္အလက္မ်ားေပၚတြင္ မွီခိုေနရဆဲျဖစ္ၿပီး ပဋိပစၥည္းႏွင့္ ေဒသႏၲရအမွတ္အသားမ်ား မေပ်ာက္ပ်က္မီ ေကာက္ယူထားသမွ်ျဖစ္ေၾကာင္း၊ တစ္ကမာၻလုံးတြင္ အစီရင္ခံစာ၌ မပါရွိသည့္ ဝမ္းနည္းေၾကကြဲဖြယ္ျဖစ္ရပ္တို႔ အေျမာက္အမ်ားရွိေနမည္ျဖစ္ေၾကာင္း သခ်ၤာနည္းျဖင့္ကူးစက္ေရာဂါ ျဖစ္ပြားမႈကို ခြဲျခမ္းစိတ္ျဖာသူ လန္ဒန္စကူးလ္မွ တစ္ကိုယ္ေရသန႔္ရွင္းေရးႏွင့္ အပူပိုင္းေဆးပညာဆိုင္ရာ တြဲဖက္ပါေမာကၡက ရွင္းျပသည္။
COVID-19 ေၾကာင့္ အသက္ဆုံးရႈံးခဲ့ရသူ အမွန္တကယ္အေရအတြက္မွာ ၂ ဆမွ ၁၀ ဆ အထိရွိမည္ဟု ခန႔္မွန္းရေၾကာင္း နယူးေယာက္ခ္စီးတီးယူနီဗာစီတီမွ လူထုက်န္းမာေရးႏွင့္ မူဝါဒဆိုင္ရာ သုေတသနပညာရွင္တစ္ဦးက မွတ္ခ်က္ျပဳသည္။ ဇူလိုင္ေစာေစာပိုင္းမွစတင္၍ ကမာၻေပၚတြင္ လူေပါင္း ၄ သန္းအထိ ဒဲလ္တာဗီဇေျပာင္းမ်ိဳးကြဲဗိုင္းရပ္စ္ကူးစက္မႈမ်ား လ်င္ျမန္စြာျပန႔္ႏွံ႔ခဲ့ၿပီးေနာက္ပိုင္း အတည္ျပဳေသဆုံးမႈႏႈန္းမွာ အနည္းငယ္ ေႏွးေကြးသြားပုံရသည္။ အနည္းဆုံးေျပာရလွ်င္ ႏိုင္ငံအခ်ိဳ႕တြင္ ကာကြယ္ေဆးထိုးႏွံမႈမ်ား တြင္က်ယ္လာျခင္း၏ အက်ိဳးသက္ေရာက္မႈရွိေစေၾကာင္း လကၡဏာတစ္ရပ္ျဖစ္သည္။ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ပြားမႈတြင္ အေမရိကန္သည္ အျခားႏိုင္ငံအားလုံးကို ဦးေဆာင္ေနၿပီး စုစုေပါင္းေသဆုံးသူ ခုႏွစ္သိန္းခြဲေက်ာ္ရွိသည္ဟု အတည္ျပဳထားသည္။ အေမရိကန္ၿပီးေနာက္ ေသဆုံးသူဦးေရ အမ်ားဆုံးႏိုင္ငံမ်ားမွာ ဘရာဇီး၊ အိႏၵိယ၊ မကၠဆီကိုႏွင့္ ႐ုရွားတို႔ျဖစ္ၾကသည္။ ႏိုင္ငံတကာေသဆုံးမႈႏႈန္းမွာ စက္တင္ဘာႏွင့္ ေအာက္တိုဘာပထမလဝက္အတြင္း က်ဆင္းသြားၿပီးေနာက္ လြန္ခဲ့သည့္ ရက္သတၱႏွစ္ပတ္အတြင္း ျပန္လည္ျမင့္တက္လာသည္။ သို႔ေသာ္ တစ္ရက္လွ်င္ ပ်မ္းမွ်ေသဆုံးသူ ၇၀၀၀ ေက်ာ္ဆိုျခင္းမွာ ၾသဂုတ္လတြင္ အမ်ားဆုံးေသဆုံးႏႈန္းထက္ ၃၀၀၀ ခန႔္ ေလ်ာ့နည္းေနေသးသည္။ ဥေရာပႏွင့္ အေရွ႕ေတာင္အာရွတြင္ ေသဆုံးသူဦးေရ တိုးပြားလာေၾကာင္း အတည္ျပဳခဲ့ၿပီး အာဖရိက၊ အေရွ႕အလယ္ပိုင္းႏွင့္ အာရွေဒသမ်ားတြင္ က်ဆင္းသြားေၾကာင္း လြန္ခဲ့သည့္ ရက္သတၱပတ္၌ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က သတင္းထုတ္ျပန္ခဲ့သည္။
မၾကာေသးမီ ရက္မ်ားအတြင္း တစ္ႏိုင္ငံခ်င္းအလိုက္ ေသဆုံးမႈအမ်ားဆုံးႏိုင္ငံ ၂၀တြင္ အမ်ားစုမွာ အေရွ႕ဥေရာပႏွင့္ ကာေရဘီယံေဒသတိုင္းျပည္မ်ားျဖစ္ၿပီး အမ်ားစုမွာ ၎တို႔၏ လူဦးေရ၏ ထက္ဝက္ထက္နည္းသူမ်ားသာ ကာကြယ္ေဆး ထိုးႏွံထားႏိုင္ေသးျခင္းျဖစ္ေၾကာင္း ေတြ႕ရွိရသည္။