ထိုင်းရှိ လက်အိတ်စက်ရုံကမြန်မာလုပ်သားများ၏ တောင်းဆိုချက်(၁၃)ချက်တွင် (၁၂)ချက်ကို လိုက်လျောပေးခဲ့ပြီး အချက်(၁)ချက်ကိုသာ ချန်ခဲ့

 913

NP News - နိုဝင်ဘာ ၄
ထိုင်းနိုင်ငံတောင်ပိုင်း၊ စုန်ခလာခရိုင်၊ ဟတ်ယိုင်နယ်မြေရှိ INNOVATIVE GLOVES CO, LTD လက်အိတ်စက်ရုံမှ အလုပ်သမားများသည် အလုပ်သမားတစ်ဦးသေဆုံးမှုအပါအဝင် ကိုဗစ်ကွာရန်တင်း စင်တာ အဆင်ပြေမှုမရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်စွာမရရှိခြင်းနှင့် အလုပ်သမားအခွင့်အရေး အပြည့် အဝ မရရှိခြင်းတို့ကြောင့် ယနေ့ (နိုဝင်ဘာလ ၄ ရက်) တွင် ဆန္ဒပြတောင်းဆိုမှုဖြစ်ပေါ်ခဲ့ကြောင်း ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် MWRN (ဟတ်ယိုင်) ၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ မြန်မာလုပ်သားများမှ ဆန္ဒပြတောင်းဆိုမှုအား လာရောက်ဖြေရှင်ပေးရန်အကူအညီတောင်းခံလာသဖြင့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN (ဟတ်ယိုင်) ၊ နယ်မြေခံအလုပ်သမား ကာကွယ်စောင့် ရှောက်ရေး (ဆဝဒီကန်) အဖွဲ့၊ ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့ (SERC)၊ ပလပ်အန်ဖေကဆုံမဟာထိုင် (ဟတ်ယို င်) အဖွဲ့တို့က သွားရောက်ကူညီဖြေရှင်းပေးခဲ့ကြောင်းသိရသည်။
အပြန်လှန်ဆွေးနွေးမှုတွင် မြန်မာအလုပ်သမားများတောင်းဆိုခဲ့သည့် အချက်(၁၃)ချက်အနက် (၁၂) ချက်ကို သဘောတူညီမှုရရှိခဲ့ကြောင်းသိရသည်။

ထိုင်းစက်ရုံဘက်က မြန်မာလုပ်သားများတောင်းဆိုသည့်အချက်များမှာ အလုပ်သမားများ၏ ကျန်းမာရေး အတွက် အရေးပေါ်ကား (၂၄) နာရီနှင့် စကားပြန်ထားပေးရန်၊ စက်ရုံအတွင်း ကျန်းမာရေးအတွက် သူနာပြု (၂၄) နာရီ ရှိအောင် ဆောင်ရွက်ပေးရန်၊ အလုပ်နားရက် အလုပ်ဆင်းခိုင်းပါက လုပ်အားခ နှစ်ဆ ပေးရန်၊ အရင်က OT တစ်နာရီလျှင် ၄၂ ဘတ်သာပေး၍ ဥပဒေအတိုင်း OT ကြေးအဖြစ် ဘတ် (၆ဝ) ပေးရန်၊ စက်ရုံမှသိမ်းထားသော စာရွက်စာတမ်းဖြစ်သည့် ဝါ့ခ်ပါမစ်နှင့် ဘဏ်စာအုပ်တို့ကို အလုပ်သမားများအားပေးရန်၊ စက်ရုံမှ ကိုဗစ်ကာလ (၄)လပိုင်းကတည်းက အပြင်ထွက်ပြီးဈေးဝယ်ခွင့် ပိတ်ထားသဖြင့် စက်ရုံအပြင်ထွက်ပြီး ဈေးဝယ်ခွင့်ပေးရန်၊ ကိုဗစ်ရောဂါပိုးတွေ့လူနာနှင့် ပိုးမတွေ့သူများ နေရာခွဲခြားပြီး ထားပေးရန်၊ စက်ရုံက ပေးသောအခန်းတွင် ယခင် အခန်းခ ဘတ်(၁ဝဝဝ) ဖြတ်သောကြောင့် အခန်းခ ဘတ်(၁ဝဝဝ)ကို မဖြတ်ရန်၊ အလုပ်ထွက်သောအခါ အိမ်ပြန် ထွက်စာကိုသာပေး၍ ထွက်စာကို အလုပ်သမားတောင်းသည့်အတိုင်း အမှန်အတိုင်းစက်ရုံမှ ထုတ်ပေးရန်၊ စက်ရုံတွင် အလုပ် သမားကိုယ်စားလှယ် မရှိသဖြင့် အလုပ်သမားကိုယ်စားလှယ်ထားရှိပေးရန်၊ စက်ရုံတွင် ယခင်က ဆေးခွင့်စာရွက်ရှိသော်လည်း လုပ်အားခ မထည့်ပေး၍ ဆေးခွင့် လုပ်အားခထည့်ပေးရန်၊ အလုပ်သမားနေခန်းတွင် ကြပ်တည်းသော ကြောင့် တစ်ခန်းလျှင် နှစ်ယောက်သာနေခွင့်ပေးရန် စသည့် အချက်(၁၂)ချက်ကို လိုက်လျောပေးခဲ့ကြောင်း သိရသည်။
တောင်းဆိုချက်(၁၃)ချက်မြောက်ဖြစ်သည့် စက်ရုံမန်နေဂျာကို အလုပ်သမားများမှ မကျေနပ်ခြင်းကြောင့် မန်နေဂျာအား အလုပ်မှ ထွက်သွားပေးရန်ဆိုသည့် အချက်ကိုသာ လိုက်လျောပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

