ခရစ်ယာန်ဘုန်းကြီးများရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း ခံခဲ့ရတဲ့ကလေးသူငယ်များအတွက် တုံ့ပြန်ချက် ပြုလုပ်သွားမယ်လို့ ကြေညာ

 849

ရောင်နီ (NP News) နိုဝင်ဘာ ၉
ပြင်သစ်နိုင်ငံမှ ခရစ်ယာန် ကက်သလစ် ဘုန်းတော်ကြီးများဟာ ဆယ်စုနှစ်များစွာကြာ ရှည်လျားတဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အရှုပ်တော်ပုံမှာ စော်ကားခံရသူများအတွက် နစ်နာကြေးအဖြစ် လျော်ကြေးပေးသွားမယ့်အစီအစဉ်ကို နိုဝင်ဘာလ(၈) ရက်၊ တနင်္လာနေ့မှာ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်နိုင်ငံရှိ၊ Lourdes ကက်သလစ်ဘုရားကျောင်းမှာကျင်းပတဲ့ ပြင်သစ်ဆရာတော်များ ညီလာခံ (CEF) ရဲ့ အဖွဲ့ဝင် (၁၂ဝ) ဦးက ဒီကိစ္စကို ရက်အတော်ကြာ စဉ်းစားပြီးနောက်မှာ ဘယ်လို အစီအမံတွေကို ဆုံးဖြတ်မလဲဆိုတာကတော့ သေချာမဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ အဆုံးအဖြတ်ကို တံခါးပိတ် မဲပေးရွေးချယ်မှာဖြစ်ပြီး အဆိုပါအစီအမံဟာ (၁၉၅၀) ပြည့်လွန်နှစ်မှစ ခရစ်ယာန်ဘုန်းကြီးတွေရဲ့ ကလေးလိင်ပိုင်းဆိုင်ရာ စော်ကားမှုအများအပြားကို အတည်ပြုခဲ့ပြီးနောက် တစ်လအကြာမှာပဲ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဘုရားကျောင်းဟာ "veil of silence" (ခေါ် )အစီရင်ခံစာမှာ ဆယ်စုနှစ်များအတွင်း အရွယ်မရောက်သေးသူ (၂၁၆ဝဝဝ) ယဇ်ပုရောဟိတ်များရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ခံစားခဲ့ရကြောင်း အတည်ပြုခဲ့ပါတယ်။ နိုဝင်ဘာလ(၅) ရက်၊ ပြင်သစ်ဘုန်းတော်ကြီးများက ချာ့ချ်ဟာ အလွဲသုံးစားလုပ်မှုအတွက် "အဖွဲ့အစည်းဆိုင်ရာတာဝန်" ကို ထမ်းဆောင်ခဲ့ကြောင်း ပထမဆုံးအကြိမ် တရားဝင်အသိအမှတ်ပြုခဲ့ပြီး နိုဝင်ဘာလ(၆) ရက်မှာ အကြီးတန်းဘုန်းတော်ကြီးများက ဒူးထောက်ကာ ကရုဏာဖြင့် ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။

မည်သို့ပင်ဖြစ်စေ လှုံ့ဆော်သူများကတော့ နစ်နာသူများအတွက် လျော်ကြေးပေးဖို့နဲ့ ဘုရားကျောင်းက မည်ကဲ့သို့ အဆိုပြုသည်ဆိုတဲ့ အသေးစိတ်အချက်အလက်များကို သိရှိဖို့ တောင်းဆိုနေကြပြီး အလွဲသုံးစားမှု ထပ်မဖြစ်တော့ကြောင်း သေချာအောင် ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမလဲဆိုတာကိုလည်း သိလိုစိတ် ပြင်းပြနေကြပါတယ်။