Zawgyi Version;
ထိုင္းရွိ လက္အိတ္စက္ရံုကျမန္မာလုပ္သားမ်ား၏ ေတာင္းဆိုခ်က္(၁၃) ခ်က္တြင္ (၁၂) ခ်က္ကို လိုက္ေလ်ာေပး ခဲ့ၿပီး အခ်က္(၁)ခ်က္ကိုသာ ခ်န္ထားခဲ့
NP News - ႏိုဝင္ဘာ ၄
ထိုင္းႏိုင္ငံေတာင္ပိုင္း၊ စုန္ခလာခ႐ိုင္၊ ဟတ္ယိုင္နယ္ေျမရွိ INNOVATIVE GLOVES CO, LTD လက္အိတ္စက္႐ုံမွ အလုပ္သမားမ်ားသည္ အလုပ္သမားတစ္ဦးေသဆုံးမႈအပါအဝင္ ကိုဗစ္ကြာရန္တင္း စင္တာ အဆင္ေျပမႈမရွိျခင္း၊ က်န္းမာေရးေစာင့္ေရွာက္မႈေကာင္းမြန္စြာမရရွိျခင္းႏွင့္ အလုပ္သမားအခြင့္အေရး အျပည့္ အဝ မရရွိျခင္းတို႔ေၾကာင့္ ယေန႔ (ႏိုဝင္ဘာလ ၄ ရက္) တြင္ ဆႏၵျပေတာင္းဆိုမႈျဖစ္ေပၚခဲ့ေၾကာင္း ေ႐ႊ႕ေျပာင္း အလုပ္သမားအခြင့္အေရးကြန္ရက္ MWRN (ဟတ္ယိုင္) ၏ ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါ ျမန္မာလုပ္သားမ်ားမွ ဆႏၵျပေတာင္းဆိုမႈအား လာေရာက္ေျဖရွင္ေပးရန္အကူအညီေတာင္းခံလာသျဖင့္ ေ႐ႊ႕ေျပာင္းအလုပ္သမားအခြင့္အေရးကြန္ရက္ MWRN (ဟတ္ယိုင္) ၊ နယ္ေျမခံအလုပ္သမား ကာကြယ္ေစာင့္ ေရွာက္ေရး (ဆဝဒီကန္) အဖြဲ႕၊ ထိုင္းအလုပ္သမားသမဂၢအဖြဲ႕ (SERC)၊ ပလပ္အန္ေဖကဆုံမဟာထိုင္ (ဟတ္ယို င္) အဖြဲ႕တို႔က သြားေရာက္ကူညီေျဖရွင္းေပးခဲ့ေၾကာင္းသိရသည္။
အျပန္လွန္ေဆြးေႏြးမႈတြင္ ျမန္မာအလုပ္သမားမ်ားေတာင္းဆိုခဲ့သည့္ အခ်က္(၁၃)ခ်က္အနက္ (၁၂) ခ်က္ကို သေဘာတူညီမႈရရွိခဲ့ေၾကာင္းသိရသည္။

ထိုင္းစက္ရံုဘက္က ျမန္မာလုပ္သားမ်ားေတာင္းဆိုသည့္အခ်က္မ်ားမွာ အလုပ္သမားမ်ား၏ က်န္းမာေရး အတြက္ အေရးေပၚကား (၂၄) နာရီႏွင့္ စကားျပန္ထားေပးရန္၊ စက္႐ုံအတြင္း က်န္းမာေရးအတြက္ သူနာျပဳ (၂၄) နာရီ ရွိေအာင္ ေဆာင္႐ြက္ေပးရန္၊ အလုပ္နားရက္ အလုပ္ဆင္းခိုင္းပါက လုပ္အားခ ႏွစ္ဆ ေပးရန္၊ အရင္က OT တစ္နာရီလွ်င္ ၄၂ ဘတ္သာေပး၍ ဥပေဒအတိုင္း OT ေၾကးအျဖစ္ ဘတ္ (၆ဝ) ေပးရန္၊ စက္႐ုံမွသိမ္းထားေသာ စာ႐ြက္စာတမ္းျဖစ္သည့္ ဝါ့ခ္ပါမစ္ႏွင့္ ဘဏ္စာအုပ္တို႔ကို အလုပ္သမားမ်ားအားေပးရန္၊ စက္႐ုံမွ ကိုဗစ္ကာလ (၄)လပိုင္းကတည္းက အျပင္ထြက္ၿပီးေစ်းဝယ္ခြင့္ ပိတ္ထားသျဖင့္ စက္႐ုံအျပင္ထြက္ၿပီး ေစ်းဝယ္ခြင့္ေပးရန္၊ ကိုဗစ္ေရာဂါပိုးေတြ႕လူနာႏွင့္ ပိုးမေတြ႕သူမ်ား ေနရာခြဲျခားၿပီး ထားေပးရန္၊ စက္႐ုံက ေပးေသာအခန္းတြင္ ယခင္ အခန္းခ ဘတ္(၁ဝဝဝ) ျဖတ္ေသာေၾကာင့္ အခန္းခ ဘတ္(၁ဝဝဝ)ကို မျဖတ္ရန္၊ အလုပ္ထြက္ေသာအခါ အိမ္ျပန္ ထြက္စာကိုသာေပး၍ ထြက္စာကို အလုပ္သမားေတာင္းသည့္အတိုင္း အမွန္အတိုင္းစက္႐ုံမွ ထုတ္ေပးရန္၊ စက္႐ုံ တြင္ အလုပ္သမားကိုယ္စားလွယ္ မရွိသျဖင့္ အလုပ္သမားကိုယ္စားလွယ္ထားရွိေပးရန္၊ စက္႐ုံတြင္ ယခင္က ေဆးခြင့္စာ႐ြက္ရွိေသာ္လည္း လုပ္အားခ မထည့္ေပး၍ ေဆးခြင့္ လုပ္အားခထည့္ေပးရန္၊ အလုပ္သမား ေနခန္း တြင္ ၾကပ္တည္းေသာေၾကာင့္ တစ္ခန္းလွ်င္ ႏွစ္ေယာက္သာေနခြင့္ေပးရန္ စသည့္ အခ်က္(၁၂)ခ်က္ကို လိုက္ေလ်ာေပးခဲ့ေၾကာင္း သိရသည္။
ေတာင္းဆိုခ်က္(၁၃)ခ်က္ေျမာက္ျဖစ္သည့္ စက္႐ုံမန္ေနဂ်ာကို အလုပ္သမားမ်ားမွ မေက်နပ္ျခင္းေၾကာင့္ မန္ေနဂ်ာအား အလုပ္မွ ထြက္သြားေပးရန္ဆိုသည့္ အခ်က္ကိုသာ လိုက္ေလ်ာေပးခဲ့ျခင္း မရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.