Zawgyi Version;
ခရစ္ယာန္ဘုန္းႀကီးမ်ားရဲ႕ လိင္ပိုင္းဆိုင္ရာေစာ္ကားျခင္း ခံခဲ့ရတဲ့ကေလးသူငယ္မ်ားအတြက္ တုံ႔ျပန္ခ်က္ ျပဳလုပ္သြားမယ္လို႔ ေၾကညာ
ေရာင္နီ (NP News) ႏိုဝင္ဘာ ၉
ျပင္သစ္ႏိုင္ငံမွ ခရစ္ယာန္ ကက္သလစ္ ဘုန္းေတာ္ႀကီးမ်ားဟာ ဆယ္စုႏွစ္မ်ားစြာၾကာ ရွည္လ်ားတဲ့ ကေလးသူငယ္ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈ အရႈပ္ေတာ္ပုံမွာ ေစာ္ကားခံရသူမ်ားအတြက္ နစ္နာေၾကးအျဖစ္ ေလ်ာ္ေၾကးေပးသြားမယ့္အစီအစဥ္ကို ႏိုဝင္ဘာလ(၈) ရက္၊ တနလၤာေန႔မွာ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။

ျပင္သစ္ႏိုင္ငံရွိ၊ Lourdes ကက္သလစ္ဘုရားေက်ာင္းမွာက်င္းပတဲ့ ျပင္သစ္ဆရာေတာ္မ်ား ညီလာခံ (CEF) ရဲ႕ အဖြဲ႕ဝင္ (၁၂ဝ) ဦးက ဒီကိစၥကို ရက္အေတာ္ၾကာ စဥ္းစားၿပီးေနာက္မွာ ဘယ္လို အစီအမံေတြကို ဆုံးျဖတ္မလဲဆိုတာကေတာ့ ေသခ်ာမဆံုးျဖတ္ရေသးဘူးလို႔ ဆိုပါတယ္။ အဆုံးအျဖတ္ကို တံခါးပိတ္ မဲေပးေ႐ြးခ်ယ္မွာျဖစ္ၿပီး အဆိုပါအစီအမံဟာ (၁၉၅၀) ျပည့္လြန္ႏွစ္မွစ ခရစ္ယာန္ဘုန္းႀကီးေတြရဲ႕ ကေလးလိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈအမ်ားအျပားကို အတည္ျပဳခဲ့ၿပီးေနာက္ တစ္လအၾကာမွာပဲ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဘုရားေက်ာင္းဟာ "veil of silence" (ေခၚ )အစီရင္ခံစာမွာ ဆယ္စုႏွစ္မ်ားအတြင္း အ႐ြယ္မေရာက္ေသးသူ (၂၁၆ဝဝဝ) ယဇ္ပုေရာဟိတ္မ်ားရဲ႕ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈကို ခံစားခဲ့ရေၾကာင္း အတည္ျပဳခဲ့ပါတယ္။ ႏိုဝင္ဘာလ(၅) ရက္၊ ျပင္သစ္ဘုန္းေတာ္ႀကီးမ်ားက ခ်ာ့ခ်္ဟာ အလြဲသုံးစားလုပ္မႈအတြက္ "အဖြဲ႕အစည္းဆိုင္ရာတာဝန္" ကို ထမ္းေဆာင္ခဲ့ေၾကာင္း ပထမဆုံးအႀကိမ္ တရားဝင္အသိအမွတ္ျပဳခဲ့ၿပီး ႏိုဝင္ဘာလ(၆) ရက္မွာ အႀကီးတန္းဘုန္းေတာ္ႀကီးမ်ားက ဒူးေထာက္ကာ က႐ုဏာျဖင့္ ဆုေတာင္းပြဲျပဳလုပ္ခဲ့ၾကပါတယ္။

မည္သို႔ပင္ျဖစ္ေစ လႈံ႕ေဆာ္သူမ်ားကေတာ့ နစ္နာသူမ်ားအတြက္ ေလ်ာ္ေၾကးေပးဖို႔နဲ႔ ဘုရားေက်ာင္းက မည္ကဲ့သို႔ အဆိုျပဳသည္ဆိုတဲ့ အေသးစိတ္အခ်က္အလက္မ်ားကို သိရွိဖို႔ ေတာင္းဆိုေနၾကၿပီး အလြဲသုံးစားမႈ ထပ္မျဖစ္ေတာ့ေၾကာင္း ေသခ်ာေအာင္ ဘယ္လိုျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္သြားမလဲဆိုတာကိုလည္း သိလိုစိတ္ ျပင္းျပေနၾကပါတယ္။

Related news

© 2021. All rights reserved.